ဆောင်းပါး

မြန်မာလျှပ်စစ်စီမံကိန်းအားလုံးကို တရုတ်တို့ အပြီးသတ်ချဲ့ထွင် သိမ်းပိုက်ခြင်း

မဲခေါင် 19 Jan - 2023
လင်းမောင် မကြာသေးခင် စံချိန်တင်တိုတောင်းတဲ့ကာလတွေအတွင်း ဆိုလာစီမံကိန်းအများဆုံးအပါအဝင်ဖြစ်တဲ့ လျှပ်စစ်စီမံကိန်းသစ်တွေကို မြန်မာထံ အပြီးသတ်တည်ဆောက်လက်လွှဲပေးလိုက်ရာမှာ ပါဝင်တဲ့ ကုမ္ပဏီအားလုံးက တရုတ် ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေဆီက နည်းပညာပူးပေါင်းအကူအညီယူထားတဲ့ မြန်မာကုမ္ပဏီတွေချည်းပါပဲ။

လင်းမောင်

မကြာသေးခင် စံချိန်တင်တိုတောင်းတဲ့ကာလတွေအတွင်း ဆိုလာစီမံကိန်းအများဆုံးအပါအဝင်ဖြစ်တဲ့ လျှပ်စစ်စီမံကိန်းသစ်တွေကို မြန်မာထံ အပြီးသတ်တည်ဆောက်လက်လွှဲပေးလိုက်ရာမှာ ပါဝင်တဲ့ ကုမ္ပဏီအားလုံးက တရုတ် ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေဆီက နည်းပညာပူးပေါင်းအကူအညီယူထားတဲ့ မြန်မာကုမ္ပဏီတွေချည်းပါပဲ။

၂၀၂၀ က NLD အစိုးရလက်ထက် တင်ဒါအောင်ထားတဲ့ ဆိုလာစီမံကိန်းအားလုံးကို စကစက အာဏာသိမ်းပြီးနောက် ပယ်ဖျက်လိုက်တာဖြစ်ပေမယ့် တချို့သော လုပ်ငန်းတွေကတော့ မူမပျက် ဆက်လက်လည်ပတ် လုပ်ဆောင်နေကြတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင်ကပ်ဘေးဆိုက်မှုကနေ ထွက်ပေါက်ရှာဖွေခြင်းကို မြင်သာစေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သမားရိုးကျ ရေအားလျှပ်စစ်ရယ် သဘာ၀ဓာတ်ငွေ့သုံး တာဘိုင်စနစ်တွေကနေ လျှပ်စစ်လုံလောက်အောင် မပေးနိုင်တာ သေချာနေလို့ ၂၀၂၀ ခုနှစ်အတွင်း ဆိုလာစီမံကိန်းတင်ဒါအောင်ခဲ့သူတွေကို တရုတ်က ချက်ချင်းစီမံကိန်းအကောင်အထည်ဖော်ပြီး အမြန်ဆုံးအပြီးသတ်တည်ဆောက်ဖို့ မီးစိမ်းပြရုံသာမက ဖိအားပါပေးခိုင်းခဲ့တယ်။ သဘာ၀ဓာတ်ငွေ့၊ ရေအားလျှပ်စစ်လုပ်ငန်းတွေထက် ဆိုလာစီမံကိန်းတွေက အခြေခံ လိုအပ်ချက်အခက်အခဲတွေ အများကြီးနည်းတာကြောင့်လည်း အမြန်ဆုံးကာလအတွင်း ဆိုလာစီမံကိန်းတွေ ပြီးစီးလက်လွှဲခဲ့ကြတာပါ။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် မလုံလောက်မှုဟာ တရုတ်တွေရဲ့ မဟာစီမံကိန်းဖြစ်တဲ့ ခါးပတ်လမ်းစီးမံကိန်းကြီး အတွက် အဓိက အားနည်းချက်ဖြစ်နေခဲ့တယ်။ ဒါကြောင့် တရုတ်စီမံကိန်းကြီးဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (China Myanmar Economic Coperation(CMEC) က တရုတ်အစိုးရအလိုကျ ဖြစ်စေဖို့ ခါးပတ်လမ်းစီမံကိန်းမှာ လျှပ်စစ်အားနည်းချက်ကြောင့် အဟန့်အတားမဖြစ်ဖို့ ဦးဆောင်စီစဉ်ရပါတယ်။ ဒါကြောင့် သူတို့ကပဲ ပြီးခဲ့တဲ့ ၄ လအတွင်း စစ်ကောင်စီရဲ့ ကမ်းလှမ်းတောင်းဆိုအောက်မှာ သဘာ၀ဓာတ်ငွေ့ ဒါမှမဟုတ် ဆိုလာလျှပ်စစ်စီမံကိန်းသစ် သုံးလေးခုကို စီမံအကောင်အထည်ဖော်ခဲ့ကြတယ်။ တခြားစီမံကိန်းတွေအတွက်လည်း စီမံခဲ့ကြတာတွေရှိပါတယ်။

ရခိုင်မှာ တရုတ်ရဲ့ အိပ်မက်စီမံကိန်းကြီးဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေ ချော မွေ့စွာလည်ပတ်ရေးအတွက် မဖြစ်မနေလိုအပ်တဲ့ ၁၃၅ မီဂါဝပ် သဘာ၀ဓာတ်ငွေလျှပ်စစ်စီမံကိန်းကြီးကို ပြီးစီး တည်ဆောက်ခဲ့ပြီးပါပြီ။ ဒီအတိုင်းပဲ မကွေးနဲ့ မန္တလေးဒေသတွေမှာလည်း ဆိုလာလျှပ်စစ်မီး စီမံကိန်းတွေကို တပ်ဆင်ပြီးစီးနေခဲ့ပါပြီ။တရုတ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Power Resources China Limited နဲ့ Universal Energy Limited တို့က ဒီစီမံကိန်းတွေရဲ့ အဓိက ကုမ္ပဏီကြီးတွေအဖြစ် လုပ်ဆောင်ပေးခဲ့ကြပြီး ဒေသတွင်း မြန်မာလျှပ်စစ်စွမ်းအင် ကုမ္ပဏီတွေအဖြစ် Gold Energy Company နဲ့ သူ့ကုမ္ပဏီခွဲတွေနဲ့ ပေါင်းလုပ်ခဲ့ ကြတယ်။ မီးလင်းကြီး (၁၃၉၀ မီဂါဝပ်) အယ်လ်အင်န်ဂျီ စီမံကိန်း (Mee Lin Gyiang (1390MW) LNG Project) ဟာလည်း တရုတ် လုပ်ငန်းကြီးပါပဲ။ မြန်မာဗိုလ်ချုပ်ဟောင်း၊ လက်ရှိဗိုလ်ချုပ်တွေပိုင်ဆိုင်ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (MEC) တို့ကနေ ပြည်တွင်းဘက်က ဦးဆောင်သူအဖြစ် သူတို့နဲ့နီးစပ်တဲ့ မြန်မာကုမ္ပဏီတွေနဲ့ ဒီလုပ်ငန်းတွေကို တည်ဆောက်ပြီး တရုတ်က နည်းပညာ၊ အခြေခံအဆောက်အအုံနဲ့ ငွေအရင်းအနှီးတွေကို ထုတ်ပေးပြီး ပံ့ပိုးလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီးချိန် ဒီလိုငန်းတွေဟာ စစ်ကောင်စီအလိုကျ ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နေနိုင်ကြတယ်။

အကျိုးအမြတ်အဖြစ် တရုတ်နဲ့ စစ်ကောင်စီတို့ပဲ ရရှိပြီး စစ်ကောင်စီရဲ့ ယိုင်နဲ့တဲ့ ဝင်ငွေ ယန္တရားကို အထောက်အကူပြုရာလည်း ရောက်ခဲ့တယ်။ တောင်တွင်းကြီး၊ သပြေဝ၊ ကျီးအုံကျီး၀ဒေသတွေမှာလည်း မကြာသေးခင်ကပဲ လျှပ်စစ်စီမံကိန်းတွေ လည်ပတ်နေတယ်။ ဒီဒေသဟာ တရုတ်ကို မြန်မာကုန်းတွင်းနဲ့ ကမ်းလွန်ဒေသတွေက ဆီ လမ်းကြောင်းတွေပေးပို့ဖို့ ဗဟိုချက်ကျတဲ့ဒေသတွေပါ။

တရုတ်နိုင်ငံ ကူမင်းကို ပိုက်လိုင်းသွယ်တန်းပို့ရတဲ့ တရုတ် Oil & Gas ပိုက်လိုင်းကြီးက ဒီဒေသတွေကို ဖြတ်သွားတယ်။ တရုတ်ဆိုတာ ဘယ်တော့မှ အကျိုးမရှိဘဲ အလကား မရင်းနှီးပေးဘူးဆိုတဲ့ အဆိုအတိုင်းပါပဲ။ သူတို့က စီးပွားရေးအကြောင်း ကောင်းကောင်းနားလည်တယ်။ အခုသူတို့က လူမှုရေးတာဝန်ယူမှုပူးပေါင်းဆောင်ရွက် ရေးဆိုတဲ့ (Corporate Social Responsibility”(CSR) ကို မြန်မာနိုင်ငံက သူတို့လုပ်ငန်းတွေအတွက် နစ်နာရ သူတွေထံ စိတ်ကျေနပ်ကြေးဖို့ ထူထောင်ထားလိုက်ပါပြီ။ (သဘောကတော့ လက်ပန်းတောင်းတောင် ဒေသခံတွေ တုန်းကလို သူတို့လုပ်ငန်းအဆင်ပြေချောမွေ့ဖို့ ဒေသခံတွေကို မမက်လောက်တဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပြန်လည်နေရာချထားရေး၊ ရေဆိုးစနစ်နဲ့ ပညာရေးစနစ်တွေမှာ နစ်နာကြေးသဘော ပေးဖို့ စီစဉ်တဲ့အဖွဲ့ပါ။ )

CRS ကို တရုတ်စီမံကိန်းကုမ္ပဏီကြီးတွေက တိုက်ရိုက်တာဝန်ယူပြီး မကိုင်တွယ်ပါဘူး။ လက်ခွဲ NGO အုပ်စုတွေ ကနေ စီမံကိန်းနစ်နာကြေးတွေ၊ မြေသိမ်းလျှော်ကြေးတွေ၊ ပြန်လည်သန်စွမ်းရေးနဲ့ ရွှေပြောင်းဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပညာရေးအစီအစဉ်တွေ လုပ်ပေးပြီး နောက်စီမံကိန်းတွေမှာ အနှောင့်အယှက် မဖြစ်အောင် လုပ်ဖို့ပါ။ ဒီလိုစစ်အာဏာသိမ်းပြီးချိန် တစ်နိုင်ငံလုံးပြည်သူတွေရဲ့ အခြေခံလိုအပ်ချက် သာယာရေး ရှင်သန်ရေးတွေက ဆင်းရဲတွင်းနက်လွန်းနေတာကြောင့် သာသာယာယာ သိမ်းသွင်းသွားနိုင်မယ်၊ နည်းနည်းလေး ပေးပြီး စီမံကိန်းတွေလွယ်ကူချောမွေစွာ ပိုလည်ပတ်နိုင်မယ်ဆိုတာကို သိနေလို့ ပျားရည်နဲ့ဝမ်းချခြင်းသာ ဖြစ်ပါကြောင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့်
ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students watch the state broadcaster’s flagship evening news programme

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ကို တိတ်တဆိတ် တော်လှန်ပုန်ကန်နေသည့် တရုတ်လူငယ်များ

~ လင်းမောင် ~ ယနေ့ တရုတ်နိုင်ငံသည် ၎င်း၏ မျိုးဆက်သစ်လူငယ်များက အာဏာရှင်ဆန်သော ထိန်းချုပ်မှုဒဏ်အောက်တွင် နှုတ်ဆိတ်မနေလိုတော့သည့် လမ်းဆုံလမ်းခွတစ်ခုတွင် ရပ်တည်နေသည်။ မိုးသည်းထန်စွာရွာသွန်းနေချိန်အတွင်း အထပ်မြင့်ခေါင်မိုးပေါ်သို့ သတ္တိရှိရှိ တက်ရောက်မှုများမှသည် မြို့ပြ မိုးကုတ်စက်ဝိုင်းတစ်လျှောက် ပရိုဂျက်တာဖြင့် ထိုးပြသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now