ဆောင်းပါး

အမေရိကန်ကို နေ့ချင်းပြန် သွားကစားမယ့် အီရန်အသင်း၊ ဆိုမာလီဒိုင်လူကြီး ပြည်ဝင်ခွင့်တားဆီးခံရမှုပြဿနာများနဲ့ ထူးထူးခြားခြား ၂၀၂၆ ကမ္ဘာ့ဖလား

မဲခေါင် 11 Jun - 2026
~ CWM ~ ကျင်းပပြီးစီးခဲ့သမျှ ကမ္ဘာ့ဖလားတွေထဲမှာ ဒီနှစ်(၂၀၂၆)မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အထူးခြားတကာ့ အထူးခြားဆုံး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲလို့ ပြောရတော့မှာပါ။ ပြိုင်ပွဲကျင်းပတဲ့ပုံစံတွေ ပြောင်းလဲထားသလို အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံကလည်း အရင်နဲ့မတူ သုံးနိုင်ငံ ပူးတွဲကျင်းပတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက တောင်ကိုးရီးယားနဲ့ ဂျပန်နှစ်နိုင်ငံ ပူးတွဲအိမ်ရှင်လုပ်ခဲ့ဖူးတယ်။ ဒီနှစ်မှာတော့ အမေရိကန်၊ မက္ကဆီကို နဲ့ ကနေဒါ သုံးနိုင်ငံမှာ ကျင်းပမှာဖြစ်သလို ဖွင့်ပွဲအခမ်းအနားတွေကိုလည်း သုံးနိုင်ငံမှာ ကျင်းပမှာဖြစ်တယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြောစမှတ်တွင်မယ့် ပြိုင်ပွဲတခုလို့ဆိုလည်း မမှားပါဘူး။ အရင်ပြိုင်ပွဲတွေတုန်းက စုစုပေါင်း(၃၂)သင်းပဲ ယှဉ်ပြိုင်ကစားရာက ခုပြိုင်ပွဲမှာ အသင်းပေါင်း(၄၈)သင်းအထိ ဖီဖာက တိုးမြှင့်ပါဝင်ယှဉ်ပြိုင်ခွင့်ပေးထားတယ်။ ကမ္ဘာ့နိုင်ငံပေါင်း(၄၈)နိုင်ငံ ပါဝင်ယှဉ်ပြိုင်မယ့် ဒီနှစ် ကမ္ဘာ့ဖလားမှာ

~ CWM ~

ကျင်းပပြီးစီးခဲ့သမျှ ကမ္ဘာ့ဖလားတွေထဲမှာ ဒီနှစ်(၂၀၂၆)မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အထူးခြားတကာ့ အထူးခြားဆုံး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲလို့ ပြောရတော့မှာပါ။ ပြိုင်ပွဲကျင်းပတဲ့ပုံစံတွေ ပြောင်းလဲထားသလို အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံကလည်း အရင်နဲ့မတူ သုံးနိုင်ငံ ပူးတွဲကျင်းပတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက တောင်ကိုးရီးယားနဲ့ ဂျပန်နှစ်နိုင်ငံ ပူးတွဲအိမ်ရှင်လုပ်ခဲ့ဖူးတယ်။ ဒီနှစ်မှာတော့ အမေရိကန်၊ မက္ကဆီကို နဲ့ ကနေဒါ သုံးနိုင်ငံမှာ ကျင်းပမှာဖြစ်သလို ဖွင့်ပွဲအခမ်းအနားတွေကိုလည်း သုံးနိုင်ငံမှာ ကျင်းပမှာဖြစ်တယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြောစမှတ်တွင်မယ့် ပြိုင်ပွဲတခုလို့ဆိုလည်း မမှားပါဘူး။ အရင်ပြိုင်ပွဲတွေတုန်းက စုစုပေါင်း(၃၂)သင်းပဲ ယှဉ်ပြိုင်ကစားရာက ခုပြိုင်ပွဲမှာ အသင်းပေါင်း(၄၈)သင်းအထိ ဖီဖာက တိုးမြှင့်ပါဝင်ယှဉ်ပြိုင်ခွင့်ပေးထားတယ်။ ကမ္ဘာ့နိုင်ငံပေါင်း(၄၈)နိုင်ငံ ပါဝင်ယှဉ်ပြိုင်မယ့် ဒီနှစ် ကမ္ဘာ့ဖလားမှာ ကမ္ဘာက သိပ်မကြားဖူးသေးတဲ့ မျက်နှာသစ်နိုင်ငံအသင်းနှစ်သင်းလည်း ပါဝင်လာတာ တွေ့ရတယ်။

လက်တင်အမေရိက ကွန်ကာကက်ဖ်ဇုန်ကနေ ခြေစစ်ပွဲအောင်လာတဲ့ “ကူရာဆော” အသင်းနဲ့ အာဖရိကဇုန်က ခြေစစ်ပွဲအောင်လာတဲ့ “ကိုဘီ ဗာဒီ(ကိတ်ဗာဒီ)” အသင်းတို့ပါ။ ထူးခြားတာက ဒီအသင်းနှစ်သင်းစလုံးက အင်မတန်သေးငယ်တဲ့ ကျွန်းနိုင်ငံတွေ ဖြစ်နေကြခြင်းပါ။ “ကူရာဆော” ဟာ ကာရစ်ဘီယံပင်လယ်တောင်ဘက်ခြမ်း ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ထဲက လူဦးရေ တစ်သိန်းငါးသောင်းသာရှိတဲ့ ကျွန်းနိုင်ငံကလေးပါ။ ကူရာဆောဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့အသေးငယ်ဆုံး ကျွန်းနိုင်ငံလည်း ဖြစ်တယ်။ ကူရာဆောအသင်း ဟာ လက်တင်အမေရိက ကွန်ကာကက်ဖ်ဇုန်ကနေ ရှုံးပွဲမရှိခြေစစ်ပွဲအောင်လာခဲ့တာပါ။

နောက်တသင်းက အနောက်အာဖရိက အတ္တလန္တိတ်သမုဒ္ဒရာထဲက “ကိုဘီ ဗာဒီ” အသင်းပါ။ အရင်တုန်းက “ကိတ်ဗာဒီ”လို့ခေါ်တဲ့ နိုင်ငံဖြစ်ပြီး မီးတောင်ကျွန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လူဦးရေ ငါးသိန်းကျော်သာရှိတဲ့ ကျွန်းနိုင်ငံလည်းဖြစ်တယ်။ ဒီအသင်းကလည်း အာဖရိကဇုန်ကနေ နာမည်ကြီး ကင်မရွန်းလို အသင်းမျိုးကို ကျော်ဖြတ်ပြီး ခြေစစ်ပွဲ အောင်လာခဲ့တာပါ။

ဒီနှစ်ကမ္ဘာ့ဖလားမှာ အသင်းအရေအတွက် တိုးထားလို့ ကမ္ဘာ့ဖလား တခါမှ မကစားဖူးတဲ့ ကူရာ​ဆောနဲ့ ကိုဘီဗာဒီ အသင်းနှစ်သင်းအပြင် အာရှတိုက်က ဥဇဘက်ကစ္စတန် နဲ့ ဂျော်ဒန်အသင်းတို့လည်း ပါဝင်လာတယ်။ အာရှအလယ်ပိုင်းက အသင်းတသင်း ပထမဆုံး ပါဝင်လာတာပါ။

ခုဆိုရင် ယှဉ်ပြိုင်ကစားမယ့်အသင်းတွေ အိမ်ရှင်နိုင်ငံတွေကို ရောက်ရှိလာကြပါပြီ။ ဒီနေရာမှာ ထူးခြားမှုတခုက အိမ်ရှင်အမေရိကန်က နိုင်ငံတချို့ကို ပြည်ဝင်ခွင့်ဗီဇာတွေကို တင်းကြပ်ထားတဲ့အတွက် ကစားသမားတချို့ နဲ့ တာဝန်ရှိသူတချို့ နိုင်ငံထဲဝင်ဖို့ အခက်အခဲတွေ့နေရတာပါ။ ဆွစ်ဇာလန်တိုက်စစ်မှူး ဘရီးလ် အမ်ဘိုလို ဟာ သူ့ရဲ့ ခရီးသွားလာခွင့်(ESTA) မှာ ပြစ်ချက်ရှိတယ်ဆိုပြီး တားမြစ်ခံခဲ့ရသလို အီရတ်တိုက်စစ်မှု အာမင်ဟူစိန်ကိုလည်း ချီကာဂိုလေဆိပ်မှာ တာဝန်ရှိသူတွေက (၇)နာရီကြာ တားဆီးစစ်ဆေးခဲ့တယ်။ နောက်တော့ အမ်ဘိုလိုကို ပြည်ဝင်ခွင့်ပြုလိုက်သလို အီရတ်တိုက်စစ်မှူး အာမင်ဟူစိန်ကိုလည်း ဝင်ခွင့်ပေးလိုက်တယ်။ ဒါပေမယ့် အီရတ်အသင်းနဲ့အတူ လိုက်ပါလာတဲ့ ဓါတ်ပုံဆရာ တာလယ်ဆာလာကိုတော့ နိုင်ငံတွင်း ဝင်ခွင့်မပြုဘဲ ပြန်လွှတ်လိုက်တယ်။

အဆိုးရွားဆုံးကိစ္စတခုကတော့ ဆိုမာလီ ဒိုင်လူကြီး အိုမာအာတန် ကို အမေရိကန်က ပြည်ဝင်ခွင့်မပေးဘဲ ပယ်ချလိုက်တာပါ။ အိုမာအာတန် က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ တာဝန်ပေးအပ်ချက်အရ ဒိုင်လူကြီးအဖြစ် တာဝန်ယူဖို့ ရောက်လာခဲ့သူပါ။ သူ့ကို မီယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ်အရောက်မှာ အမေရိကန် နယ်ခြားလုံခြုံရေးတာဝန်ရှိသူက တားမြစ်လိုက်တာပါ။ ဆိုမာလီဟာ ဒေါ်နယ်ထရမ့်က ခရီးသွားလာခွင့် ပိတ်ပင်တားဆီးခံထားရတဲ့ အာဖရိကနိုင်ငံတခုပါ။ ခုလို ဖီဖာဒိုင်လူကြီးတဦးကိုတောင် ဝင်ခွင့်မပြုတဲ့ကိစ္စအပေါ် ဖီဖာတာဝန်ရှိသူတွေက ဘာမှ တာဝန်ယူပေးနိုင်ခြင်း မရှိဘူးလို့ သိရတယ်။

ဒီနှစ်ကမ္ဘာ့ဖလားမှာ ထူးခြားတဲ့ဖြစ်ရပ်တခုက စစ်ဖြစ်နေတဲ့ အီရန်ဘောလုံးအသင်း အမေရိကန်မှာ ဘောလုံးယှဉ်ပြိုင်ကစားပြီးတာနဲ့ ချက်ချင်း နိုင်ငံထဲက ထွက်ခွါပေးရမယ့် ဖြစ်ရပ်ပါ။ အမေရိကန် နဲ့ အီရန်စစ်ပွဲ မပြီးသေးသလို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်းရဲ့ ပြည်ဝင်ခွင့်ကလည်း ပြဿနာတွေ အများကြီးနဲ့ပါ။ အမေရိကန်က အီရန်ဘောလုံးသမားတွေကို ပြည်ဝင်ခွင့်ပေးလိုက်ပေမယ့် အသင်းတာဝန်ရှိသူတချို့ကိုတော့ ပြည်ဝင်ခွင့်မပေးဘဲ တားမြစ်ထားတယ်။ အီရန်အသင်းဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ နယူးဇီလန်အသင်းနဲ့ ဇွန်လ(၁၅)ရက်မှာ ကစားပြီး ဘယ်လ်ဂျီယံအသင်းနဲ့ ဆက်ကစားရမယ်။

အီရန်တသင်းလုံး ပြည်ဝင်ခွင့်မရတဲ့အတွက် အီရန်အသင်းဟာ မက္ကဆီကိုနိုင်ငံ၊ တီဟားနားမှာ စခန်းချနေထိုင်ပြီး ပြည်ဝင်ခွင့်ရတဲ့ ဘောလုံးသမားတွေနဲ့ နည်းပြတွေက အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ သွားကစားရမှာဖြစ်တယ်။ ကစားပြီးတာနဲ့ မက္ကဆီကို ကို နေ့ချင်းလေယာဉ်နဲ့ ပြန်လာကြရမှာဖြစ်တယ်။ ပွဲကစားတဲ့နေ့တိုင်း အီရန်အသင်းက အမေရိကန်ကို လာကစားရမှာဖြစ်ပြီး ကစားပြီးတာနဲ့ ပြန်ရမှာဖြစ်တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာတော့ ဒီဖြစ်ရပ်ဟာ အင်မတန်ထူးခြားတဲ့ ဖြစ်ရပ်လို့ ဆိုရမယ်။
ခုလို ကစားသမားတွေ၊ ဒိုင်လူကြီးနဲ့ ဘောလုံးအသင်းတွေသာမက သာမန်ပြည်သူ ပရိသတ်တွေလည်း အမေရိကန်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲ လာရောက်ကြည့်ရှုဖို့ အခက်အခဲအတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ မတ်လက အီရတ်ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့တယ်။ အီရတ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တော့ အီရတ်နိုင်ငံသား အဗ္ဗဒူလာ အက်ဒနန်ဟာ အမေရိကန်မှာ ကျင်းပမယ့် အီရတ်အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးဖို့ ကြံစည်ခဲ့တယ်။

” ဘောလုံးကွင်းကြီးရယ်၊ ပရိသတ်တွေရယ်၊ အားပေးအော်ဟစ်သံတွေရယ်၊ ကိုယ့်အသင်းကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုအားပေးရမှာရယ်ကြောင့် ဒီပွဲကို အားပေးရတာ တန်ပါတယ်။ ဒီခံစားမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ခံစားမှုပါ” လို့ အက်ဒ်နန်က ပြောတယ်။ အီရတ်အသင်းဟာ ၁၉၈၆ခုနှစ်နောက်ပိုင်း နှစ်ပေါင်း(၄၀)အတွင်း ပထမဆုံးအကြိမ်ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။

ဒါပေမယ့် အင်ဒ်နန်အတွက် အဓိက အခက်အခဲက အမေရိကန်ဗီဇာပါ။

ဒါက အက်ဒ်နန်တယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားနေတဲ့ နိုင်ငံ လေးပုံတပုံက ပရိသတ်တွေလည်း အက်ဒ်နန်လိုပဲ အမေရိကန်ကို သွားရောက်ကြည့်ရှုဖို့ အခက်ကြုံနေကြတယ်။ ဒီအထဲမှာ ခရီးသွားလာခွင့် ပိတ်ပင်ထားတာ၊ ပြည်ဝင်ခွင့်ဗီဇာ အပယ်ခံရတာ၊ ဗီဇာစည်းကမ်းတင်းကျပ်ထားတာတွေ ပါဝင်တယ်။

အီရတ်က အမေရိကန်ရဲ့ ပြည်ဝင်ခွင့်တားမြစ်ခံထားရတဲ့နိုင်ငံတွေထဲမှာတော့ မပါဘူး။ ဒါပေမယ့် အက်ဒ်နန်ရဲ့အဖြစ်က မထင်မှတ်ထားတဲ့ အဖြစ်ပါ။

အမေရိကန်-အစ္စရေးနဲ့ အီရန် စစ်ဖြစ်ကြတော့ အမေရိကန်က အီရတ်မှာရှိတဲ့ အလှည့်ကျဖွင့်နေတဲ့ ကောင်စစ်ဝန်ရုံးကို လုံခြုံရေးအခြေအနေအရ ပိတ်လိုက်တယ်။ ဒါကြောင့် အက်ဒ်နန်အပါအဝင် အီရတ်ပရိသတ်တွေ အီရတ်နိုင်ငံထဲမှာ အမေရိကန်ဗီဇာရဖို့ အခက်ကြုံသွားတယ်။
ဒါ့ကြောင့် အက်ဒ်နန်ဟာ အိမ်နီးချင်း ဂျော်ဒန်ကိုသွားပြီး အမေရိကန်ဗီဇာရဖို့ကြိုးစားခဲ့ပြန်တယ်။ ဒါပေမယ့် ဂျော်ဒန်မှာရှိတဲ့ အမေရိကန်သံရုံးက သူဟာ ဂျော်ဒန်နိုင်ငံသားမဟုတ်တဲ့အတွက် ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တယ်။

အမေရိကန်မှာ ဘောလုံးပွဲသွားကြည့်ဖို့ ဂျော်ဒန်ကိုသွားခဲ့တဲ့ခရီးစရိတ်နဲ့ လက်မှတ်ဖိုးအပါအဝင် ကုန်ကျစရိတ်က ဒေါ်လာ(၁၈၀၀) လောက်ရှိတယ်။

ဒါနဲ့ တူရကီကိုသွားပြီး ဗီဇာလျှောက်ဖို့ အက်ဒ်နန်ကြိုးစားပြန်တယ်။ ဒါပေမယ့် တူရကီမှာ ဗီဇာရဖို့ စောင့်ရမယ့်အချိန်က အနည်းဆုံး နှစ်ပတ်ကြာမယ်။ ဒီလောက်အကြာကြီးတော့ သူ မစောင့်နိုင်ဘူး။ ဒါနဲ့ပဲ အက်ဒ်နန်ဟာ အမေရိကန်မှာ ဘောလုံးပွဲသွားကြည့်မယ့် အစီအစဉ်ကို လက်လျှော့လိုက်တယ်။

အလားတူ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နေပြီး ဒေါ်နယ်ထရမ့်က ပြည်ဝင်ခွင့်တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့ နိုင်ငံတွေက ပရိသတ်တွေလည်း ကမ္ဘာ့ဖလားကို လာဖို့ အခက်တွေ့နေတယ်။ ဒီအထဲမှာ ဟေတီ၊ အီရန်၊ ဆီနီဂေါ နဲ့ အိုင်ဗရီကို့စ်တို့ ပါဝင်တယ်။ ဒီနိုင်ငံက ပရိသတ်တွေကို တခြားနိုင်ငံကပရိသတ်တွေကို ထုတ်ပေးတဲ့ အလည်အပတ်ဗီဇာမျိုး ထုတ်မပေးဘူး။

၂၀၂၆ ခုနှစ်၊ အမေရိကန် ကမ္ဘာ့ဖလားဟာ ပြဿနာပေါင်းစုံနဲ့ ထူးခြားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလို့ ဆိုရမှာပါ။ ကျင်းပပြီးခဲ့သမျှ ကမ္ဘာ့ဖလားပြိုင်ကွဲတွေအနက် ဒီပြိုင်ပွဲက အသင်းအရေအတွက် အများဆုံး၊ ကျင်းပတဲ့ မြို့အများဆုံး၊ အိမ်ရှင်နိုင်ငံအများဆုံး ပါဝင်တဲ့ ပြိုင်ပွဲဖြစ်သလို ဒေါ်နယ်ထရမ့်ရဲ့ တင်းကျပ်တဲ့ ပြည်ဝင်ခွင့်မူဝါဒကြောင့် ပြိုင်ပွဲဝင်တွေ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြိုင်ပွဲလည်း ဖြစ်တယ်။ မကြာခင် (လာမယ့် ဇွန်လ ၁၁ရက် ကနေ ဇူလိုင်လ ၁၉ ရက်အထိ) လေးနှစ်တကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ရင်ခုန်လှုပ်ရှားဖွယ် ကြည့်ရှုကြရပါတော့မယ်။

#CWM Updates from BBC Sports. A World Cup for them not us’: Fans’ anger at US travel bans and visa restrictions.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now