ဆောင်းပါး

တရုတ်၏ ဘာသာစကားဆိုင်ရာ ဥပဒေသစ်က တိဘက်ကို ပစ်မှတ်ထားလာခြင်း (သို့မဟုတ်) တရုတ်မှုပြုခြင်းလုပ်ငန်းစဉ် ပိုမိုပြင်းထန်လာ

မဲခေါင် 24 Mar - 2026
~ လင်းမောင် ~ တရုတ်နိုင်ငံသည် တိုင်းရင်းသားလူနည်းစုများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သိသိသာသာ ကန့်သတ်မည့် ဥပဒေသစ်တစ်ရပ်ကို ပြဌာန်းရန် ပြင်ဆင်နေသည်။ ယင်းမှာ သမ္မတ ရှီကျင့်ဖျင်၏ “တရုတ်မှုပြုခြင်း” (Sinicisation) မူဝါဒမှတစ်ဆင့် နိုင်ငံ၏ တိုင်းရင်းသားအခင်းအကျင်းကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းသည့် နောက်ဆုံးခြေလှမ်း ဖြစ်သည်။ မတ်လ ၅ ရက်နေ့တွင် စတင်ခဲ့သော (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းရန် ရည်မှန်းထားသည့် ယင်းဥပဒေအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစုများအားလုံးသည် စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် မန်ဒရင်းတရုတ်စကားကို အဓိကသင်ကြားရေးဘာသာစကားအဖြစ် အသုံးပြုရန် သတ်မှတ်ထားသည်။ လက်တွေ့တွင်မူ ဤဥပဒေသည် မော်စီတုံးလက်ထက်ကတည်းက

~ လင်းမောင် ~

တရုတ်နိုင်ငံသည် တိုင်းရင်းသားလူနည်းစုများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သိသိသာသာ ကန့်သတ်မည့် ဥပဒေသစ်တစ်ရပ်ကို ပြဌာန်းရန် ပြင်ဆင်နေသည်။ ယင်းမှာ သမ္မတ ရှီကျင့်ဖျင်၏ “တရုတ်မှုပြုခြင်း” (Sinicisation) မူဝါဒမှတစ်ဆင့် နိုင်ငံ၏ တိုင်းရင်းသားအခင်းအကျင်းကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းသည့် နောက်ဆုံးခြေလှမ်း ဖြစ်သည်။

မတ်လ ၅ ရက်နေ့တွင် စတင်ခဲ့သော (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းရန် ရည်မှန်းထားသည့် ယင်းဥပဒေအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစုများအားလုံးသည် စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် မန်ဒရင်းတရုတ်စကားကို အဓိကသင်ကြားရေးဘာသာစကားအဖြစ် အသုံးပြုရန် သတ်မှတ်ထားသည်။ လက်တွေ့တွင်မူ ဤဥပဒေသည် မော်စီတုံးလက်ထက်ကတည်းက တရားဝင်တည်ရှိခဲ့သော တိုင်းရင်းသားလူနည်းစုများ၏ ကိုယ်ပိုင်ဘာသာစကားဖြင့် အဓိကဘာသာရပ်များကို သင်ကြားခွင့်ပေးထားသည့် ကာလရှည်ကြာ ကျင့်သုံးလာသော မူဘောင်များကို ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။

ဘေဂျင်းအစိုးရက ဤဥပဒေကို “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ” ဟု အမည်တပ်ထားပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် “တရုတ်လူမျိုးစုအတွင်း အသိုက်အဝန်းစိတ်ဓာတ်ကို ပုံဖော်ရန်” အလို့ငှာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ဝေဖန်သူများကမူ ဤဥပဒေသည် တိဘက်၊ ဝီဂါနှင့် မွန်ဂိုလီးယား လူမျိုးစုများကို ပစ်မှတ်ထားကာ ၎င်းတို့အား တရုတ်လူမျိုးများအဖြစ် အတင်းအကျပ် သွတ်သွင်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။

ကွဲပြားမှုမှ တူညီမှုဆီသို့

တရုတ်နိုင်ငံသည် ဟန်တရုတ်လူမျိုးများအပြင် အခြားတိုင်းရင်းသားလူနည်းစု ၅၅ စုကို တရားဝင်အသိအမှတ်ပြုထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဘာသာစကားနှင့် စာပေမျိုးစုံကို အသိအမှတ်ပြုထားသည်။ ဆယ်စုနှစ်များစွာကြာအောင် ဘေဂျင်းသည် တိဘက်၊ ရှင်းကျန်းနှင့် အတွင်းမွန်ဂိုလီးယား ဒေသများရှိ ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားဖြင့် သင်ကြားခွင့်ကို (စာရွက်ပေါ်တွင်ဖြစ်စေ) ခွင့်ပြုပေးခဲ့သည်။

ဥပဒေသစ်အရ တိုင်းရင်းသားဘာသာစကားများကို ဘာသာရပ်တစ်ခုအနေဖြင့် ဆက်လက်သင်ကြားနိုင်သော်လည်း အဓိက ပညာရပ်ဆိုင်ရာဘာသာရပ်များအတွက် သင်ကြားရေးဘာသာစကားအဖြစ် အသုံးပြုခွင့်ရှိတော့မည် မဟုတ်ပေ။ သမိုင်းပညာရှင် Benno Weiner က “ဤဥပဒေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်စဉ်က ပေးခဲ့သည့် လူမျိုးစုပေါင်းစုံ ချစ်ကြည်ရေး ကတိကဝတ်များကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်” ဟု မှတ်ချက်ပြုခဲ့သည်။

လုံခြုံရေးရှုထောင့်မှ ကြည့်ခြင်း

ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများကို နိုင်ငံရေးအရ ထိခိုက်လွယ်မှုအဖြစ် ရှုမြင်လာကြသည်။ ရှင်းကျန်းဒေသရှိ မူစလင်ဝီဂါလူမျိုးများအပေါ် ဘာသာရေးနှင့် ပညာရေးဆိုင်ရာ ကန့်သတ်မှုများ၊ တိဘက်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ပညာရေးစနစ်အပေါ် ထိန်းချုပ်မှုများမှာ ပိုမိုတင်းကျပ်လာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် အတွင်းမွန်ဂိုလီးယားဒေသ၌ မွန်ဂိုဘာသာစကားဖြင့် ရေးသားထားသော ဖတ်စာအုပ်များကို မန်ဒရင်းတရုတ်စာအုပ်များဖြင့် အစားထိုးရန် အမိန့်ထုတ်ခဲ့မှုကြောင့် ဆန္ဒပြပွဲများပင် ပေါ်ပေါက်ခဲ့ဖူးသည်။

ကန့်ကွက်သူများကို ရာဇဝတ်သားအဖြစ် သတ်မှတ်ခြင်း

ဤဥပဒေကြမ်းသည် ပညာရေးမူဝါဒထက် ပိုမိုကျယ်ပြန့်သည်။ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ “အမျိုးသားစည်းလုံးညီညွတ်ရေး” ကို ထိခိုက်စေသူ သို့မဟုတ် “ခွဲထွက်ရေး” ကို အားပေးသူဟု စွပ်စွဲခံရသူများကို တရားစွဲဆိုနိုင်မည့် ပြဌာန်းချက်များ ပါဝင်လာသည်။ ထို့ပြင် “တရုတ်ယဉ်ကျေးမှုဆိုင်ရာ ပြယုဂ်များ” ကို မြှင့်တင်ရန်အတွက် နိုင်ငံတော်တွင်သာ လုပ်ပိုင်ခွင့်အာဏာရှိသည်ဟု အခိုင်အမာဆိုထားပြီး၊ လူနည်းစုများ၏ ယဉ်ကျေးမှုဖော်ပြချက်များသည် အစိုးရ၏မူဝါဒနှင့် ကွဲလွဲနေပါက ၎င်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရနိုင်သည့် အခြေအနေရှိနေသည်။

နိဂုံး

တိဘက်၊ ဝီဂါနှင့် မွန်ဂိုလူမျိုးများအတွက် ဘာသာစကားသည် ပညာရေး၊ ဘာသာရေးနှင့် စုပေါင်းမှတ်ဉာဏ်များကို ချိတ်ဆက်ပေးထားသည့် အမှတ်အသားဖြစ်သည်။ စာသင်ခန်းများမှ ဘာသာစကားကို ဖယ်ရှားလိုက်ခြင်းသည် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံလာခဲ့သည့် ရိုးရာဓလေ့များကို ပျက်စီးစေရန် တွန်းအားပေးလိုက်ခြင်းပင်ဖြစ်သည်။ နိုင်ငံတော်စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်သည်ဆိုသော်လည်း ဤလှုပ်ရှားမှုသည် ဘေဂျင်းအစိုးရ တည်ငြိမ်အောင်လုပ်ဆောင်လိုသည့် ဒေသများရှိ ပြည်သူများ၏ စိမ်းကားမှုကိုသာ ပိုမိုနက်ရှိုင်းစေနိုင်သည်ဟု ဝေဖန်သူများက သတိပေးထားကြသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now