ဆောင်းပါး

[OPINION] ဆတ္တာသည်ဘဝတောင်လုပ်ခွင့်မရတဲ့ “ရွှေဖမာ့”

မဲခေါင် 18 Feb - 2023
ဆတ္တာသည်ဆိုတာ Barber ပေါ့။ ခေတ်အလိုက်အမျိုးမျိုးခေါ်ကြတာပဲ။ ကျွန်တော်တို့ ငယ်ငယ်က မီလိုက်တာက ဆံသ ဆိုင်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ။ ဒီနေ့ခေတ်မှာတော့ Hairdresser တဲ့။ ဆံပင်အလှဆင်သူတွေဆိုပြီး ဆိုင်း ဘုတ်လှလှလေးတွေတင်ကြတာ၊ “ဆံသကဝေ”တို့။

ဆတ္တာသည်ဆိုတာ Barber ပေါ့။ ခေတ်အလိုက်အမျိုးမျိုးခေါ်ကြတာပဲ။ ကျွန်တော်တို့ ငယ်ငယ်က မီလိုက်တာက ဆံသ ဆိုင်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ။ ဒီနေ့ခေတ်မှာတော့ Hairdresser တဲ့။ ဆံပင်အလှဆင်သူတွေဆိုပြီး ဆိုင်း ဘုတ်လှလှလေးတွေတင်ကြတာ၊ “ဆံသကဝေ”တို့။ ဘယ်လိုပဲဖြစ်ဖြစ် ဆတ္တာသည်ဆိုတာ ဆံပင်ညှပ်သမား။ ရင်ထဲ ခံပြင်းလွန်းလို့ တောက်ခေါက်မိလိုက်တဲ့ အကြောင်းတစ်ခုကြောင့် နိဒါန်းခင်းလိုက်ရတာပါပဲ။

ကျွန်တော်တို့နိုင်ငံမှာ ငတ်သေမခံနိုင်၊ ဖမ်းဆီးသတ်ဖြတ်မခံနိုင်၊ ထောင်ကျမခံနိုင်လို့ မွေးရပ်စွန့်ခွာပြီး ထိုင်းမှာ ရွှေ့ပြောင်းလုပ်သား Migrants သွားလုပ် နေရသူပေါင်းဘယ်လောက်ရှိတယ်ထင်သလဲ။ တရားဝင် မှတ်ပုံ တင်ထားသူ ၂၁၆၇၉၃၇ ယောက်ဆိုတော့ ၂ သန်းကျော်ပဲထား။ ထိုင်းမှာ တရားဝင်ရွှေ့ပြောင်းလုပ်သား ၃ ဒဿမ ၇ သန်းရှိပြီး ၇၉ ဒဿမ ၂၈ ရာခိုင်နှုန်းက မြန်မာတွေချည်းပဲ။ စစ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း ထိုင်းနဲ့မလေးရှားကို ရွှေ့ပြောင်းလုပ်သားသွားလုပ်ရတဲ့ မြန်မာရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ အခိုင်အမာဆိုထားတယ်။ ဒီတော့ တရားမဝင် မှတ်ပုံမတင်ဘဲ အောက်လမ်းကသွားတဲ့ မြန်မာတွေပါထည့်တွက်ရင် ဘယ်လောက် တောင်များမလဲ တွေးကြည့်။ ထိုင်းဘက်က နယ်စပ်မြို့တွေမှာဆို မြန်မာတွေချည်းပဲမို့ ဒေသခံထိုင်းတွေကတောင် ဒီလူမှုအသိုင်းအဝိုင်းနဲ့ ဆက်သွယ်အလုပ်လုပ်ဖို့ မြန်မာစာ၊ မြန်မာစကားတွေ ပြန်သင်နေကြရတယ်။

ဒါနဲ့ ဆတ္တာသည်နဲ့ ဘာဆိုင်လဲမေးကြမယ်။ ဆိုင်တယ်ဗျာ။ ထိုင်းမှာ မြန်မာရွှေ့ ပြောင်းလုပ်သားတွေ ဒီလောက်များတာ သူတို့ဘ၀က ဆတ္တာလည်လုပ်ခွင့်တောင် မရှိတာကို ခံပြင်းမိတာ။ ၂၀၁၇ ခုနှစ်ကတည်းက ရွှေ့ပြောင်းလုပ်သားတွေ ခိုလှုံလာတာများလွန်းလို့ ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ရွှေ့ပြောင်း လုပ်သား ပြည်ပသားများအတွက် အလုပ်သမားဥပဒေသစ်ကို ထုတ်ပြန်လိုက်တယ်။ ထိုင်းနိုင်ငံသားတွေ အလုပ် ရှားပါးတာမျိုး၊ အလုပ်မရနိုင်တာမျိုးမဖြစ်ရစေဖို့ ထုတ်ပြန်တဲ့ ထိုင်းလူမှုယာဉ်ကျေးမှု ဦးစားပေး ဥပဒေပေါ့။ ဒီနေ့ ထိုင်း သတင်းမီဒီယာတစ်ခုတင်ထားတဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင် တွေကို ခိုးလုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဥပဒေကြောင်းအရ ပြစ်ဒဏ်ပေးတော့မယ်တဲ့။ ဝန်ကြီးချုပ် ပယာရွတ် ကိုယ်တိုင်က သူတို့နိုင်ငံသားတွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ Designated Job တွေမှာ ရွှေ့ပြောင်း လုပ်သားတွေလာဝင်လုပ်နေတာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူဖမ်းဆီးဖို့ အလုပ်သမားဝန်ကြီးဌာန ကို တိုက်ရိုက်ညွှန်ကြားလာတယ်တဲ့။ ဒါကြောင့် ၂၀၂၂ အောက်တိုဘာလကနေစပြီး ဒီနေ့အထိ နိုင်ငံတစ်ဝန်း အလုပ်နေရာပေါင်း ၁၄၁၀၄ နေရာကို စီးနင်းရှာဖွေစစ်ဆေးတော့ ထိုင်းတွေသီးသန့်လုပ်ခွင့်ပြုထားတဲ့ အလုပ်နေ ရာတွေမှာ  ရွှေပြောင်းလုပ်သားတွေက နေရာဝင်ခိုးယူပြီး လုပ်နေတဲ့အမှုပေါင်း ၆၀၀ ကို ဖော်ထုတ်နိုင်ခဲ့တယ်တဲ့။ ရွှေ့ပြောင်းလုပ်သားပေါင်း ၁၉၆၄၀၂ ယောက်ကို စစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူလိုက်တာ။ ထုံးစံအတိုင်း မြန်မာရွှေ့ပြောင်းလုပ်သားက အများဆုံးနဲ့ ၂၆၄ ယောက် ဖမ်းခံထိတယ်။ ကမ္ဘောဒီးယားက ၁၂၁ ယောက်၊ လာအိုက ၉၇ ယောက်၊ ဗီယက်နမ်က ၃၉ ယောက်၊ အိန္ဒိယက ၅၁ ယောက်၊ တခြားနိုင်ငံတွေက ၂၈ ယောက် လို့ စာရင်းအတိအကျထွက်တယ်။

ထိုင်းအလုပ်သမားဝန်ကြီး ဆူချက်ချွန်ကလင်က Work Permit မရှိတာ ဒါမှမဟုတ် ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိပြီး ဒီလုပ်ငန်းခွင်တွေမှာ နေရာခိုးဝင်ယူတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းမိရင် ဒဏ်ငွေ ဘတ် ၅၀၀၀၀၊ အလုပ်ခန့်ပေးထားတဲ့ ထိုင်းလုပ်ငန်းရှင်ဆိုရင် ဒဏ်ငွေ ဘတ် ၁၀၀၀၀၀ ချမယ်လို့ သတိပေးထုတ်ပြန်တယ်။ ရွှေ့ပြောင်းလုပ်သားက ဒုတိယအကြိမ် ဒီလိုထပ်ပြီးအလုပ်လုရင် ထောင်ဒဏ်တစ်နှစ်၊ ဒဏ်ငွေ ဘတ် ၂၀၀၀၀၀ ၊ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးကျခံရနိုင်တယ်။ အလုပ်ခန့်သူကိုဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်တယ်လို့ ခြိမ်းခြောက်သတိပေးသွားတာ။

အခု ခေတ်စားလွန်းနေတဲ့ MOU နဲ့ ထိုင်းကို တရားဝင်အလုပ်သွားလုပ်သူတွေတောင် လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်း အဆင့်က ၂ မျိုးပဲရှိတယ်။ Skill မပါတဲ့ အလုပ်ကြမ်းနဲ့ စတိုးဆိုင်တွေမှာ စျေးရောင်းပေးရတဲ့ နှစ်မျိုးပဲ လုပ်ခွင့် ပြု ထားတာ။ အထူးတင်းကြပ်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ မလုပ်ရတဲ့ အလုပ်တွေက လမ်းဘေးစျေးသည်၊ ဆတ္တာသည်ဆိုတဲ့ ဆံပင်ညှပ်အလုပ်၊ အရပ်ဘက် သယ်ယူပို့ဆောင်ရေးယာဉ်မောင်း၊ ထိုင်းရိုးရာ မာဆတ်လုပ်ငန်း တွေတဲ့။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို ဌာနခွဲ -၁ က လူစည်ကားရာ ခိုဆန်လမ်းပေါ် တရားမဝင် ရိုတီနဲ့ ခါးပတ်ရောင်းတဲ့ မြန်မာစျေးသည် ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်တဲ့။ ဘယ်လောက်ရင်နာဖို့ ကောင်းတဲ့ ကျွန်တော်တို့မြန်မာရွှေ့ပြောင်းလုပ်သားတွေဘ၀လဲ။

ဒီသတင်းမှာ မြန်မာတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ မလုပ်ရတဲ့ ထိုင်းနိုင်ငံသားသီးသန့်လုပ်ခွင့်ရှိတဲ့ အလုပ်အကိုင် စာရင်းတွေကို တိတိကျကျဖော်ပြထားတယ်။ ဒါတွေကတော့ (၁) သစ်သားပန်းပုလုပ်ငန်း၊ (၂) အရပ်ဘက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ (၃) လေလံအလုပ်၊ (၄) ကျောက်မြက်သွေး၊ ကျောက်မြက်ဖြတ်အလုပ်၊ (၅) ဆံပင်ညှပ်၊ (၆) အဝတ်အစားယက်လုပ်ခြင်း၊ (၇) ဖျာယက်လုပ်ခြင်း၊ (၈) လက်လုပ်ပိုးစာစာရေးစက္ကုလုပ်ခြင်း၊ (၉) ထိုင်းရိုးရာတူရိယာလုပ်ငန်း၊ (၁၀) ယွန်းထည်လုပ်ငန်း (၁၁) ငွေထည်ပန်းတိမ်လုပ်ငန်း၊ (၁၂) ရွှေ၊ ငွေ၊ ကြေးသွန်းလုပ်ငန်း၊ (၁၃) ကြေးထည် ပေါ်လစ်တင်လုပ်ငန်း၊ (၁၄) ထိုင်းအရုပ်လုပ်ငန်း၊ (၁၅) ဆွမ်းခံသပိတ်လုပ်ငန်း၊ (၁၆) လက်လုပ်ငွေချည်ထိုးအထည်လုပ်ငန်း၊ (၁၇) ဗုဒ္ဓဘုရားဆင်းတု လုပ်ငန်း၊ (၁၈) ရိုးရာ စက္ကူထီးလုပ်ငန်း၊ (၁၉) ပွဲစားအေးဂျင့်၊ (၂၀) ထိုင်းရိုးရာ အနှိပ်လုပ်ငန်း၊ (၂၁) ဆီးကရက်လိတ်လုပ်ငန်း၊ (၂၂) ခရီးသွားလမ်းညွှန်၊ (၂၃) ကုန်စည်ရောင်းချသူ၊ (၂၄) လက်နှိပ်စက်၊ စာစီစာရိုက်၊ (၂၅) ပိုးကြိုးကျစ်လုပ်ငန်း၊ (၂၆) အတွင်းရေးမှူး၊ (၂၇) တရားရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေပါပဲ။

ကဲ . . .  ကျွန်တော်တို့မြန်မာတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားတွေဘ၀က ထိုင်းမှာ ဘယ်လိုရှိစ။ ဆတ္တာသည်ဘ၀တောင် လုပ်ခွင့်မရှိ၊ လမ်းဘေး အာလူးပူတီ၊ ချာပါတီ၊ ပဲပလာတာ ရောင်း စားဖို့တောင် ခွင့်မပေးထားတဲ့ ထိုင်းလူမှု-ယဉ်ကျေးမှု ဆိုတဲ့ ဥပဒေကြီးအောက်မှာ မြန်မာတွေရဲ့ ချွေးတွေ၊ သွေးတွေ ပင်လယ်ဝေနေရတာ… ဘယ်သူ့ကြောင့်လဲ … ဘာကြောင့်လဲ

နှုတ်ခမ်းမွှေး

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင်
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ကို တိတ်တဆိတ် တော်လှန်ပုန်ကန်နေသည့် တရုတ်လူငယ်များ

~ လင်းမောင် ~ ယနေ့ တရုတ်နိုင်ငံသည် ၎င်း၏ မျိုးဆက်သစ်လူငယ်များက အာဏာရှင်ဆန်သော ထိန်းချုပ်မှုဒဏ်အောက်တွင် နှုတ်ဆိတ်မနေလိုတော့သည့် လမ်းဆုံလမ်းခွတစ်ခုတွင် ရပ်တည်နေသည်။ မိုးသည်းထန်စွာရွာသွန်းနေချိန်အတွင်း အထပ်မြင့်ခေါင်မိုးပေါ်သို့ သတ္တိရှိရှိ တက်ရောက်မှုများမှသည် မြို့ပြ မိုးကုတ်စက်ဝိုင်းတစ်လျှောက် ပရိုဂျက်တာဖြင့် ထိုးပြသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The Silent Revolt: How China’s Youth Are Defying the CCP

~ Linn Maung ~ China today stands at a crossroads where its younger generation is increasingly unwilling to remain silent

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now