ဆောင်းပါး

မြန်မာ့ပြည်တွင်းရေး တရုတ် ဘယ်လို ဝင်ရောက်စွက်ဖက်နေသလဲ

မဲခေါင် 11 Jun - 2023
လင်းမောင် မြန်မာနိုင်ငံမှာ ဗြိတိလျှလက်အောက်က လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ မဆုံးနိုင်အောင် ပျံ့နှံ့နေခဲ့ပါတယ်။

လင်းမောင်

မြန်မာနိုင်ငံမှာ ဗြိတိလျှလက်အောက်က လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ မဆုံးနိုင်အောင် ပျံ့နှံ့နေခဲ့ပါတယ်။

ဒါဟာ မြန်မာ့ နိုင်ငံရေးသဘာ၀ပတ်ဝန်းကျင် တစ်နည်းအား ဖြင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ပါ။ အဲဒီကတည်းက ပြည်တွင်း ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ချဉ်းကပ် မှုအကြိမ်ရေတော်တော်များများ လုပ်ခဲ့ကြတယ်။ နောက်ဆုံးအကျော့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်က ၂၀၁၁ ခုနှစ် က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs )ပေါင်း အနည်းဆုံး ၂၀ နဲ့ ဆွေးနွေးခဲ့မှုဖြစ်စဉ်ပါ။ သမ္မတ ဦးသိန်းစိန်လက်ထက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုအသွင်နဲ့ လုပ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထဝီဝင်နယ်မြေအနေအထား စီမံခန့်ခွဲထားပုံအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေစိုက်ရာ အဓိက ပင်မနယ်မြေ ၂ ခုပဲရှိပါတယ်။ တစ်မျိုးက ထိုင်းနယ်စပ်မှာ အခြေစိုက်စခန်းချပြီး လက်နက် ကိုင်တော်လှန်မှုတွေ လုပ်ကြတဲ့ EAOs တွေနဲ့ တစ်မျိုးက တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ EAOs တွေဖြစ် ပါတယ်။ တရုတ်နယ်စပ်အနီးက EAOs တွေကတော့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ဒီ EAOs တွေ အင်အားကတင် လက်နက်ကိုင် တော်လှန် ရေးအဖွဲ့အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ရှိရှိနေတယ်။ ပြည်တွင်းမှာပဲ ဇာတ်ပြိုင်သရုပ်ဆောင်တွေအဖြစ် လက်နက် ကိုင်အဖွဲ့အစည်းတွေ အများအပြားရှိနေခြင်းက တရုတ်အတွက် လိုချင်တဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေဖြစ်လာစေ ဖို့ ဒီအဖွဲ့အစည်းတွေကြားမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည်အောင် တိုက်ပေးထားခြင်းနဲ့ အလုပ်ဖြစ်နေတာမျိုး။
၂၀၁၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးတုန်းက ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အဓိကကျတဲ့EAOs တွေ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပေမယ့် တရုတ်နယ်စပ်အခြေစိုက် EAOs တွေ လုံး၀ မပါဝင်လာခဲ့ဘူး။ မြန်မာငြိမ်းချမ်းရေစင်တာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မင်းဇော်ဦး ရဲ့ အဆိုအရ တရုတ်ဟာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုကိုလိုလာကြောင်း မကြာခဏ ကြေညာခဲ့တယ်လို့ ဆို တယ်။ တကယ်တမ်း ငြိမ်းချမ်းတည်ငြိမ်ရေးလိုလားခဲ့ရင် တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ EAOs တွေကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကြဖို့ သူတို့ တိုက်တွန်းသင့်တယ်လေ။

NLD အစိုးရလက်ထက်က တရုတ်-မြန်မာနယ်စပ်က EAOs တွေကိုအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးပထမဆုံးဦစားပေးစီမံချက်အဖြစ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကြီးလုပ်လို့ NCA မှာ ပါဝင်လာရေး ဖိတ်ခေါ်ကမ်း လှမ်းခဲ့သေးတာပဲ။ ဒါပေမဲ့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် EAOs ၇ ဖွဲ့ဟာ UWSA နဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးနှင့် အတိုင်ပင်ခံ ကော်မတီ (FPNCC) ဦးဆောင်မှုအောက်မှာသာ နိုင်ငံရေးညွှန်ပေါင်းအဖွဲ့ ဖွဲ့စည်းလိုက်ကြတယ်။ ဒါဟာ တရုတ်ရဲ့ မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဩဇာ လွှမ်းမိုးမှုကို ချဲ့တွင်လိုက်တာပဲ။
တရုတ်-မြန်မာ နယ်စပ်က EAOs ၇ ဖွဲ့စလုံး NLD အစိုးရလက်ထက် ၅ နှစ်အတွင်း NCA အပြင်ဘက်ခြမ်းကို ထွက် နေခဲ့ကြတာပဲ။ ဒီအဖွဲ့အစည်းတွေဟာ ပထဝီဝင်အနေအထားအရ ပိုပြီးနီးစပ်မှုရှိတဲ့ တရုတ်ဘက်အားသာမှု အခြေအနေ၊ လူမှုစီးပွားချည်းနှောင်မှုတွေအရ NCA ဟာ သူတို့နဲ့ မပတ်သက်သလို နေထိုင်ခဲ့ကြတာမျိုးပဲ။ တရုတ် အစိုးရဟာ FPNCC အပေါ် ဩဇာလွှမ်းမိုးသက်ရောက်ထားနိုင်ကြောင်းခိုင်မာတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ UWSA၊ NDAA နဲ့ MNDAA ဟာ FPNCC အဖွဲ့ဝင်တွေဖြစ်တယ်။ ဒါကြောင့် သူတို့ ရဲ့ အဓိကအမျိုးသားငွေကြေးကို တရုတ် ယွမ်ငွေကို သုံးတယ်။ တရုတ် ဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုပဲ သုံးတယ်။ မန်ဒရင်းအပါအဝင် တရုတ် ဘာသာစကားတွေပဲ ပြောစေတယ်။ အဖွဲ့အစည်းတချို့ကတော့ ဒါဟာ တရုတ်-မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက်ဆိုပြီး တရားဝင်ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပြီး တရုတ်ပြည်သဖွယ် ဖန်တီးခဲ့ကြတယ်။

ပိုပြီး အဓိကကျသလို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေတာက ဒီ EAOs တွေ အသုံးပြုတဲ့ လက်နက်ခဲယမ်းအသုံး အဆောင်တွေဟာ တရုတ်ထုတ်တွေချည်း ဖြစ်နေတာပဲ။ တရုတ်အစိုးရက အမြဲတမ်း သူတို့လုံး၀မပေးဘူးလို့ ဘူးခံငြင်းဆိုနေဆဲပါ။ အမြောက်တွေ၊ လူသယ်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ တိုက်ခိုက်ရေး ယာဉ်တွေနဲ့ တခြားခေတ်မီ စစ်အသုံးအဆောင်ပစ္စည်းတွေကို တရုတ်နယ်စပ်က EAOs တွေဆီ ဆက်တိုက် ထောက်ပံ့ပေးနေခြင်းဟာ တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အထမြောက်မှာကို ဆန့်ကျင်ပြီး သူ့ဩဇာကို မြန်မာနိုင်ငံထဲမှာ ချဲ့ထွင်နေတာပဲဖြစ်ပါတယ်။ မြန်မာ ပင်မ စစ်ကောင်စီအတွက်လည်း တရုတ်ဟာ လက်နက် တင်သွင်းမှုရဲ့ ၄၈ ရာခိုင်နှုန်းအထိ ထောက်ပံ့ရောင်းချပေးထားပြန်တယ်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးတရုတ်သံတမန်အဖြစ် Deng Xijun ကို ခန့်အပ်လိုက်တယ်။ အဲဒီနောက်ပိုင်း တရုတ် နယ်စပ် EAOs တွေနဲ့ ဆွေးနွေးစေ့စပ်မှုတွေမှာ သူတို့ဘက်က ထုတ်ပြန်ချက်၊ တောင်းဆိုချက်တွေဟာ တရုတ် အကျိုးစီးပွားအတွက် အဓိက အလေးသာတဲ့ တောင်းဆိုထုတ်ပြန်ချက်တွေချည်းသာ ပိုတိုးတိုးဖြစ်တည်လာတယ်။

Sino-Myanmar လို့ခေါ်တဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ EAOs တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဘဲ တည်ရှိနေကြခြင်းဟာ မြန်မာနိုင်ငံက တရုတ်နဲ့တရုတ်နိုင်ငံအကျိုးစီးပွားအတွက် အဆုံးစွန်းအထိဖြည့်တင်းပေးဖို့ အကောင်းဆုံး စွက်ဖက် လွှမ်းမိုးထားခြင်းသာဖြစ်ပါတယ်။

#MeKongNews

#မြန်မာ့ပြည်တွင်းရေး

#တရုတ်ဝင်ရောက်စွက်ဖက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now