ဆောင်းပါး

တရုတ်၏ အာဏာရှင်စနစ်ထိန်းချုပ်မှု မျက်နှာသစ်- AI မောင်းနှင်သော ဆင်ဆာဖြတ်တောက်မှုနှင့် စောင့်ကြည့်ခြင်း

မဲခေါင် 18 Jan - 2026
~ လင်းမောင် ~ ဉာဏ်ရည်တုဆိုသော AI နည်းပညာကို အယူဝါဒဆိုင်ရာ ပုတ်သင်ညိုအဖြစ် ပုံဖော်လေ့ရှိသည်။ ၎င်းကို အသုံးချသည့်မည်သူမဆို၏ ယူဆချက်များနှင့် လှုံ့ဆော်မှုများကို စုပ်ယူခြင်းကြောင့်ဖြစ်သည်။ ထိုမူဘောင်သည် အလုပ်ဖြစ်သည်။ သို့သော် အစိုးရများကို ကျဉ်းထဲကျပ်ထဲအခြေအနေများမှ လွတ်မြောက်စေသည်။ ပိုမိုသရုပ်သကန်ခွဲကြည့်လျှင် AI ဆိုသည်မှာ အရှိန်မြှင့်ပစ္စည်းတစ်ခုအဖြစ် သဘောထား သိရှိရမည်သာ။ ၎င်းသည် နိုင်ငံရေးဗီဇအသစ်များကို တီထွင်ခြင်းမပြုပါ။ ရှိပြီးသား ဗီဇများကို အရှိန်မြှင့်ပေးခြင်းဖြစ်သည်။ တရုတ်လိုနိုင်ငံတွင် အသုံးချပါက AI သည် အာဏာရှင်စနစ်အလေ့အထများကို “ပုံတူ” သက်သက်ရောင်ပြန်ဟပ်စေခြင်းမဟုတ်ဘဲ ၎င်းတို့ကို များပြားကျယ်ပြန့်၊ စနစ်တကျပါ တိုးပွားဖြစ်တည်စေတော့သည်။ ရလဒ်မှာ လမ်းဟောင်းကြီးအတိုင်း ထိန်းချုပ်ခြင်းမျိုးကို ဖြစ်စေသည့် ဒစ်ဂျစ်တယ်ဗားရှင်းအသစ် တစ်ခုမဟုတ်ပေ။ ၎င်းသည်

~ လင်းမောင် ~

ဉာဏ်ရည်တုဆိုသော AI နည်းပညာကို အယူဝါဒဆိုင်ရာ ပုတ်သင်ညိုအဖြစ် ပုံဖော်လေ့ရှိသည်။ ၎င်းကို အသုံးချသည့်မည်သူမဆို၏ ယူဆချက်များနှင့် လှုံ့ဆော်မှုများကို စုပ်ယူခြင်းကြောင့်ဖြစ်သည်။ ထိုမူဘောင်သည် အလုပ်ဖြစ်သည်။ သို့သော် အစိုးရများကို ကျဉ်းထဲကျပ်ထဲအခြေအနေများမှ လွတ်မြောက်စေသည်။ ပိုမိုသရုပ်သကန်ခွဲကြည့်လျှင် AI ဆိုသည်မှာ အရှိန်မြှင့်ပစ္စည်းတစ်ခုအဖြစ် သဘောထား သိရှိရမည်သာ။ ၎င်းသည် နိုင်ငံရေးဗီဇအသစ်များကို တီထွင်ခြင်းမပြုပါ။ ရှိပြီးသား ဗီဇများကို အရှိန်မြှင့်ပေးခြင်းဖြစ်သည်။ တရုတ်လိုနိုင်ငံတွင် အသုံးချပါက AI သည် အာဏာရှင်စနစ်အလေ့အထများကို “ပုံတူ” သက်သက်ရောင်ပြန်ဟပ်စေခြင်းမဟုတ်ဘဲ ၎င်းတို့ကို များပြားကျယ်ပြန့်၊ စနစ်တကျပါ တိုးပွားဖြစ်တည်စေတော့သည်။ ရလဒ်မှာ လမ်းဟောင်းကြီးအတိုင်း ထိန်းချုပ်ခြင်းမျိုးကို ဖြစ်စေသည့် ဒစ်ဂျစ်တယ်ဗားရှင်းအသစ် တစ်ခုမဟုတ်ပေ။ ၎င်းသည် အခြေခံအားဖြင့် အစိုးရတစ်ရပ် တည်ဆောက်သော ခန့်မှန်းခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် နိုင်ငံရေးမညီမျှမှုများပေါ်တွင် အုပ်ချုပ်မှုပုံစံ အသစ်အဆန်းတစ်ခု ဖြစ်လာစေသည်။

တရုတ်နိုင်ငံ၏ သတင်းအချက်အလက်များအား ထိန်းချုပ်သော ဆန္ဒသည် အဆန်းမဟုတ်ပေ။ Great Firewall၊ keyword filter များနှင့် တိုက်ကြီးတစ်တိုက်စာမျှရှိသော လူဦးရေအယူဝါဒဆိုင်ရာ ညီညွတ်ရေး (တစ်နည်းအားဖြင့် ထားသည့်အတိုင်း ကျေနပ်လက်ခံနေပေးရေး) မျိုးကို ဖြစ်စေမည့် လူသားထိန်းချုပ်ရေးအဖွဲ့များအလိုကျ ပြဋ္ဌာန်းချက် အစောပိုင်းကြိုးပမ်းမှုများဖြစ်သည်။ ပြောင်းလဲသွားသည်မှာ မူလရည်ရွယ်ချက်မဟုတ်ဘဲ ထိန်းချုပ်မှု သွင်ပြင်လက္ခဏာသာ ပြောင်းသွားခြင်းဖြစ်သည်။ သမားရိုးကျ ဆင်ဆာဖြတ်တောက်ခြင်းသည် အလုပ်သမားရင်းမြစ်နှင့် လုပ်အားများစွာအသုံးပြုရပြီး နှေးကွေးသည်။ AI သည် ယခင်က မရှိခဲ့ဖူးသည့် လုံခြုံရေးယန္တရားတစ်ခု ကို မိတ်ဆက်ပေးသည်။ ကွန်ပျူတာဦးနှောက်ပိုင်းဆိုင်ရာ သင်ယူမှုစနစ်များသည် ယခုအခါ သမုဒ္ဒရာမျှ ရှိသောစာသားများ၊ ရုပ်ပုံများ၊ အသံနှင့် ဗီဒီယိုများစွာကို အချိန်နှင့်တပြေးညီ ပြန်လည်သုံးသပ်ပြီး အဆက်မပြတ်ဆိုသလို ကုဒ်ဝှက်ဘာသာစကားဖြင့် အရာအားလုံးအာ သိရှိမှတ်မိနိုင်သည်။ အမြင်အာရုံဆိုင်ရာ ဥပစာများ၊ meme အဓိပ္ပါယ်များနှင့် ပြောင်းလဲနေသော ဘန်းစကားများကို မှတ်မိရန် အဆက်မပြတ် updated လုပ်သည်။ သင်တို့ကျွနှ်ပ်တို့၏ အဘိုးများခေတ် ဆင်ဆာဖြတ်တောက်မှုယန္တရားမျိုးမဟုတ်။ အသုံးပြုသူများထံ ချမှတ်ထားပြီးသားမူဝါဒများ လိုက်လျောညီထွေ လက်ခံသိရှိစေရန် ပြုလုပ်ထားသော စနစ်တစ်ခုဖြစ်သည်။

ထိုလိုက်လျောညီထွေဖြစ်စေရန် ပြုလုပ်နိုင်မှုသည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဖိနှိပ်မှုသည် အင်အားထုထည်ကြီးမားသောအတိုင်းအတာတွင် ထိရောက်မှုမရှိတော့ သောကြောင့်ဖြစ်သည်။ သမိုင်းစဉ်ဆက်တွင် အာဏာရှင်များသည် သဘောထားကွဲလွဲမှုများအလွန် မြင့်တက်လေ ဗဟိုချုပ်ကိုင်မှုယို့ယွင်းလေဖြင့် ရုန်းကန်ခဲ့ကြရစမြဲဖြစ်သည်။ AI သည် သာမန်လူသား များ တီထွင်နိုင်သည်ထက် ပိုမိုမြန်ဆန်စွာ ဗဟိုချုပ်ကိုင်မှုစနစ်အား အားကောင်းစေရန် စွမ်းနိုင်သဖြင့် ဆန့်ကျင်မှုများကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသည်။ ဘာသာစကားဆိုင်ရာ တီထွင်ဖန်တီးမှုတွင်ဆိုလျှင် သရော်စာ၊ ဥပစာများကို အလိုအလျှောက် သိရှိအဓိပ္ပါယ်ဖွင့်နိုင်သည်။ စကားလုံးပရိယာယ်ပိုင်တွင် နိုင်ငံသားများတန်ပြန်ဆန့်ကျင်မှုကို တိုင်းတာသိရှိနိုင်သည့် နည်းလမ်းကို လွယ်လွယ် ဖမ်းယူသိရှိစေသည်။ ထို့ကြောင့် AI ဆိုသည်မှာ မျက်မှောက်ကာလတွင် လောင်စာဖြစ်လာသည်။ လုပ်ဆောင်နည်းတိုင်းသည် အချက်အလက် လေ့ကျင့်ပေးမှုအသစ်များ ဖြစ်လာသည်။ တစ်ချိန်က တစ်ဦးချင်းသဘောထားကွဲလွဲမှုများမှ တွန်းကန်ရိုက်ခတ်မှုများကို ရင်ဆိုင်ရသော အစိုးရတစ်ခုသည် မီးခိုးတိမ်များအား တစ်စုတစ်စည်းတည်း စုပ်ယူဖမ်းချုပ်နိုင်ခြင်းမျိုးဖြစ်စေရန် AI ကို အသုံးချလာနိုင်သည်။

ပိုမိုမငြိမ်မသက်ဖြစ်စေသော နယ်နိမိတ်မှာတွင် ပိုမိုကျယ်ပြန့်သော ဆင်ဆာဖြတ်တောက်မှုလုပ်သည် မျိုးမဟုတ်။ လိုချင်သော တိကျသောပစ်မှတ်ထားနိုင်ခြင်းမျိုးကို ရရှိစေသည်။ လွတ်လပ်သောသုတေသနအဖွဲ့ဖြစ်သည့် သြစတြေးလျ မဟာဗျူဟာမူဝါဒအင်စတီကျု (ASPI) မှ ဝီဂါ၊ တိဘက်နှင့် မွန်ဂိုးလီးယားကဲ့သို့သော လူနည်းစုဘာသာစကားများကို စောင့်ကြည့်ရန် အထူးချိန်ညှိထားသော AI မော်ဒယ်များ ဖွံ့ဖြိုးတိုးတက်မှုစနစ်များဖြင့် မှတ်တမ်းတင်ထားသည်။ ထိုဘာသာစကားများသည် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို သမိုင်းကြောင်းအရ ဖန်တီးပေးခဲ့သည်။ ပါးစပ်ရာဇဝင်၊ ဘာသာရေးဆိုင်ရာ သင်ကြားမှု သို့မဟုတ် အသိုင်းအဝိုင်းညှိနှိုင်းဆောင်ရွက်မှုများသည် မန်ဒရင်းဗဟိုပြုစနစ်များထက်ကျော်လွန်၍ ဖြစ်တည်ခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရအတွက် AI သည် ထိုကြားခံတည်ရှိမှုကို ဖျက်ပစ်ပေးသည်။ အယ်လဂိုရီသမ်တစ်ခုကို လူနည်းစုဘာသာစကားဆိုင်ရာ အချက်ပြမှုများအား စုပ်ယူပြီး အဓိပ္ပာယ်ဖွင့်ဆိုရန် လေ့ကျင့်ပေးသောအခါ ၎င်းသည် နိုင်ငံရေးအာရုံခံကိရိယာတစ်ခု၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထောက်လှမ်းရန်အသုံးချရာ ကိရိယာတစ်ခု ဖြစ်လာသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် အခြားလူ့အခွင့်အရေးအဖွဲ့အစည်းများသည် ရှင်ကျန်းတွင် ဝီဂါမျိုးနွယ်စုများအား အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းမှသည် အတင်းအကျပ်ပေါင်းစည်းခြင်းအစီအစဉ်များအထိ အတင်းအကျပ်မူဝါဒများနှင့် တရုတ်က နိုင့်ထက် စီးနင်းပြုလုပ်မှုကို နှစ်ပေါင်းများစွာ မှတ်တမ်းတင်ခဲ့ကြသည်။ AI ကိုယ်တိုင်က ဖိနှိပ်မှုကို မဖန်တီးသော်လည်း ၎င်းကို တိုးချဲ့နိုင်၊ ထောက်လှမ်းရှာဖွေနိုင်ပြီး အားလုံးကို အသံတိတ်ဆိတ်စေနိုင်သည်။ တရုတ်လုံခြုံရေးအရာရှိတစ်ဦးအတွက် ဝီဂါများ၏ဟောပြောချက်များ၊ မကျေနပ်ချက်များကို စောင့်ကြည့်ပြီးမှနားလည်သည်မျိုး မလိုအပ်တော့ပေ။ AI မော်ဒယ်တစ်ခုသည် ဝီဂါတို့ အသံကိုနားထောင်ခြင်းအလုပ် လုပ်ဆောင်သည်။ ဘာသာစကားကွာခြားချက် အဟန့်အတား ပြိုလဲခြင်းသည် အလှည့်အပြောင်းတစ်ခုဖြစ်သွားစေသည်။ တစ်ချိန်က လူနည်းစုမျိုးနွယ်များ ဘာသာစကားအပေါ် ဆက်သွယ်သိရှိနိုင်ရေး အပြည့်အဝထိုးဖောက်နိုင်စွမ်းမရှိသည့် ကန့်သတ်ချက်ကို တရုတ်က ကန့်သတ်ချက်တစ်ခုအတွင်း ဘောင်သွင်းပြီး အားလုံးနီးပါး ကိုင်တွယ်သိရှိနိုင်စွမ်းကို ဖန်တီးယူနိုင်သည့် ကိရိယာတစ်ခု ရသွားခြင်းမျိုးဖြစ်သည်။

ဥပဒေစနစ်တွင်လည်း တရုတ်က အလားတူ သင်ကြားမှုပေးသော ဘောင်သွင်းကြီးကြပ်စီရင်မှုကို လုပ်ဆောင်သည်။ “Smart courts” အယ်လဂိုရီသမ်ဆိုင်ရာ ဥပဒေရေးရာ အဆုံးအဖြတ်များသည် အန္တရာယ်ရှိသော အမှားအယွင်းများကို ဖြစ်စေသည်။ သို့သော်လည်း အများနှင့်ခြုံလျှင် AI အကူအညီဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းများက တရားစီရင်ရေးထိရောက်မှုအတွက် တိုးတက်မှုများအဖြစ် ဈေးကွက်တင် ကျင့်သုံးစရာဖြစ်လာသည်။ တရားရုံးများသည် AI ကြီးကြပ်မှုအောက်တွင် ကြားနေစီရင်ချက်များ ချမှတ်ပေးနိုင်ခြင်းဖြင့် တရားစီရင်ရေးစနစ်ထိရောက်မှု တိုးတက်လာသည်ဟု တရုတ်အစိုးရက ခံယူထားသည်။ AI ကို ကြားနေ သမာသမတ်ကျသော တရားသူကြီးအဖြစ် စီရင်ချက်ချခိုင်းသော်လည်း အဆိုပါ AI တရားသူကြီးဖြစ်တည်မှုအတွက် လေ့ကျင့်သင်ကြားရိုက်ထည့်ပေးသည့် မူဝါဒများက တရုတ်ကွန်မြူနစ်ပါတီ၏ သဘောထားကိုသာ အဓိကထားဆုံးဖြတ်စေသည့် စနစ်သာ ဖြစ်သည်မို့ အမှန်တကယ် တိုးတက်သော တရားစီရင်ရေးမဖြစ်ဘဲ ပါတီအလိုကျ အားစိုက်စရာသိပ်မလိုသော မျက်ကွယ်တရားစီရင်ရေး ပတ်ဝန်းကျင်ကိုသာ ဖြစ်တည်စေသည်။ ပါတီမှ လေ့ကျင့်ပေးထားသည့်ဒေတာစုများတွင် အယ်လဂိုရီသမ်များသည် မြစ်ဝကျွန်းပေါ်ဒေသ၌ အနည်အနှစ်များစုပုံလာသကဲ့သို့ မကောင်းမှု အာဏာရှင်မူဝါဒများကို စုပုံအမွေဆက်ခံစေသည်။ အန္တရာယ်မှာ ဘက်လိုက်သောရလဒ်များသာမက ကြိုတင်သတ်မှတ်ထားသောရလဒ်များပေါ်တွင် အလွှာလိုက်တည်ရှိသော သိပ္ပံနည်းကျတရားဝင်မှုမျိုး သာဖြစ်လာသည်။ AI ၏ သင်ယူမှုပုံစံများ ဝေ့ဝါးနေခြင်းက ပြဿနာကို ပိုမိုဆိုးရွားစေသည်။ တရားခံတစ်ဦးသည် AI မှ တရားရုံးက သင်ကြားပေးထားသော AI စနစ် မည်သို့မောင်းနှင်သည်ကို လေ့လာသိရှိထားနိုင်ခြင်းမရှိသည့်အတွက် ခုခံချေပရာတွင် မည်သို့သော အင်္ဂါရပ်များက ၎င်းအား မျက်နှာသာမပေးမှုဖြင့် တုံ့ပြန်လာမည်ကို မသိနိုင်ခြင်းက မကောင်းသော အန္တရာယ်တစ်ခု ဆီးကြိုခြင်း ဖြစ်စေမည်။ ယုတ္တိဗေဒကိုလည်း စစ်ဆေး၍မရ၊ ၎င်း၏အခွင့်အာဏာကိုလည်း မေးခွန်းထုတ်၍မရသော ဒစ်ဂျစ်တယ် ဗျာဒိတ်တော်တစ်မျိုးအဖြစ်သာ စီရင်ခံရမည်ဖြစ်သည်။

နိုင်ငံတကာလေ့လာသုံးသပ်သူများက တရုတ်တရားစီရင်ရေး AI စနစ်များသည် ရှိပြီးသားတရားစီရင်ရေးလောကသားများ ဘက်လိုက်စီရင်ကြခြင်းထက်ပင် ပိုဆိုးသည်ဟု ငြင်းခုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုစနစ်သည် တရုတ်လိုဘရှိပြီးသားဖြစ်သော နိုင်ငံရေးဦးစားပေးမှုများကို အလိုအလျောက်လုပ်ရိုးလုပ်စဉ်များအဖြစ်သို့ ပြောင်းလဲပေးသည်။ အယ်လဂိုရီသမ်ဆိုင်ရာအကြံပြုချက်များသည် ဒီဇိုင်းအားဖြင့် နိုင်ငံတော်အယူဝါဒနှင့် ပေါင်းဖက်လိုက် သောအခါ ဥပဒေလုပ်ငန်းစဉ်သည် ပြဇာတ်ကကွက်တစ်ခု အသွင်ဖြစ်လာသည်။ လုပ်ဆောင်သောအဆင့်များ၊ အလိုတော်အတိုင်းသော စီရင်မှုများ၊ တရားမျှတမှုကို ကြိုတင်ဆုံးဖြတ်ထားမှုများက ဥပဒေရေးရာလောကတွင် ပိုမို ဆိုးရွားစွာ အမြစ်တွယ်လာတော့သည်။ အပြစ်ကင်းစင်သူဟု ယူဆချက်ရှိပါက ပယ်ဖျက်မှုမလုပ်သော်လည်း ကျော်လွှားကာ မျက်ကွယ်ပြုသွား မည့် နည်းပညာ သွပ်သွင်းမှုသာ ဖြစ်စေပါမည်။

တရုတ်နိုင်ငံ၏ နယ်နိမိတ်များကို ကျော်လွန်၍ ဤပုံစံ၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်များကို မြင်တွေ့နိုင်ပြီဖြစ်သည်။ ပေကျင်းသည် စောင့်ကြည့်ရေးပလက်ဖောင်းများ၊ အချက်အလက် ပေါင်းစပ်စင်တာများနှင့် “smart city ” packages များကို ၎င်းတို့သာ နေရာတိုင်းထိန်းချုပ်လွန်းလိုသည့် ဆန္ဒဖြင့် ကမ္ဘာတစ်ဝန်းသို့ တင်ပို့နေသည်။ ကိုယ့်ပြည်တွင်းမှာပင် နည်းပညာပိုင်းဆိုင်ရာ စိတ်ချရမှုမရှိ၊ တရားဝင်မှုမရှိသော နည်းပညာများအား ဥပဒေစိုးမိုးမှုအားနည်းသော အခြားနိုင်ငံအစိုးရများထံ တင်ပို့သည်။ နည်းပညာသည် ပထဝီနိုင်ငံရေးဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်သည်။ တရုတ်တည်ဆောက်ထားသော အခြေခံအဆောက်အအုံများကို လက်ခံကျင့်သုံးသော ဥပဒေစိုးမိုးမှုနည်းပါးပြီး နိမ့်ကျသည့်နိုင်ငံများရှိသည်။ ဗဟိုချုပ်ကိုင်မှုစောင့်ကြည့်ခြင်း၊ ပြည်တွင်း ကာကွယ်နိုင်စွမ်းနည်းမှုနှင့် လုံခြုံရေးစိုးရိမ်းသော အစိုးရများက တရုတ် အမွေကိုဆက်ခံကြသည်။ ထိုသို့သော နိုင်ငံများတွင် တရုတ်၏ နည်းပညာ သွပ်သွင်းခြင်းက နိုင်ငံသားများနှင့် နိုင်ငံတော်အစိုးရအကြား သဟဇာတဖြစ်မှုနှင့်ဟန်ချက်ညီမှုကို ဆယ်စုနှစ်များအတွင်း ဖျက်ဆီးနိုင်အခြေအနေမျိုးလည်း ဖန်တီးပြီးသား ဖြစ်စေသည်။

ဝေဖန်သူများက ဤတင်ပို့မှုများကို “ဒစ်ဂျစ်တယ်အာဏာရှင်စနစ်” တင်ပို့မှုဟု ဖော်ပြကြသည်။ သို့သော် ထိုစကားစုသည် တရုတ်၏ရည်မှန်းချက်ကို လျှော့တွက်ထားပုံရသေးသည်။ တရုတ်နိုင်ငံ တင်ပို့နေသည်မှာ ဟာ့ဒ်ဝဲ သို့မဟုတ် ဆော့ဖ်ဝဲလ်သက်သက် မဟုတ်ဘဲ တာဝန်ခံမှုသည် အထက်မှအောက်သို့ မစီးဆင်းဘဲ အောက်မှ အထက်သို့သာ စီးဆင်းသော အုပ်ချုပ်မှုသီအိုရီ၊ တစ်နည်းအားဖြင့် လူဦးရေထိန်းချုပ်နိုင်စွမ်းကိုသာ ကိုယ်စားပြုသည့် စနစ်တစ်ခုအား သွပ်သွင်းခြင်းသာ ဖြစ်သည်။ AI သည် ထိုသီအိုရီကို အတိုင်းအတာတစ်ခုအထိ ခိုင်မာစွာလည်ပတ်နိုင်သည်ဟု အယူဝါဒ မှိုင်းသွင်းခြင်းဖြစ်သည်။

အဆိုပါ သွေ့ဆောင်မှုသည် တရုတ်နိုင်ငံတစ်ခုတည်းအကြောင်း ဇာတ်လမ်းတစ်ပုဒ်အဖြစ် သဘောထားခြင်းမဟုတ်ပေ။ သူတို့၏ ခန့်မှန်းခြင်းနှင့် ထိန်းချုပ်ခြင်းအခြေပြု နည်းပညာများ ပထမဆုံး အမွေဆက်ခံအသုံးပြုသည့် နိုင်ငံများမှ အစိုးရများသည်လည်း AI ကို နိုင်ငံတော်အာဏာထဲသို့ ပိုမိုချောမွေ့စွာ ပေါင်းစပ်နိုင်လေလေ ပြည်သူများအပေါ် လွတ်လပ်ခြင်းအရသာထက် ထိန်းချုပ်ဖိနှိပ်ခံရမှု အရသာများဆီသို့သာ ဦးတည်စေတော့မည်ဖြစ်သည်။ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ဖြစ်သည်။ ကမ္ဘာကြီးသည် တရုတ်နိုင်ငံဖြစ်လာခြင်းမဟုတ်ဘဲ၊ ဖိနှိပ်မှုသည် တိတ်ဆိတ်ငြိမ်သက်စွာ ကြိတ်ခံရသည့် ကမ္ဘာအဖြစ်သို့ အလိုအလျောက်ဘောင်သွင်းခံရကာ သင်္ချာနည်းဖြင့် အာဏာရှင်ဆန်စွာအုပ်ချုပ်နိုင်သည့် စနစ်တစ်ခုဖြစ်နိုင်ခြေကို တရုတ်နိုင်ငံက သက်သေပြနေခြင်းပင်ဖြစ်သည်။
သမိုင်းတွင် ဩဇာကြီးမားလွန်းခဲ့သည့် အာဏာရှင်များသည် ၎င်းတို့ကြီးထွားခဲ့သော အာဏာလေးလံမှု အောက်မှာပင် ပြန်လည် ပြိုပိကာ ကျရှုံးခဲ့ကြသည်။ AI ကမူ အာဏာရှင်စနစ်ကို ထူးခြားစွာဖြင့် ကိုယ့်ကာလဝိပါတ်နောက်ပိုးတက်ဖြစ်လာစေနိုင်သော လေးလံမှုအား လျှော့ချနိုင်သည့် အလားအလာများ ဖန်တီးပေးသည်။ တရုတ်အတွက် AI က တွန်းကန်ပွတ်တိုက်မှုနှင့် ကုန်ကျစရိတ်များ လျှော့ချနိုင်သည်။ အတင်းအကျပ်နိုင့်ထက်စီးနင်းပြုလုပ်ခြင်း၏ မြင်သာမှုကိုပင် လျှော့ချနိုင်သည်။ ဖိနှိပ်မှုသည် ကွန်ပျူတာတွက်ချက်မှုဖြစ်လာသောအခါ နားလည်ရန် ဖတ်ရခက်ခဲလာသည်။ ဖတ်ရခက်ခဲလာလေ အာဏာရှင်စနစ် ပိုမိုကြာရှည်ခံလာလေ ဖြစ်သည်။

ရှေ့တွင်ဆွေးနွေးခဲ့မှုသည် နည်းပညာပိုင်းဆိုင်ရာသက်သက်မဟုတ်ပေ။ ၂၁ ရာစုကို ပုံဖော်ပေးလာသော ထိုကိရိယာ (AI) သည် လူသားတို့တီထွင်မှုမှသည် ကောင်းမွန်သော ပတ်ဝန်းကျင်ချဲ့ထွင်မှုကို ဖျက်ဆီးနိုင်သည်ဟု ဆိုလိုနိုင်သည်။ ယခုတရုတ်အသုံးပြုသော AI ဖြစ်ရပ်သည် သတိပေးချက်နှင့် ကြိုတင်နှလုံးသွင်း သတိပြုခြင်းနှစ်မျိုးလုံးကို ပေးဆောင်သည်။ နည်းပညာသည် အာဏာရှင်ပုံစံအသစ်များကို မတီထွင်နိုင်သော်လည်း ၎င်းတို့အတွက် ပိုမိုကောင်းမွန်သော တိကျသည့် လိုဘများကိုမူ ဖြစ်တည်ဖြန့်ကျက်နိုင်သော လက်နက်ဖြစ်နေသည်ကို မြင်တွေ့နိုင်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now