ဆောင်းပါး

ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာ နှင့် ဂရုဏာများ.. ဖြန့်ဝေခြင်း

မဲခေါင် 14 Jan - 2026
~ CWM ~ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှ ဗုဒ္ဓဘာသာ ရဟန်းတော်တစု​၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ် ရက်ပေါင်း(၈၀)နီးပါး ရောက်ရှိလာသောအခါ အမေရိကန်နှင့်တကွ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူအများအပြား ဆိုရှယ်မီဒီယာ၊ အွန်လိုင်းပလက်ဖောင်းမျိုးစုံမှတဆင့် အဆိုပါ ရဟန်းတော်တို့​၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို တနေ့တခြား သတိပြုမိလာကြသည်။ အထူးသဖြင့် ခရစ်ယာန်ဘာသာ နှင့် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင် အများအပြားနေထိုင်ရာ အမေရိကန်ပြည်ထောင်စုရှိ ရဟန်းတော်များ ဖြတ်သန်းသွားရာ ပြည်နယ်၊မြို့၊ ကျေးလက်များမှ ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသည့်မြင်ကွင်းများ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း လူမည်း၊ လူဖြူများကိုယ်တိုင် လက်အုပ်ချီမိုး အရိုအသေပြုကြသူများ၊ ပန်းပွင့်၊ ပန်းစည်း၊ ပန်းခက်များပေး၍ ခရီးဦးကြိုကြသူများ၊ ရဟန်းတော်တို့နှင့်အတူတကွ လမ်းလျှောက်လာကြသူများ၊ ဒေသခံရဲများ၊ ယာဉ်ထိန်းများက မော်တော်ယာဉ်အစောင့်အရှောက်များဖြင့် လိုက်ပါဝန်းရံကူညီနေကြပုံများ၊ တစ်ရက်မပြတ်

~ CWM ~

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှ ဗုဒ္ဓဘာသာ ရဟန်းတော်တစု​၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ် ရက်ပေါင်း(၈၀)နီးပါး ရောက်ရှိလာသောအခါ အမေရိကန်နှင့်တကွ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူအများအပြား ဆိုရှယ်မီဒီယာ၊ အွန်လိုင်းပလက်ဖောင်းမျိုးစုံမှတဆင့် အဆိုပါ ရဟန်းတော်တို့​၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို တနေ့တခြား သတိပြုမိလာကြသည်။

အထူးသဖြင့် ခရစ်ယာန်ဘာသာ နှင့် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင် အများအပြားနေထိုင်ရာ အမေရိကန်ပြည်ထောင်စုရှိ ရဟန်းတော်များ ဖြတ်သန်းသွားရာ ပြည်နယ်၊မြို့၊ ကျေးလက်များမှ ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသည့်မြင်ကွင်းများ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း လူမည်း၊ လူဖြူများကိုယ်တိုင် လက်အုပ်ချီမိုး အရိုအသေပြုကြသူများ၊ ပန်းပွင့်၊ ပန်းစည်း၊ ပန်းခက်များပေး၍ ခရီးဦးကြိုကြသူများ၊ ရဟန်းတော်တို့နှင့်အတူတကွ လမ်းလျှောက်လာကြသူများ၊ ဒေသခံရဲများ၊ ယာဉ်ထိန်းများက မော်တော်ယာဉ်အစောင့်အရှောက်များဖြင့် လိုက်ပါဝန်းရံကူညီနေကြပုံများ၊ တစ်ရက်မပြတ် နှင်းမြူဆိုင်းပြီး ချမ်းအေးသော ရာသီဥတု၊ နှင်းမိုးများတဖွဲဖွဲအောက်မှာ ခြေလှမ်းသွက်သွက်၊ ဣိဒ္ဓြေမပျက် လမ်းလျှောက်နေကြသည့် ရဟန်းတော်တစုကို မြင်ရသူတိုင်း ကြည်နူးပီတိဖြစ်နေကြသည်။

ထူထဲသော စပ်သင်္ကန်းကို ရုံထားသည့် ဦးဆောင်ရဟန်းတော်က ပညာကာရ ဖြစ်သည်။ ဗီယက်နမ်လူမျိုးဟု ဆိုသော်လည်း အရှေ့တောင်အာရှ တိုင်းရင်းသားမျက်နှာပေါက်မျိုးဖြစ်သည်။ မျက်နှာမှာ ကြမ်းတမ်းသော ရာသီဥတုဒဏ်ကြောင့် ကြေးနီရောင်ထနေသည်။ ခရီးရှည် ခရီကြမ်း အတွေ့အကြုံရှိသူပီပီ နှင်းဒဏ်၊ နေဒဏ်၊ ရာသီဥတုဒဏ်နှင့် အသားကျနေပုံရသည်။ စကားပြော တည်ငြိမ်အေးချမ်းပြီး ရှင်းလင်းပြတ်သားသည်။ ငြိမ်းချမ်းခြင်းသည် ပြင်ပမှာ မရှိ။ မိမိခန္ဓာကိုယ်ထဲမှာပဲ ရှိသည်။ ဗုဒ္ဓ​၏ အခြေခံအကျဆုံးတရားကို လူတိုင်းနားလည်အောင် ရှင်းပြနိုင်သည်။

ကမ္ဘာပေါ်ရှိ လူတိုင်း လူတိုင်း ငြိမ်းချမ်းရေးကို သတိမူမိကြစေဖို့ လက်တွေ့ လမ်းလျှောက်ပြနေခြင်းဖြစ်သည်။ မိမိတို့​၏ လမ်းလျှောက်ခရီးစဉ်သည် တစုံတခုအတွက် ဆန္ဒပြနေခြင်းမဟုတ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာအောင် စည်းရုံးနေတာလည်းမဟုတ်။ လူတိုင်း မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်သည်။ ဘာသာတရားတိုင်းက ငြိမ်းချမ်းရေးကို လမ်းပြသည်။ မိမိတို့ လမ်းလျှောက်နေခြင်းသည် ဘာသာအားလုံးအတွက်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနှင့် ဂရုဏာများ ဖြန့်ဝေနေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးသည် ပြင်ပမှာ မရှိ။ မိမိတို့ အတွင်းသဏ္ဍာန်မှာပဲ ရှိသည်။ ယနေ့ လူအများ ပူလောင်နေကြသည်။ အတွင်းစိတ်မှာ မငြိမ်းချမ်းသောကြောင့် ပူလောင်မှုတွေ ခံစားနေရသည်။

ငြိမ်းချမ်းရေးသည် မိမိ​၏ အတွင်းသဏ္ဍာန်ထဲမှာရှိ၍ လူတိုင်း အတွင်းသဏ္ဍာန်မှာ ငြိမ်းချမ်းနေလျှင် ပူလောင်မှုတွေ ရှိမှာမဟုတ်တော့။ မိမိတို့အတွင်းသဏ္ဍာန်ထဲက လောဘ၊ဒေါသ၊ မောဟ တို့ကို ပယ်ခွါပြီး မေတ္တာ၊ ဂရုဏာ၊ မုဒိတာတရားတို့နှင့် နေထိုင်ကြလျှင် ကမ္ဘာကြီး ငြိမ်းချမ်းမည်။ စစ်မီးတွေ တောက်လောင်မည် မဟုတ်တော့။ ထို အသိတရားကို ဖြန့်ဝေပေးဖို့ မိမိတို့ လမ်းလျှောက်နေခြင်းဖြစ်သည်ဟု ရဟန်းတော် ပညာကာရ က ရောက်ရှိရာ မြို့ရွာတွေမှာ နားထောင်သူ ပရိသတ်ကို ဟောပြောသည်။ ဆရာတော်​၏ ရိုးရှင်းသော ဗုဒ္ဓတရားကို နာကြားရသော ခရစ်ယာန်ဘာသာဝင်အချို့တို့ပင် မျက်ရည်ဝဲကြသည်။ မိမိတို့ လိုလားတောင့်တနေကြသည်မှာ စိတ်အေးချမ်းမှုဖြစ်သည်။ ထိုအေးချမ်းမှု၊ ထို ငြိမ်းချမ်းမှုကို ပြင်ပမှာ ရှာဖွေလို့မရ။ မိမိတို့ အတွင်းစိတ်သဏ္ဍာန်မှာပဲ ရှာနိုင်သည်။ အပြင်မှာ ဘယ်လောက်ပင် ပူလောင်နေပါစေ။ မိမိက အေးချမ်းနေလျှင် ပြင်ပအပူက မလွှမ်းမိုးနိုင်။ ဒါသည်ပင် ဗုဒ္ဓ​၏ တရားဖြစ်သည်။ ဆရာတော်က အခြေခံ ဝိပဿနာသဘောတွေကိုလည်း ရောက်ရာနေရာမှာ အလွယ်ကူဆုံးဟောသည်။ နှာသီးဖျားကို ဖြတ်သန်းသွားသော ဝင်လေ၊ထွက်လေ ကို အာရုံပြုထားနိုင်လျှင် ပြင်ပက အတွေးတွေအာရုံတွေ ဝင်မလာနိုင်တော့။ ထို ဝင်လေ၊ ထွက်လေ အမှတ်ကလေးကပင် အပြင်အာရုံတွေကို ပယ်ထားနိုင်သည်။

ယခု ငြိမ်းချမ်းရေးလမ်းလျှောက်သော ဗုဒ္ဓဘာသာရဟန်းများမှာ မူလက (၁၉)ပါးဖြစ်သည်။ တက္ကဆက်ပြည်နယ် Fort Worth မှ အစပြု၍ ဝါရှင်တန် ဒီစီအထိ မိုင်ပေါင်း(၂၃၀၀)ခရီးကို ခြေကျင် လျှောက်ကြမည်။ ရက်ပေါင်း(၁၁၀)ကြာမည်ဟု ခန့်မှန်းထားပြီး ဖေဖော်ဝါရီ(၁၃)ရက်၊ ဝါရှင်တန်ဒီစီ၊ ကက်ပီတိုဟီးလ် ကွန်ဂရက်လွှတ်တော်အဆောက်အဦးမှာ အဆုံးသတ်မည်။

လမ်းလျှောက်ခရီးစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ(၂၆)ရက်နေ့က စတင်ခဲ့သည်။ ငြိမ်းချမ်းရေးခရီးရှည် စတင်တော့ လမ်းခရီးမှာ အခက်အခဲမျိုးစုံ ကြုံရသည်။ အစောပိုင်းမှာ ရဲများ​၏ ဟန့်တားမှု ခံရသလို အတိုက်အခံပြုသူ၊ အော်ဟစ်ဆဲဆိုသူတွေလည်းရှိသည်။ နိုဝင်ဘာ(၁၉)ရက်၊ တက္ကဆက်ပြည်နယ်၊ ဒေတွန်အနီး အဝေးပြေးလမ်းမ အမှတ်(၉၀)ပေါ်မှာ လမ်းလျှောက် ရဟန်းတော်နှစ်ပါး ကားတိုက်ခံရသည်။ သူတို့ကို စောင့်ကြပ်လာသည့်ရဲကားကို ထရပ်ကားတစီးက ဝင်တိုက်မိရာ လမ်းလျှောက်နေသော ရဟန်းတော်နှစ်ပါးကို ဆက်ပြီး တိုက်မိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာပြင်းထန်သဖြင့် ရဟန်းတော် ဘန္တေဖုန်မာစံ ကို ရဟတ်ယာဉ်ဖြင့် ဟူစတန်ဆေးရုံသို့ ပို့လိုက်ကြရသည်။ ထိုဆရာတော်မှာ ဆေးရုံတွင် ခြေထောက်ဖြတ်လိုက်ရသည်။ ကားတိုက်ခံရပြီး ခြေထောက်တဖက် ဖြတ်လိုက်ရသော်လည်း ဆရာတော် ဖုန်မာစံက ခွင့်လွှတ်သည်။ ကားတိုက်သွားသူကို အပြစ်မမြင်။ ဤသို့ ရင်ဆိုင်ကြုံတွေ့ရသော်လည်း ရဟန်းတော်အဖွဲ့သည် မိမိတို့ခရီးစဉ်ကို ပုံမှန်အတိုင်း လမ်းလျှောက်သည်။ ဆေးကုသမှုခံယူပြီးနောက် သက်သာလာသော ဆရာတော်သည် ယခု ဇန်နဝါရီလဆန်းပိုင်းတွင် လမ်းလျှောက်အဖွဲ့နှင့် ပြန်လည်ပူးပေါင်းနေသည်ဟု သိရသည်။

“ရဲတွေရဲ့ တားဆီးမှု၊ ပလတ်စတစ်ဗူးခွံလို အရာဝတ္တုတွေနဲ့ ခလုတ်တိုက်မှုတွေကြောင့် ခြေဖဝါးတွေ၊ ခြေထောက်တွေမှာ ဒဏ်ရာတွေရပြီး နာကျင်တဲ့ ဝေဒနာကို ခံစားကြရတယ်။ လမ်းတလျှောက် တချို့နေရာတွေမှာ အော်ဟစ်လှောင်ပြောင်ခံရတာတွေ ရှိတယ်။ ဘယ်လိုပဲ သူတို့က အော်ဟစ်လှောင်ပြောင်နေပါစေ၊ ကိုယ်တော်တို့က သူတို့ကို မေတ္တာနဲ့ပဲ တုန့်ပြန်တယ်။ ဒီနေရာမှာ ဒေါသနဲ့ အော်ဟစ်နေသူကို ဒေါသမတုန့်ပြန်ဘဲ နေတဲ့အခါ လမ်းခရီးချောမွေ့သွားတယ်။ အခက်အခဲတွေ၊ ဝေဒနာတွေကို ခံစားရပေမယ့် လက်မြှောက်အရှုံးမပေးခဲ့ဘူး။ ဝေဒနာ(Suffering)တွေ ကို ဗုဒ္ဓရဲ့လမ်းစဉ်အတိုင်း အလျှော့မပေး ရှုမှတ်ကျော်ဖြတ်ခဲ့တယ်”

ငြိမ်းချမ်းရေးလမ်းလျှောက် ရဟန်းတော်များကို ဒေသခံများက ခရစ်ယာဉ်ဘုရားကျောင်းတွေ၊ communities center တွေမှာ နေရာချပေးကြသည်။ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြသော်လည်း အစားအသောက်တွေ ပေးဝေကြသည်။ စခန်းချရပ်နားရာ နေရာရောက်တိုင်း ဗုဒ္ဓ​၏ အတွင်းစိတ် ငြိမ်းချမ်းရေးတရားကို ဟောသည်။

ဆရာတော်တွေက အမေရိကန်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ အမေရိကန်၊ ပြင်သစ်တို့တွင် နေထိုင်သော ထေရဝါဒ ဗုဒ္ဓရဟန်းတော်များ ဖြစ်သည်။ ခရီးစဉ်ကို စတင် အကောင်အထည် ဖော်သူက အမေရိကန်-ဗီယက်နမ်ဆရာတော် ပညာကာရ ဖြစ်သည်။ သူက အိန္ဒိယတွင်လည်း ယခုလို ခရီးကြမ်း မိုင်(၁၀၀)ကျော် လမ်းလျှောက်ထားသည့် အတွေ့အကြုံရှိသည်။ တောင်ကိုရိုလိုင်းနား၊ ကိုလံဘီယာမြို့တော်အရောက် သူ​၏ ပြောကြားချက်အရ ၂၀၂၁ခုနှစ် ကိုဗစ်ကာလကတည်းက အာဖရိက ယူဂန္ဒာနိုင်ငံသို့ သွားရောက်ပြီး လူမှုကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ဖူးသည်။ ဗီယက်နမ်မှ ပြောင်းရွှေ့အခြေချနေထိုင်သူအများစု နေထိုင်ရာ တက္ကဆက်ပြည်နယ်၊ Fort Worth ရှိ “ဟောင်ဒေါ ဝိပဿနာ ဘဝနာ စင်တာ” (Huong Dao Vipassana Bhavana Center) တွင် ဆရာတော် ပညာကာရ သီတင်းသုံးသည်။ ယခု ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁၉)ရက်မှာ စတင်စီစဉ်ခဲ့သည်။ ” မရေမရာ မသေချာမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မရေမတွက်နိုင်သော ယနေ့ ကမ္ဘာ့ပြည်သူများကို ကောင်းချီးပေးမည့်( ဆုတောင်းပေးမည့်) လမ်းလျှောက်ခရီးရှည် ” အဖြစ် ရည်ရွယ်သည်။

ယခု လမ်းလျှောက် ခရီးရှည်သည် ချီတက်ပွဲမဟုတ်။ ဆန္ဒပြပွဲမဟုတ်။ ဘာသာရေးဆုတောင်းပွဲလည်း မဟုတ်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ လောဘ၊ ဒေါသ၊ မောဟ ကင်းကွာနေတဲ့ စိတ်သဏ္ဍာန်ကနေ ထွက်ပေါ်လာတာလို့ ဗုဒ္ဓက ဟောပြသွန်သင်ခဲ့တယ်။ ဒီအမှန်တရားဟာ လူသားအားလုံးနဲ့လည်း သက်ဆိုင်တယ်” ဟု ဆရာတော် ပညာကာရက ဆိုသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ရဟန်းတော်အဖွဲ့သည် အောက်တိုဘာ(၂၆)ရက်နေ့က တက္ကဆက်ပြည်နယ်၊ ဖို့ဝါ့သ်မှ စတင်ထွက်လာခဲ့ရာ ယခုဆိုလျှင် မိုင်ပေါင်း (၁၅၀၀) နီးပါးရှိ တောင်ကာရိုလိုင်းနားပြည်နယ်၊ ကိုလံဘီယာမြို့ကို ရောက်ရှိလာကြပြီဖြစ်သည်။ ယခုဆိုလျှင် (၇၉)ရက်မြောက်ခရီးစဉ်အဖြစ် မြောက်ကာရိုလိုင်းနားသို့ ဆက်လက်ချီတက်လမ်းလျှောက်နေကြပြီဖြစ်သည်။

ရဟန်းတော်တို့သည် တနေ့လျှင် မိုင်(၂၀)မှ(၂၅)မိုင် ပုံမှန်လျှောက်သည်။ ရဟန်းတို့​၏ ဝိနည်းအတိုင်း ကပ်လှူသူတို့​၏ ဆွမ်းတနပ်ကိုသာ ဘုန်းပေးသည်။ လမ်းလျှောက်ရဟန်းတော်များအနက် ဦးဆောင် ဆရာတော် ပညာကာရ အပါအဝင် သုံးဦးက ဖိနပ်မစီးဘဲ ဗလာခြေဖြင့်လမ်းလျှောက်သည်။ ခြေထောက်တွေ ဒဏ်ရာရသဖြင့် ပတ်တီးစီးထားရသည်။ ကျန်ရဟန်းတော်များက ဖိနပ်စီးပြီး လျှောက်ကြသည်။ လမ်းခရီးတလျှောက် ရောက်ရာနေရာမှာ စခန်းချ ညအိပ်ကြသည်။ တခါတရံ အဝေးပြေးလမ်းမဘေးမှာ အိပ်စက်ကြရသည်။ များသောအားဖြင့် ရောက်ရာမြို့များရှိ ဒေသခံအဖွဲ့အစည်းခန်းမဆောင်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တည်းခိုကြရသည်။

ယခု ငြိမ်းချမ်းရေးလမ်းလျှောက် ရဟန်းတော်အဖွဲ့နှင့်အတူ လူသိများလာသော ခွေးလေးတကောင်လည်း ပါလာသည်။ အလွန်ချစ်စရာကောင်းပြီး ဦးခေါင်းမှာ အသည်းပုံ အဖြူရောင် အမှတ်အသားပါသည်။ ခွေးငယ်အမည်က ” အာလောက” ဖြစ်သည်။ Aloka (သို့မဟုတ်) အလင်းရောင်ဟု အဓိပ္ပါယ်ရသည့် ခွေးလေးသည် လမ်းလျှောက်ရဟန်းတော်တို့နှင့်အတူ မိုင်(၂၃၀၀)ခရီးကို ဆက်လက် ချီတက်လျှက် ရှိသည်။ လမ်းခရီးတလျှောက် လူဖြူ လူမည်း၊ လူကြီးလူငယ်မကျန် ချစ်ခင်မြတ်နိုးခြင်း ခံရသလို အလွန်လိမ္မာသော ခွေးလေးက တဖြည်းဖြည်းနှင့် လူသိများလာသည်။ ခွေးငယ်လေး” အာလောက” က အိန္ဒိယနိုင်ငံမှ ခေါ်ဆောင်လာသော လမ်းဘေးခွေး(stray dog)သာ ဖြစ်သည်။ ယခု လမ်းလျှောက်ရဟန်းတချို့ အိန္ဒိယမှာ လမ်းလျှောက်ခဲ့ကြစဉ်က လမ်းဘေးတနေရာမှ ရဟန်းတော်များနောက် တကောက်ကောက် လိုက်ပါခဲ့သည့် ခွေးငယ်ဖြစ်သည်။ အခြားသော ခွေးအချို့ ရဟန်းတော်များနောက် လိုက်ပါခဲ့သော်လည်း ကြာကြာမနေဘဲ တနေရာအရောက်မှာ ပျောက်သွားကြတာ များသည်။ ယခု ခွေးငယ်လေး” အာလောက”ကတော့ ရဟန်းတော်တွေ ဘယ်သွားသွား နောက်က အမြဲမပြတ် လိုက်ပါနေခဲ့ရာ နောက်ဆုံးမှာ ဆရာတော်က အမေရိကန်အထိ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလမ်းလျှောက် ရဟန်းတော်အဖွဲ့ကို အချို့က စတန့်ထွင်သည်ဟု ဝေဖန်ကြသည်။ အယူသည်း ခရစ်ယာန်ဘာသာဝင်အချို့က ပုတ်ခတ်ကြပြီး အချို့က လမ်းတဝက်မှာ နှောက်ယှက်တားဆီးကြသည်။ မည်သို့ပင် တားဆီးမှုတွေ အခက်အခဲတွေ ၊ ဒုက္ခဝေဒနာမျိုးစုံ ရှိနေပါစေ၊ ဆရာတော် ပညာကာရကတော့ မိမိတို့ခရီးစဉ်ကို ဘယ်တော့မှ အရှုံးမပေး (never give up) ဟု သံဓိဌာန် ချထားသည်ဟု ဆိုသည်။ ” ဒီခရီးစဉ်ကို ကိုယ်တော်တို့ ရပ်လိုက်မယ်ဆိုရင် ကိုယ်တော်တို့နဲ့ အခု ပရိသတ်က အတူတူပဲ ဖြစ်သွားတော့မှာပေါ့” ဟု ဆရာတော် ပညာကာရက တောင်ကာရိုလိုင်းနားတနေရာမှာ ညအိပ်စခန်းချစဉ် ပြောကြားသွားခဲ့သည်။ တနေ့လျှင် မိုင်(၂၀)မှ (၂၅)မိုင်အထိ လျှောက်ကြသော ခရီးစဉ်မှာ ရဟန်းတော်အချို့က အသက်အရွယ် ခြောက်ဆယ်ကျော်ပြီဖြစ်သည်။ ဦးဆောင် ဗီယက်နမ်ဆရာတော် ပညာကာရ ကတော့ သက်တော် (၄၄)နှစ်ရှိပြီဖြစ်သည်။ လမ်းခရီးတလျှောက် ပင်ပန်းဆင်းရဲသော ဝေဒနာ ဒုက္ခမျိုးစုံ( Suffering) ခံစားသော်လည်း ဗုဒ္ဓ​၏ ကျင့်စဉ်နှင့်အညီ ဆက်လက်ချီတက်လျှက်ရှိသည်။ ရက်ပေါင်း(၈၀)ကျော်လာသည်နှင့်အမျှ လမ်းလျှောက် ရဟန်းတော်အဖွဲ့​၏ မိုင်(၂၃၀၀)၊ ငြိမ်းချမ်းရေးခရီးရှည်ကို ဆိုရှယ်မီဒီယာပလက်ဖောင်းမျိုးစုံမှတဆင့် ကမ္ဘာ့ပြည်သူတွေ ပိုမိုသတိထားမိလာကြသည်။

လမ်းလျှောက်ရဟန်းတော်အဖွဲ့က ကမ္ဘာသူ၊ ကမ္ဘာသားတွေကို ပေးချင်သည့် တခုတည်းသော သတင်းစကား(message)က “ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာ နှင့် ဂရုဏာတရား” (peace, loving kindness and compassion ) ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းတလျှောက် တက္ကဆက်မှ ဝါရှင်တန်ဒီစီ အထိ ဗုဒ္ဓဘာသာရဟန်းတော်တစု​၏ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခရီးစဉ်( Peace for Walk)ကတော့ သမိုင်းဝင်ခရီးစဉ်တခုဖြစ်ခဲ့ပြီဟု ဆိုရမည်..။

#CWM
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now