ဆောင်းပါး

ဘောလုံးဖွံ့ဖြိုးရေးနဲ့ နိုင်ငံတည်ဆောက်ရေး

မဲခေါင် 10 Jul - 2026
~ မာန်လုငယ် ~ တော်လှန် ဆိုတာကို အဓိပ္ပါယ်တခုက အရှိန်အဟုန်ဖြင့် ပြောင်းလဲခြင်း လို့ နိုင်ငံရေးသိပ္ပံက အဓိပ္ပါယ်ဖွင့်ထားပါတယ်။ တတိယအကြိမ် စစ်အာဏာသိမ်းပြီးနောက် မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိ လူမှုသဟာဇာတဖြစ်မှု (Social Harmony) တွေ ပျက်စီးယိုယွင်းသွားခဲ့ပါတယ်။ မတူကွဲပြားမှုများစွာ ရှိနေတဲ့ မြန်မာနိုင်ငံလို လူ့အဖွဲ့အစည်းအတွက် နိုင်ငံတည်ဆောက်ရေးမှာ လူမှုသဟာဇာတဖြစ်မှုက အရေးပါပါတယ်။ လူမှုသဟာဇာတဖြစ်မှုကို တည်ဆောက်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့ ဘောလုံးအားကစား ဖြစ်ပါတယ်။ ဘောလုံးကို ကျယ်ကျယ်ပြန့်ပြန့် အခြေခံကနေ စတင်တည်ဆောက်နိုင်မယ်ဆိုရင် ၁၀ နှစ်ကျော်အတွင်း မျိုးဆက်သစ်များအကြား လူမှုသဟာဇာတဖြစ်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးကိစ္စများအပြီး လူထုအကြား အငြင်းပွားဆွေးနွေးမှု အများဆုံးကိစ္စတွေထဲမှာ ဘောလုံးအားကစားလည်း ပါဝင်ပါတယ်။ မကြာသေးခင်က

~ မာန်လုငယ် ~

တော်လှန် ဆိုတာကို အဓိပ္ပါယ်တခုက အရှိန်အဟုန်ဖြင့် ပြောင်းလဲခြင်း လို့ နိုင်ငံရေးသိပ္ပံက အဓိပ္ပါယ်ဖွင့်ထားပါတယ်။

တတိယအကြိမ် စစ်အာဏာသိမ်းပြီးနောက် မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိ လူမှုသဟာဇာတဖြစ်မှု (Social Harmony) တွေ ပျက်စီးယိုယွင်းသွားခဲ့ပါတယ်။ မတူကွဲပြားမှုများစွာ ရှိနေတဲ့ မြန်မာနိုင်ငံလို လူ့အဖွဲ့အစည်းအတွက် နိုင်ငံတည်ဆောက်ရေးမှာ လူမှုသဟာဇာတဖြစ်မှုက အရေးပါပါတယ်။

လူမှုသဟာဇာတဖြစ်မှုကို တည်ဆောက်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့ ဘောလုံးအားကစား ဖြစ်ပါတယ်။ ဘောလုံးကို ကျယ်ကျယ်ပြန့်ပြန့် အခြေခံကနေ စတင်တည်ဆောက်နိုင်မယ်ဆိုရင် ၁၀ နှစ်ကျော်အတွင်း မျိုးဆက်သစ်များအကြား လူမှုသဟာဇာတဖြစ်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးကိစ္စများအပြီး လူထုအကြား အငြင်းပွားဆွေးနွေးမှု အများဆုံးကိစ္စတွေထဲမှာ ဘောလုံးအားကစားလည်း ပါဝင်ပါတယ်။ မကြာသေးခင်က သစ္စာအားမာန်အသင်းအတွက် ပံ့ပိုးမှုလိုအပ်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ယေဘုယျအားဖြင့် မြန်မာဘောလုံးဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ တာဝန်အရှိဆုံးလို့ ပြောနိုင်ပေမယ့် အဲဒီလို ပြောရုံနဲ့တော့ မလုံလောက်ပါဘူး။ တကယ်တော့ မြန်မာဘောလုံး ကျဆင်းလာခြင်းဟာ နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ရေးယန္တရားတွေကိုပါ ထိစပ်နေပါတယ်။

ဘောလုံးအဖွဲ့ချုပ်ကို ဝေဖန်ကြတဲ့ လက်သင့်စားတော်ဝါဒ၊ “မိုးကျရွှေကိုယ်” စနစ်နဲ့ အကျင့်ပျက်ခြစားမှုတွေဟာ မြန်မာနိုင်ငံရဲ့ ဗျူရိုကရေစီယန္တရားထဲမှာ ဆယ်စုနှစ်များစွာ အမြစ်တွယ်နေတဲ့ ပြဿနာများဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဘောလုံးဖွံ့ဖြိုးရေးကို ဘောလုံးသမားတွေ၊နည်းပြတွေနဲ့ ကွင်းထဲကအနိုင်အရှုံးတွေအကြောင်းသာ ပြောနေရုံနဲ့ မရပါဘူး။ ဘောလုံးလောကဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြဿနာတွေကို ထင်ဟပ်နေတဲ့ ကြေးမှုံမှန်တစ်ချပ်လည်း ဖြစ်ပါတယ်။

ဘောလုံးအပါအဝင် အားကစားများ ဖွံ့ဖြိုးဖို့ဆိုရင် ကစားသူများအပြင် ကစားစရာနေရာများလည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ မြေဧရိယာ ကျယ်ဝန်းသလို ရန်ကုန်လို လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာတောင် စီမံခန့်ခွဲမှုကောင်းရင် ကစားကွင်းများ တိုးချဲ့နိုင်ပါတယ်။

ဥပမာအားဖြင့် သုဝဏ္ဏအားကစားကွင်းအနီး ဝေဇယန္တာလမ်းမကြီးပေါ်ရှိ တောင်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက်အလိုက် ဘောလုံးကွင်းများ ရှိသော်လည်း အသုံးပြုခွင့် ကန့်သတ်ထားတာတွေ တွေ့ရပါတယ်။ ဦးဝိစာရလမ်းမပေါ်ရှိ M-3 ကွင်းကိုလည်း အဆင့်မြှင့်တင်ထားသော်လည်း လူငယ်များ လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ ပုံစံမျိုး မဟုတ်သေးပါဘူး။

တကယ်တော့ ဘောလုံးကွင်းတစ်ကွင်းရဲ့ အလှအပဟာ ခမ်းနားမှုမှာ မဟုတ်ပါဘူး။ ကစားသူတွေနဲ့ ပြည့်နှက်နေခြင်းမှာ ဖြစ်ပါတယ်။

M-3 ကွင်းလို နေရာမျိုးတွေကို အများပြည်သူ အသုံးပြုနိုင်အောင် စီမံပေးမယ်ဆိုရင် ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်စတဲ့ မြို့နယ်တွေက လူငယ်တွေ လာရောက်ကစားကြမှာ ဖြစ်ပါတယ်။

အလုံဘောလုံးကွင်းလို နေရာမျိုးတွေကိုလည်းဖဲ့ထုတ်ပြီး စက်သုံးဆီဆိုင် စီးပွားရေးလုပ်ငန်းများအတွက် လျှော့ချအသုံးပြုမယ့်အစား အားကစားကွင်းအဖြစ် ဆက်လက်ထိန်းသိမ်းသင့်ပါတယ်။ အဲဒီဒေသဟာ ဘောလုံး၊ ပိုက်ကျော်ခြင်းနဲ့ ဘော်လီဘော ထူးချွန်သူများ ပေါ်ထွက်ခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ စက်သုံးဆီဆိုင်မဖွင့်ခင်က ဘောလုံးကွင်းနဲ့အတူ ဘောလီဘောကစားကြတဲ့နေရာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရန်ကုန်မြို့ရှိ စာသင်ကျောင်းအများစုမှာ ကစားကွင်းများ ရှိကြပါတယ်။ ကျောင်းဆင်းချိန်များနဲ့ ကျောင်းပိတ်ရက်များတွင် လူငယ်များ အသုံးပြုနိုင်အောင် စီမံပေးနိုင်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။

အခြေခံအကျဆုံးနဲ့ အသေချာဆုံးအချက်ကတော့ ဘောလုံးကစားသူ အရေအတွက် များလာရင် အရည်အသွေးရှိတဲ့ ကစားသမားတွေ ပိုမိုပေါ်ထွက်လာမယ် ဆိုတာပါပဲ။

ယနေ့ ရန်ကုန်မြို့မှာ ဖူဆယ်မြက်ခင်းတုကွင်းများ တိုးလာနေပါတယ်။ အဲဒီကွင်းများဟာ စီးပွားရေးအရ အကျိုးအမြတ်ရသလို လူငယ်များအတွက်လည်း အခွင့်အလမ်းတစ်ခု လို့မြင်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) နယ်မြေအတွင်း ပုဂ္ဂလိကပိုင်နှင့် အစိုးရပိုင် အပါအဝင် မြက်ခင်းတု ဖူဆယ်ကွင်း စုစုပေါင်း ၁၆၀ ကျော် တည်ရှိပါတယ်လို့ဆိုပါတယ်။

ပုဂ္ဂလိကကျောင်းများနဲ့ ပူးပေါင်းပြီး ကျောင်းသားကတ်ပြကာ လာရောက်ကစားတဲ့ လူငယ်များကို ကွင်းငှားခ လျှော့ပေါ့ပေးတဲ့ စနစ်မျိုး ဖော်ဆောင်နိုင်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ ဒါတွေဟာ အစိုးရရဲ့ မူဝါဒ၊ လိုင်စင်စည်းမျဉ်းများ၊ အားပေးဆောင်ရွက်မှုများနဲ့ အကောင်အထည်ဖော်နိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများဘက်ကို ကြည့်မယ်ဆိုရင် ကစားသမားအရင်းအမြစ်လည်း ရှိသလို ကစားကွင်းများလည်း ရှိနေပြီး အချို့ဒေသများမှာ ပိုလျှံနေတောင် ရှိပါတယ်။

လိုအပ်တာက လူငယ်နည်းပြများ မွေးထုတ်ရေး ဖြစ်ပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအထိ အခြေခံနည်းပြသင်တန်းများကနေ အဆင့်မြင့်နည်းပြသင်တန်းများအထိ စနစ်တကျ ဖွင့်လှစ်ပေးရပါမယ်။ နည်းပြလိုင်စင်များ၊ အကယ်ဒမီဖွင့်လှစ်ခွင့်များကိုလည်း စနစ်တကျ စီမံခန့်ခွဲပေးရပါမယ်။

အဲဒီလို လုပ်ဆောင်နိုင်မယ်ဆိုရင် ယူ-၁၇ အဆင့်မှာ ပထမရခဲ့တဲ့ ကရင်ပြည်နယ်လိုအသင်းတစ်သင်းတည်း မဟုတ်ဘဲ ကချင်၊ ချင်း၊ ကယား၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ စတဲ့ ဒေသများက အသင်းများလည်း ပေါ်ထွက်လာနိုင်ပါတယ်။

မြန်မာဘောလုံးဖွံ့ဖြိုးရေးဟာ ဘောလုံးကွင်းထဲက ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။ လူငယ်မူဝါဒ၊ အုပ်ချုပ်ရေးစနစ်၊ ပညာရေး၊ မြို့ပြစီမံကိန်းနဲ့ လူမှုသဟာဇာတဖြစ်မှုတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတည်ဆောက်ရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တော်လှန်ရေး ဆိုတာ လူ့အဖွဲ့အစည်းကို ပြောင်းလဲခြင်းဖြစ်တယ် ဆိုတဲ့အတိုင်း အပြောင်းအလဲနဲ့ ပတ်သက်တာကို စဥ်းစားကြည့်မိတာ။

#MeKongNews
#ဆောင်းပါး
#မာန်လုငယ်
#မြန်မာဘောလုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now