ဆောင်းပါး

ပိတ်ပင်ခံလိုက်ရတဲ့ အတိုက်အခံ(Yabloko)ပါတီ နဲ့ ရုရှားရွေးကောက်ပွဲ

မဲခေါင် 20 Aug - 2026
~ CWM ~ လာမယ့် စက်တင်ဘာ(၂၀-၂၁) မှာ ရုရှားနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပါတယ်။ ဒူးမားလွှတ်တော်လို့ ခေါ်တဲ့ ရုရှားအောက်လွှတ်တော်(ပြည်သူ့လွှတ်တော်) ရွေးကောက်ပွဲကို (၅)နှစ်တကြိမ် ကျင်းပတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က နောက်ဆုံးကျင်းပသွားတဲ့ ရွေးကောက်ပွဲမှာ သမ္မတပူတင်ရဲ့ United Russia ပါတီကပဲ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တယ်။ ရုရှားနိုင်ငံက ဒီမိုကရေစီရွေးကောက်ပွဲလို့ ဆိုရမယ့် လွှတ်တော်ရွေးကောက်ပွဲများဟာ ကရင်မလင် လိုလားတဲ့ပါတီက အများစုဖြစ်ပြီး အတိုက်အခံပါတီက မရှိသလောက် နည်းပါတယ်။ ရုရှားအောက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ အစဉ်အလာမပျက် ဝင်ပြိုင်တဲ့ အတိုက်အခံပါတီတခုသာရှိပြီး ဒီပါတီကတော့ လစ်ဘရယ်အယူအဆရှိပြီး ယူကရိန်းစစ်ပွဲကို ဆန့်ကျင်တဲ့ “ယာဘလိုကို (Yabloko) ပါတီပဲဖြစ်တယ်။ ရုရှားဘာသာနဲ့ “ယာဘလိုကို”ရဲ့

~ CWM ~

လာမယ့် စက်တင်ဘာ(၂၀-၂၁) မှာ ရုရှားနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပါတယ်။ ဒူးမားလွှတ်တော်လို့ ခေါ်တဲ့ ရုရှားအောက်လွှတ်တော်(ပြည်သူ့လွှတ်တော်) ရွေးကောက်ပွဲကို (၅)နှစ်တကြိမ် ကျင်းပတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က နောက်ဆုံးကျင်းပသွားတဲ့ ရွေးကောက်ပွဲမှာ သမ္မတပူတင်ရဲ့ United Russia ပါတီကပဲ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တယ်။

ရုရှားနိုင်ငံက ဒီမိုကရေစီရွေးကောက်ပွဲလို့ ဆိုရမယ့် လွှတ်တော်ရွေးကောက်ပွဲများဟာ ကရင်မလင် လိုလားတဲ့ပါတီက အများစုဖြစ်ပြီး အတိုက်အခံပါတီက မရှိသလောက် နည်းပါတယ်။ ရုရှားအောက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ အစဉ်အလာမပျက် ဝင်ပြိုင်တဲ့ အတိုက်အခံပါတီတခုသာရှိပြီး ဒီပါတီကတော့ လစ်ဘရယ်အယူအဆရှိပြီး ယူကရိန်းစစ်ပွဲကို ဆန့်ကျင်တဲ့ “ယာဘလိုကို (Yabloko) ပါတီပဲဖြစ်တယ်။ ရုရှားဘာသာနဲ့ “ယာဘလိုကို”ရဲ့ အဓိပ္ပါယ်က ” ပန်းသီး” ဖြစ်လို့ “ပန်းသီးပါတီ” လို့ လူသိများတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၀)ရက်နေ့ကတော့ ရုရှား ဗဟိုတရားရုံးဟာ ဒီပါတီကို လာမယ့် စက်တင်ဘာလ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ပိတ်ပင်လိုက်ပါတယ်။ အကြောင်းကတော့ ဒီပါတီဟာ ရုရှားဗဟိုတရားရုံးက ၂၀၂၃ခုနှစ်မှာ အစွန်းရောက်အဖွဲ့ လို့ သတ်မှတ်ထားတဲ့ ” နိုင်ငံတကာ LGBTလှုပ်ရှားမှု” ရဲ့ အကြောင်းတွေကို သူတို့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြခဲ့လို့ ဖြစ်တယ်လို့ ဆိုတယ်။

အတိုက်အခံ ” ယာဘလိုကို” ပါတီကို တရားစွဲခဲ့တဲ့ပါတီက ကရင်မလင်(ရုရှားအစိုးရ) လိုလားတဲ့ ရုရှားမျိုးချစ်ပါတီ( Rodina) ရိုဒီနာပဲ ဖြစ်တယ်။ ယာဘလိုကို ပါတီဟာ လာမယ့် စက်တင်ဘာရွေးကောက်ပွဲမှာ ပါဝင်ဖို့ တရားဝင်မှတ်ပုံတင်ထားတဲ့ တခုတည်းသော စစ်ဆန့်ကျင်ရေး အတိုက်အခံပါတီလည်းဖြစ်တယ်။

ရုရှားဗဟိုတရားရုံးက “ယာဘလိုကို” ပါတီအပေါ် အမိန့်ချမယ့်နေ့က မော်စကိုတရားရုံးဝန်းကျင်မှာ ရာပေါင်းများစွာသော လူငယ်တွေအများအပြား စုဝေးခဲ့ကြပြီး ပါတီကို ထောက်ခံတဲ့ ကြွေးကြော်သံနဲ့ သီချင်းတွေကို သီဆိုခဲ့ကြတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြထားတဲ့ ဗီဒီယိုတွေအရ တရားရုံးက ယာဘိုလိုကိုပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်လိုက်ပြီဟု အမိန့်ချလိုက်ချိန်မှာ လူငယ်တွေက ” ရှက်စရာ” ” ရှက်စရာ” လို့ အော်ဟစ်ခဲ့ကြတယ်။

ရုရှားမျိုးချစ်ပါတီ ရိုဒီနာ က ယာဘိုလိုကို ပါတီဟာ အစွန်းရောက် ” နိုင်ငံတကာ LGBT လှုပ်ရှားမှုအဖွဲ့” ကို ထောက်ခံရုံမက ပါတီထိပ်တန်းခေါင်းဆောင်တဦးက မူပိုင်ခွင့်ချိုးဖောက်ပြီး အင်တာဗျူးတခုမှာ ဆိုဗီယက်ခေတ်က ” နေရောင်ခြည် အမြဲတောက်ပပါစေ”( Let there always be sunshine) ဆိုတဲ့သီချင်းကို သီဆိုခဲ့တယ်လို့ စွပ်စွဲခဲ့တယ်။

အလားတူ အတိုက်အခံ ” ယာဘလိုကို” ပါတီဟာ တတိယကြားခံအဖွဲ့အစည်းတခုကတဆင့် (ဂျာမနီနဲ့ အမေရိကန်အပါအဝင်) နိုင်ငံခြားတိုင်းပြည်များက ငွေကြေးထောက်ပံ့မှု ရယူခဲ့တယ်လို့ ရုရှား ငွေကြေးထောက်လှမ်းရေးအဖွဲ့က ဆိုတယ်။

ကရင်မလင်က ထိန်းချုပ်ထားတဲ့ “ရုရှား ဗဟိုရွေးကောက်ပွဲ ကော်မရှင်” ဟာ “ယာဘိုလိုကို” ပါတီကို ပြီးခဲ့တဲ့ ဇူလိုင်လက ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့တယ်။

ဒါပေမယ့် အဲဒီအချိန်ကစပြီး ပါတီ ဒု-ဥက္ကဌနှစ်ဦးနဲ့ ပါတီလက်ထောက်ခေါင်းဆောင် မက်ဇင် ကရုလော့ဗ် အပါအဝင် ပါတီဝင်အများအပြား ရွေးကောက်ပွဲဝင်ခွင် တားမြစ်ခံခဲ့ရတယ်။ ပါတီ ဒုတိယခေါင်းဆောင် မက်ဇင် ကရုလေ့ာဗ် ဟာ ဘူချာ၊ မာရီယူပိုလ် စတဲ့ ယူကရိန်းမြို့တွေမှာ အရပ်သားများ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တဲ့အတွက် ထောင်ဒဏ်(၇)နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်။ ပြီးခဲ့တဲ့ တပတ်ကလည်း ယာဘိုလိုကို က ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် အလှူငွေထည့်ဝင်ဖို့ ပါတီဝက်ဆိုက်မှာ ဖော်ပြခဲ့ရာမှာ သူတို့ရဲ့ ဝက်ဆိုက် တိုက်ခိုက်ခံခဲ့ရတယ်။

“ယာဘလိုကို”ရဲ့ ကြွေးကြော်သံက ” ငြိမ်းချမ်းရေး နဲ့ လွတ်လပ်ရေးအတွက်” ဖြစ်ပြီး ” အပစ်အခတ်ရပ်စဲရေး၊ သံတမန်ရေး နဲ့ ငြိမ်းချမ်းရေး”ကို အားပေးထောက်ခံတယ်။ ( for a Russia free from fear and political repression) “ကြောက်ရွံ့မှုနဲ့ နိုင်ငံရေးဖိနှိပ်မှုက ရုရှားလွတ်မြောက်ရေး”ကို ထောက်ခံတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် စတင်ဆင်နွှဲချိန်ကစလို့ ကရင်မလင်ကို ဆန့်ကျင်တဲ့ အတိုက်အခံမှန်သမျှကို အာဏာပိုင်တွေက ချေမှုန်းပစ်ခဲ့တယ်။ ဒီစစ်ပွဲကို ဆန့်ကျင်သူ မည်သူမဆို စစ်အတွင်းကာလ ဆင်ဆာဥပဒေ( wartime censorship laws) အရ အရေးယူခံရပြီး ထောင်ဒဏ်ပြစ်ဒဏ် ကျခံရလေ့ရှိတယ်။

ဆန္ဒထုတ်ဖော်ခွင့် တားမြစ်ထားတဲ့ ရုရှားနိုင်ငံမှာ “ယာဘလိုကို”ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်တဲ့ တရားရုံး ရုံးဖြတ်ချက်ကို လာရောက်နားထောင်ကြတဲ့ စစ်ဆန့်ကျင်သူ ရုရှားတွေဟာ စုဝေးဆန္ဒဖော်ထုတ်ခွင့် တဒင်္ဂရရှိခဲ့ပြီး ” ယာဘိုလိုကို အတွက်” ” ” လွတ်လပ်ရေးအတွက်” လို့ ကြွေးကြော် အော်ဟစ်ခဲ့ကြတယ်။

“ယာဘလိုကို” ပါတီဟာ ၂၀၀၃ ခုနှစ်ကစပြီး ရုရှား အောက်လွှတ်တော်(ဒူးမား) ရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနေရာမှ အနိုင်မရခဲ့သေးဘူး။ ဒီပါတီကို တခါတုန်းက သမ္မတရွေးကောက်ပွဲဝင်ခဲ့သူ ဂရီဂိုရီ ယက်ဗ်လင်စကီးက ဦးဆောင်ခဲ့ပြီး နောက်ပိုင်း(၂၀၀၇ခုနှစ်)မှာ အခု ကွယ်လွန်သွားပြီးဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီ နဲ့ သဘောထားကွဲပြီး သူ့ကို ပါတီက ဖယ်ရှားပစ်ခဲ့တယ်။

ဒါပေမယ့် ” ယာဘလိုကို” ပါတီဟာ ခုချိန်ထိ ရုရှားနိုင်ငံရဲ့ စစ်ဆန့်ကျင်ရေးကြွေးကြော်သံကို အဆက်မပြတ် ကြွေးကြော်နေဆဲပဲဖြစ်တယ်။ “ယာဘလိုကို”ပါတီဟာ ရုရှားရဲ့ ချေချင်းညာစစ်ပွဲ၊ ၂၀၁၄ ခုနှစ် ကရိုင်းမီးယားသိမ်းပိုက်မှု နဲ့ ယူကရိန်းစစ်ပွဲတွေကို တောက်လျှောက် ဆန့်ကျင်လာခဲ့တယ်။

လက်ရှိချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အင်တာနက်ပြတ်တောက်မှု နဲ့ ဒရုန်းတိုက်ခိုက်ခံရမှုတွေကြောင့် အာဏာရပါတီ United Russia အပေါ် လူကြိုက်များမှု ကျဆင်းလာနေပြီးအတိုက်အခံ ယာဘလိုကို (Yabloko)ပါတီထောက်ခံသူတွေ များလာနေတယ်။
ရုရှား ဗဟို ရွေးကောက်ပွဲကော်မရှင်က ကနဦးမှာ “ယာဘလိုကို”ရဲ့ ရွေးကောက်ပွဲဝင်ခွင့်ကို ခွင့်ပြုခဲ့တယ်။ အရင် ရွေးကောက်ပွဲရလဒ်တွေအရ ဒီပါတီက မဲအများကြီးမရနိုင်သလို စစ်ဆန့်ကျင်ရေးကို လူအများက မလိုလားဘူးလို့ ယူဆခဲ့တယ်။

ဒါပေမယ့် ခု နောက်ဆုံးမှာ ယူကရိန်စစ်ပွဲအပေါ် ဆန့်ကျင်သူတွေ များပြားလာနေတဲ့အတွက် သူတို့ရဲ့ တွက်ဆမှုကို ပြန်လည်ပြင်ဆင်လိုက်တာဖြစ်တယ်။

အတိုက်အခံနိုင်ငံရေးအင်အားစု မပါဝင်တဲ့ ရွေးကောက်ပွဲကို လူများစု စိတ်ဝင်စားမှု မရှိတဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ မဲပေးသူ အနည်းငယ်သာ ရှိနိုင်တယ်။ လက်ရှိအာဏာရပါတီကို ဆန့်ကျင်နေကြသူအပါအဝင် မဲလာပေးသူ နည်းလေ ကရင်မလင်အစိုးရအတွက် အကျိုးရှိလေပါပဲ။

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီ(၁၀)ခုစလုံးက ယူကရိန်းစစ်ပွဲကို ထောက်ခံကြသူတွေ(သို့မဟုတ်) ပွင့်ပွင့်လင်းလင်း မဝေဖန်၊ မဆန့်ကျင်ရဲကြတဲ့ ပါတီတွေသာ ဖြစ်တယ်။

လက်ရှိချိန်မှာ သမ္မတပူတင်ရဲ့ United Russia ပါတီ လူကြိုက်များမှု ကျဆင်းနေပေမယ့် ကရင်မလင်အနေနဲ့ စိုးရိမ်စရာ မရှိပါဘူး။ ရွေးကောက်ပွဲကို မနိုင် နိုင်အောင် လုပ်နိုင်မယ့်နည်းလမ်းတွေ အများကြီး ကရင်မလင်မှာ ရှိနေတယ်လို့ ဆိုတယ်။

ခုလို ရုရှားဗဟိုတရားရုံးက အတိုက်အခံပါတီ “ယာဘလိုကို”(Yabloko) ကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်ပြီး သိပ်မကြာခင်မှာပဲ ပါတီ လက်ထောက်ခေါင်းဆောင်၊ ထင်ရှားတဲ့ စစ်ဆန့်ကျင်ရေး နိုင်ငံရေးသမား လက်ဗ် ရှလို့စ်ဘာ့ဂ် ကို ထောင်ဒဏ် (၁၁)နှစ် ပြစ်ဒဏ်ချမှတ်
လိုက်တယ်။ ပြစ်ဒဏ်ချမှတ်ရခြင်းအကြောင်းကတော့ ရှလို့စ်ဘာ့ဂ်ဟာ ” ရုရှားစစ်တပ်အပေါ်အသရေဖျက်မှု ကျူးလွန်ခဲ့ပြီး သတင်းမှားတွေ ဖြန့်ဝေခဲ့တဲ့အတွက်” လို့ ရုရှားအနောက်မြောက် ပက်စ်ကော့ဗ်မြို့တရားရုံးရဲ့ အမိန့်မှာ ဖော်ပြထားတယ်။

အသက်(၆၃)နှစ်အရွယ်ရှိ ရှလို့စ်ဘာ့ဂ်က တရားရုံးရဲ့အမိန့်ကို ကန့်ကွက်ခဲ့ပြီး သူ့အပေါ် ပြစ်ဒဏ် မကျ ကျအောင် တရားသူကြီးတွေက တမင် ကျုံးသွင်းမေးခွန်းတွေ မေးခဲ့ကြတယ်လို့ ဆိုတယ်။

ရုရှားအတိုက်အခံနဲ့ စစ်ဆန့်ကျင်ရေးနိုင်ငံရေးသမား ရှလို့စ်ဘာ့ဂ်ကို ပြစ်ဒဏ်ချမှတ်တဲ့နေ့ဟာ သူ့ရဲ့ ပါတီ” ယာဘလိုကို” ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရမှုအတွက် ဗဟိုတရားရုံးက အယူခံပယ်ချလိုက်တဲ့ နေ့လည်းဖြစ်တယ်။ အာဏာသက်တမ်း (၂၇)နှစ်ရှိပြီဖြစ်တဲ့ သမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲစတင်ချိန်ကစလို့ သူ့ကိုဆန့်ကျင်တဲ့ လက်ကျန်အတိုက်အခံအားလုံးကို ချေမှုန်းခဲ့တယ်။ ရှလို့စ်ဘာ့ဂ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို အဆက်မပြတ် တောင်းဆိုနေခဲ့ပြီး ” နိုင်ငံရေးအရဆွေးနွေးဖို့” တိုက်တွန်းခဲ့တယ်။

လာမယ့် စက်တင်ဘာ(၂၀-၂၁)မှာ ရုရှား ဒူးမားအောက်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပတဲ့အခါ အတိုက်အခံ စစ်ဆန့်ကျင်ရေး လစ်ဘရယ်ပါတီ ” ယာဘလိုကို”(Yabloko) ပါဝင်မှာမဟုတ်ဘဲ လက်ရှိ အာဏာရ United Russia ပါတီနဲ့ ကရင်မလင်လိုလားတဲ့(၁၀)ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး နောက်ဆုံးမှာ သမ္မတ ပူတင်ရဲ့ United Russia ပါတီကပဲ အမတ်ဦးရေအများဆုံးနဲ့ အနိုင်ရသွားဖို့ ရှိနေကြောင်းပါ။

#CWM , ref: Russia’s prominent anti-war politician jailed for 11 years. Russian court bars only anti-war party from standing in parliamentary electionsBBCWorl.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now