ဆောင်းပါး

အခက်အခဲတွေကြားက ဆက်လျှောက်နေဆဲ အမျိုးသမီးသတင်းထောက်

မဲခေါင် 16 Dec - 2022
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ သတင်းထောက်တစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့ဆိုတာ တော်တော်လေးအန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။ အဓိကအကြောင်းရင်းကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သတင်းအလုပ်ကို မှန်မှန်ကန်ကန်နဲ့လုပ်ကိုင်နေတဲ့ သတင်းသမားတွေကို သူတို့ကိုဆန့်ကျင်တယ်လို့ယူဆပြီး ဖမ်းဆီးထောင်ချတာအပြင် အသက်အန္တရာယ်ကိုပါ ထိပါးစေတဲ့အထိ ဖိနှိပ်မှုတွေဆက်တိုက် ပြုလုပ်လာတာကြောင့်ပါ။

မူယာ

အာဏာသိမ်းပြီးစ စစ်ကောင်စီဆန့်ကျင်းရေးဆန္ဒပြပွဲတွေမှာ သတင်းယူတဲ့ သတင်းထောက်တွေကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာလည်း သတင်းသမားတွေဟာစစ်တပ်ရဲ့ ပစ်မှတ်သဖွယ်ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် သတင်းထောက်တွေကို ၎င်းတို့ရဲ့နေအိမ်တွေအထိ လိုက်လံရှာဖွေပြီး အကြမ်းဖက်ဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ သတင်းဌာနတွေရဲ့ ရုံးတွေကို ဝင်ရောက်စီးနင်းပြီး တာဝန်ခံအယ်ဒီတာတွေကို ဖမ်းဆီးတာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာတွေကိုပါ ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့် သတင်းဌာနတွေနဲ့ သတင်းထောက်တော်တော်များများဟာ နယ်စပ်ဒေသတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကတစ်ဆင့် သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ မြန်မာပြည်ကနေ ထွက်ခွာသွားကြပါတယ်။ ပြည်တွင်းမှာနေထိုင်ပြီး သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်တဲ့သူဟာ လက်ရှိမှာ အနည်းငယ်သာကျန်ရှိတော့တာပါ။ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးလူငယ်သတင်းထောက် မမို့မို့(အမည်လွှဲ)ကတော့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ အနည်းငယ်သော သတင်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အခက်အခဲတွေကြားထဲကနေ သူချစ်မြတ်နိုးတဲ့ သတင်းထောက်အလုပ်ကို ပြည်တွင်းမှာနေထိုင်ရင်း လက်ရှိအချိန်အထိ ဆက်လက်လုပ်ကိုင်နေပါတယ်။

မမို့မို့ဟာ ၂၀၁၈ ခုနှစ်ကတည်းက သတင်းလောကထဲကို စတင်ဝင်ရောက်လာပြီး အဲဒီအချိန်တုန်းက မမို့မို့အသက်ဟာ ၁၉ နှစ်ပဲ ရှိပါသေးတယ်။

သတင်းထောက်အလုပ် မလုပ်ခင်တုန်းကတော့ မမို့မို့ဟာ ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေအတွက် အကျိုးဆောင်ပေးရတဲ့ အေးဂျင့်အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ဒီအလုပ်ကို သူ ဆယ်တန်းအောင်ပြီးကတည်းက လုပ်ကိုင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီအလုပ်ဟာ အသက်အရွယ်နဲ့မမျှတဲ့ ဖိအားအချို့ရှိခဲ့တာကြောင့် တစ်လဝင်ငွေ ပျှမ်းမျှ ကျပ် ၃၀၀,၀၀၀ ဝန်းကျင်ရရှိနေတဲ့ ဒီအလုပ်ကို စွန့်လွှတ်ပြီး သတင်းလောကထဲကို ဝင်ရောက်ခဲ့တာပါ။

သတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တုန်းက မမို့မို့ရဲ့ တစ်လဝင်ငွေဟာ ၁၄၀,၀၀၀ ကျပ်ဖြစ်ပြီး အရင်အေးဂျင့် အလုပ်ထက် ဝင်ငွေနည်းပါတယ်။

သတင်းထောက်အလုပ်ကို ဝါသနာပါလို့ စလုပ်ဖြစ်တာတော့မဟုတ်ဘူး။ အရင်အလုပ်ကို မလုပ်ချင်တော့တာနဲ့ အလုပ်ပြောင်းလုပ်တဲ့သဘောပါ။ နောက်ပိုင်းမှ လုပ်ရင်းနဲ့ ဒီအလုပ်ကို လုပ်ရတာ ပျော်လာတာ။ ကြားထဲမှာ ကျန်တဲ့အလုပ်လေးတွေ ပြောင်းပြီးလုပ်ခဲ့တာလေးတွေ ရှိပေမယ့်လည်း မကြာဘူး၊ ခဏပဲ လုပ်ဖြစ်တယ်။ ဒီသတင်းထောက်အလုပ်က လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ အကြာဆုံးအလုပ်ပဲ 

လို့ မမို့မို့က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မမို့မို့ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကနေ ထုတ်ဝေခွင့် ပိတ်ထားတဲ့သတင်းဌာနတစ်ခုမှာ အလွတ်သတင်းထောက်အနေနဲ့လုပ်ကိုင်နေတာပါ။

ပြည်တွင်းမှာနေထိုင်ပြီး ထုတ်ဝေခွင့်ပိတ်ခံထားရတဲ့သတင်းဌာနမှာ လုပ်ကိုင်နေတာက အခြား သတင်းသမားတွေထက် အန္တရာယ်ပိုများသလို၊ သတင်းရယူတဲ့အခါမှာလည်း အခက်အခဲတွေနဲ့ ကြုံရလေ့ရှိပါတယ်။ အထူးသဖြင့် ပိတ်သိမ်းထားတဲ့သတင်းဌာနဖြစ်တဲ့အတွက် တစ်ခါတစ်ရံ သတင်းရင်းမြစ် အချို့က အင်တာဗျူးဖြေဆိုဖို့ငြင်းဆိုတာ၊ စစ်ကောင်စီဘက်က တာ၀န်ရှိသူတွေကို ဆက်သွယ်ဖို့ မလွယ်ကူတာ စတဲ့ အခြေအနေတွေက လုပ်ငန်းနဲ့ပတ်သက်ပြီး အဓိကကြုံတွေ့ရတဲ့ အခက်အခဲတွေပါပဲ။

သို့ပေမဲ့ ဝါသနာအပြင် သူနဲ့ကိုက်ညီတဲ့အလုပ်တစ်ခုလို့ ယူဆတာကြောင့် အခက်အခဲအချို့ရှိပေမယ့် သတင်းထောက်အလုပ်ကို မစွန့်လွှတ်နိုင်ဘဲ လက်ရှိအချိန်အထိ တစိုက်မတ်မတ်လုပ်ကိုင်နေတာလို့ မမို့မို့က ပြောပါတယ်။

အရင်ကတည်းက သိုသိုသိပ်သိပ်နေတတ်တဲ့သူဆိုတော့ အာဏာသိမ်းပြီးတဲ့နောက် ဒီအလုပ်ကို ဆက်လုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ်တော့ အဖမ်းခံရနိုင်တယ်လို့ မတွေးမိဘူး။ ဒါပေမယ့် ငါ အဖမ်းခံရရင်ဆိုတဲ့ အဆိုးဆုံးအခြေအနေကိုလည်း တွေးထားပါတယ်။ စစ်ကောင်စီက ပိတ်သိမ်းထားတဲ့ သတင်းဌာနမှာလုပ်ဖြစ်တာကလည်း သတင်းတွေကို လွတ်လွတ်လပ်လပ်ရေးခွင့်ရလို့ပါ 

လို့ မမို့မို့က ပြောပါတယ်။

လက်ရှိအလုပ်နဲ့ပတ်သတ်ပြီး မိသားစုဝင်တွေရဲ့ သဘောထားကို မေးကြည့်မိတော့ “မိဘတွေက အရင်ကတည်းက ကျွန်မကို ဘာမဆို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခွင့်ပေးထားတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဒီအလုပ်ကိုဆက်လုပ်တဲ့အပေါ်မှာလည်း ကျွန်မကို ဘာမှမပြောပါဘူး။ ဘယ်မှာ လုပ်နေတယ်ဆိုတာလည်း သူတို့မသိဘူး” လို့ သူက ပြောပါတယ်။

လက်ရှိမှာ မမို့မို့ဟာ မိဘတွေနဲ့တော့ အတူမနေပါဘူး။ သူ့မှာ မိဘနှစ်ပါး အပါအဝင် မိသားစုဝင် ၄ ဦး ရှိပြီး လက်ရှိမှာတော့ အလုပ်နဲ့အဆင်ပြေတဲ့နေရာကိုသာ ပြောင်းရွှေ့နေထိုင်နေပါတယ်။ မမို့မိုဟာ အန္တရာယ်ကြားကနေ သတင်းအလုပ်ကို လုပ်နေပေမယ့် သူ့ရဲ့တစ်လဝင်ငွေကတော့ ကျပ် ၄၀၀,၀၀၀ သာ ရရှိတာပါ။

ကိုယ့်အသက်အရွယ်နဲ့ ဒီ၀င်ငွေရတာကို ကျေနပ်မှုတော့မရှိဘူး။ ဘာလို့လဲဆိုတော့ တချို့ကိုယ်နဲ့ရွယ်တူတွေ ကိုယ့်ထက်၀င်ငွေပိုရနေတာတွေရှိတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် ကိုယ်လည်း ဒီကာလကြီးမှာ အများကြီးလုပ်နိုင်ဖို့ဆိုတာလည်း မလွယ်ဘူးလေ။ ဒါကြောင့် ကိုယ်ရသင့်သလောက်ရတယ်လို့ပဲ မြင်ပါတယ် 

လို့ သူက ပြောပါတယ်။

ဆုံးရှုံးမှု

သတင်းထောက်တစ်ယောက်ဖြစ်တဲ့ မမို့မို့ဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ စီဒီအမ်လုပ်ထားတဲ့ ဥပေဒေဘာသာရပ်အထူးပြု အဝေးသင် တက္ကသိုလ်ကျောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဥပဒေဘွဲ့ရဖို့ တစ်နှစ်သာလိုတော့ပေမယ့် စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် အခြားကျောင်းသားတွေနဲ့အတူ စာသင်ခန်းကို စွန့်ခွာဖို့ဆုံးဖြတ်လိုက်တာပါ။

အခုချိန်ထိကျောင်းမတက်လိုက်ရလို့နောင်တရတာမျိုးလည်း မရှိဘူး။ကျောင်းတက်မိရင်တောင်မှ ရလာတဲ့ဘွဲ့အပေါ်မှာ မပျော်နိုင်မှာစိုးရိမ်တယ်။ အပြစ်တစ်ခုလို ခံစားနေရမှာကြောက်တယ် 

လို့ မမို့မို့က ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ပညာသင်ဖို့ စွန့်လွှတ်လိုက်ရတာက အသက်စွန့်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အမျိုးသမီးတွေ၊လူငယ်တွေနဲ့ယှဉ်ကြည့်ရင် မပြောပလောက်တဲ့ စွန့်လွှတ်မှုလို့လည်း မမို့မို့ခံယူထားပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းလိုက်တဲ့အတွက် ဆုံးရှုံးလိုက်ရတာတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။

အာဏာသိမ်းတဲ့အပေါ် ရပ်တည်ချက်မတူလို့ အပေါင်းအသင်းတချို့ ဆုံးရှုံးလိုက်ရတယ်။ နောက်ပြီး ကိုယ့်ဘ၀ရဲ့ရှေ့ရေးပေါ့။ ကျောင်းသာပြီးသွားရင် ကျွန်မမှာတစ်ခြားရွေးစရာတွေ အများကြီးရှိလာနိုင်တယ်လေ 

လို့ မမို့မို့က ပြောပါတယ်။

လုပ်ငန်းနဲ့ပတ်သတ်ပြီး ဆုံးရှုံးရတာကတော့ နေရာအနှံ့သွားပြီး ရုပ်သံသတင်းတွေ ရိုက်ကူးခွင့်မရတာပဲဖြစ်ပါတယ်။ မမို့မို့က သတင်းဆောင်းပါးတွေရေးရတာထက် ရုပ်သံသတင်းတွေရိုက်ကူးထုတ်လုပ်ရတာကို ပိုနှစ်သက်သူပါ။ သို့ပေမဲ့လည်း အာဏာသိမ်းပြီးနောက် လူမြင်ကွင်းမှာ လက်ကိုင်ဖုန်းနဲ့ သတင်းဓာတ်ပုံရိုက်ဖို့တောင် မလွယ်ကူတော့ပါဘူး။

အခုတော့ လုံခြုံရေးအခြေအနေကြောင့် သွားတာ၊ လာတာကအစ အရာရာကို တော်တော်လေး သတိထားပြီး သတင်းယူနေရတယ်

လို့ မမို့မို့က ပြောပါတယ်။

မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့(MWJS)ကတော့ ပဋိပက္ခအခြေအနေတွေ၊ ဖြစ်စဉ်တွေနဲ့ ထိလွယ်ရှလွယ်တဲ့အခြေအနေများအတွင်း သတင်းရယူကြရတဲ့ အမျိုးသမီးသတင်းသမားတွေအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို သတင်းဌာနတွေက အလေးအနက်ထားဆောင်ရွက်သင့်တယ်လို့ MWJS က ထုတ်ပြန်တဲ့ “စစ်အာဏာသိမ်းကာလ ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာအမျိုးသမီးသတင်းထောက်များအခြေအနေ” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

MWJS မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “အခုချိန်မှာ ပြည်တွင်းကနေ အလုပ်လုပ်နေဆဲဖြစ်တဲ့ သတင်းထောက်တွေကို အကြံပြုချင်ကတော့ ဘေးကင်းလုံခြုံရေးပါ။ ဘယ်လိုပဲအလုပ်လုပ် ကိုယ့်ရဲ့လုံခြုံရေးကို မေ့လို့မရဘူး။ အခုချိန်မှာ ကိုယ့်ရဲ့လုံခြုံရေးလောက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒါကြောင့် အမြဲတမ်း သတိကပ်ထားသင့်တယ်။ အထူးသဖြင့် ပြည်တွင်းက အမျိုးသမီးသတင်းသမားတွေ ကိုယ့်လုံခြုံရေကိုအထူးဂရုစိုက်ပါ” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေနဲ့ပတ်သက်ပြီး အချက်အလက်တွေပြုစုနေတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Detained Journalists Information ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၂၄ ရက်နေ့အထိ အကြောင်းမျိုးမျိုးကြောင့် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့သတင်းသမား စုစုပေါင်း ၁၅၁ ဦး ရှိပါတယ်။ အဲ့ဒီစာရင်းထဲမှာ အမျိုးသမီးသတင်းသမား ၂၆ ဦး ပါ၀င်နေပါတယ်။ စစ်တပ်လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ သတင်းထောက်အရေအတွက်ကတော့ သုံးယောက်ပါ။ အာဏာသိမ်းပြီးနောက် ထုတ်ဝေခွင့်လိုင်စင်ရုတ်သိမ်းခံရတဲ့ သတင်းဌာနနဲ့ ရပ်နားထားတဲ့သတင်းဌာန ၁၇ ခု ရှိပြီဖြစ်ပါတယ်။

ရပ်တန့်မနေဖို့

MWJS ရဲ့အစီရင်ခံစာမှာ သတင်းမီဒီယာလုပ်ငန်းတွေကို ပုံမှန်လုပ်ကိုင်ဆောင်ရွက်နေနိုင်ချိန် အမျိုးသမီးသတင်းသမားတွေဟာ မိမိတို့ရဲ့ ပုံမှန်၀င်ငွေတွေနဲ့ စိတ်လုံခြုံမှုရှိစွာ ရပ်တည်နိုင်ခဲ့တယ်လို ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ တိမ်းရှောင်နေရတာ၊ ပုံမှန်ဝင်ငွေထိခိုက်တာ၊ သတင်းမီဒီယာလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တော့တာ စတဲ့ အခြေအနေတွေကြောင့် အမျိုးသမီးသတင်းသမားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အားငယ်ခြင်းနဲ့ မလုံခြုံခြင်းတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

မမို့မို့ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း အဆင်မပြေမှုနဲ့ ဆုံးရှုံးမှုအချို့ ရှိပေမယ့်လည်း သူလုပ်စရာရှိတာကို ကြိုးကြိုးစားစားဆက်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

အခုအချိန်မှာ သူဟာ သတင်းထောက်လုပ်ရင်းနဲ့ တစ်ဖက်မှာလည်း အဂ်လိပ်ဘာသာစကားကို အချိန်ပေးပြီးလေ့လာနေပါတယ်။

MWJS မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကတော့ အခုလိုအခက်အခဲတွေရှိနေတဲ့အချိန်မှာ အမျိုးသမီးဖြစ်သော်ငြားလည်း နောက်မဆုတ်ဘဲ သတင်းလုပ်ငန်းမှာ ဆက်လက်လုပ်ကိုင်နေတဲ့ အမျိုးသမီးသတင်းထောက်တွေအတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

၎င်းက “တကယ်ကို အားရှိရတယ်။ ဒီလိုလုပ်နေတဲ့ အမျိုးသမီးသထောက်တွေကို ကြည့်ပြီး ကျွန်မတို့က ပိုပြီးတွန်းအားယူရတယ်။ ကျွန်မကိုယ်တိုင်လည်း သူတို့ဆီက ဒီစိတ်ဓာတ်ခွန်အားကို ပြန်ယူရတယ်” လို့လည်း ဆိုပါတယ်။

မြန်မာ့သတင်းစာနဲ့ စာနယ်ဇင်းနယ်ပယ်ကို ကြည့်ရင်လည်း အင်ဒီပန့်ဒန့်ဒေါ်စန်း၊ ဂျာနယ်ကျော်မမလေးနဲ့ လူထုဒေါ်အမာ စတဲ့ အမျိုးသမီးတွေဟာ မြန်မာ့သတင်းစာနဲ့ စာနယ်ဇင်းနယ်ပယ်မှာ လူသိများထင်ရှားခဲ့ကြပြီး မြန်မာ့သတင်းမီဒီယာကဏ္ဍ ဦးဆောင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ MWJS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးကြိုးပမ်းတဲ့ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ စစ်အစိုးရခေတ်နဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းခေတ်တွေအထိ မြန်မာ့သတင်းမီဒီယာကဏ္ဍမှာ အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာ ပါဝင်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မမို့မို့ကတော့ “အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေ့ရက်တိုင်းကတော့ စိတ်ဓာတ်ကျစရာချည်းပါပဲ။ စိတ်ဓာတ်ကျတာက ကျလို့ရတယ်။ ဒါပေမယ့် ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်ရမယ်။ စိတ်ဓာတ်ကျပြီး ထိုင်နေလည်း ဘာမှမထူးဘူးလေ” လို့ ဆိုပါတယ်။ ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Xi’s Purge Enters New Phase as CCP Braces for Mass Central Committee Expulsions

~ Linn Maung ~ China’s ruling Communist Party is preparing for one
ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင် ပြင်းထန်သော ကန့်ကွက်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံရေးသတင်းစကားများကို ပညာရေး၏ နေ့စဉ်လုပ်ငန်းစဉ်များအတွင်း မည်သို့ထည့်သွင်းလာသည်ဆိုသည့်အပေါ် စိုးရိမ်မှုများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students watch the state broadcaster’s flagship evening news programme

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now