ဆောင်းပါး

အမေရိကန် မုဒိန်းကောင် ဂျက်ဖရီ အက်ပ်စတိန်း နဲ့ နိုင်ငံရေးဇာတ်ရှုပ်များ…

မဲခေါင် 24 Dec - 2025
~ CWM ~ ဇာတ်ကတော့ တကယ့်ဇာတ်ရှုပ်ပါ။ လူရှုပ်တွေရဲ့ ဇာတ်ရှုပ်လို့ပဲ ဆိုရမလား မသိ။ ဒီရက်ပိုင်းအတွင်း အမေရိကန် မုဒိန်းကောင် ဂျက်ဖရီ အက်ပ်စတိန်း နဲ့ပတ်သက်တဲ့ သတင်းတွေက အမေရိကန်အစိုးရအဖွဲ့အတွင်း ရိုက်ခတ်နေပြီး ဖွင့်ချလိုက်တဲ့ ဖိုင်များနဲ့အတူ အသံမျိုးစုံလည်း ထွက်ပေါ်လာတာ တွေ့ရတယ်။ အက်ပ်စတိန်းအမှုက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ မုဒိန်းမှု၊ လိင်ကုန်ကူးမှုတွေ ဖြစ်တယ်။ သူက ဒီပြစ်မှုတွေနဲ့ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်။ ဒီအဖြစ်အပျက် ဖြစ်ပေါ်ခဲ့တာလည်း ကြာပါပြီ။ အက်ပ်စတိန်းနဲ့ ပတ်သက်ပြီး ဒီနှစ်အတွင်းမှာမှ ဟိုးလေးတကြော် ပြန်ဖြစ်လာပြီး အရှုပ်ထုပ်တွေ ဖြေဖို့ အကြောင်းတွေ ဖန်လာခဲ့တယ်။ ဂျက်ဖရီ

~ CWM ~

ဇာတ်ကတော့ တကယ့်ဇာတ်ရှုပ်ပါ။ လူရှုပ်တွေရဲ့ ဇာတ်ရှုပ်လို့ပဲ ဆိုရမလား မသိ။ ဒီရက်ပိုင်းအတွင်း အမေရိကန် မုဒိန်းကောင် ဂျက်ဖရီ အက်ပ်စတိန်း နဲ့ပတ်သက်တဲ့ သတင်းတွေက အမေရိကန်အစိုးရအဖွဲ့အတွင်း ရိုက်ခတ်နေပြီး ဖွင့်ချလိုက်တဲ့ ဖိုင်များနဲ့အတူ အသံမျိုးစုံလည်း ထွက်ပေါ်လာတာ တွေ့ရတယ်။ အက်ပ်စတိန်းအမှုက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ မုဒိန်းမှု၊ လိင်ကုန်ကူးမှုတွေ ဖြစ်တယ်။ သူက ဒီပြစ်မှုတွေနဲ့ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်။ ဒီအဖြစ်အပျက် ဖြစ်ပေါ်ခဲ့တာလည်း ကြာပါပြီ။

အက်ပ်စတိန်းနဲ့ ပတ်သက်ပြီး ဒီနှစ်အတွင်းမှာမှ ဟိုးလေးတကြော် ပြန်ဖြစ်လာပြီး အရှုပ်ထုပ်တွေ ဖြေဖို့ အကြောင်းတွေ ဖန်လာခဲ့တယ်။ ဂျက်ဖရီ အက်ပ်စတိန်းက ၂၀၁၉ ခုနှစ်၊ ဩဂုတ်လကတည်းက နယူးယောက်ထောင်ထဲမှာ သေသွားခဲ့တာပါ။ ထောင်ထဲမှာ အက်ပ်စတိန်း သေသွားတာနဲ့ ပတ်သက်လို့ မရှင်းမလင်း သံသယဖြစ်စရာတွေ ပေါ်ပေါက်ခဲ့တယ်။ အက်ပ်စတိန်းက သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေသွားတယ်ဆိုပေမယ့် ဒီအချက်ကို မယုံကြည်သူတွေ ရှိနေတယ်။ အက်ပ်စတိန်းဟာ သူ့ကိုယ်သူ သတ်သေသွားတာမဟုတ်ဘဲ တစုံတယောက်ရဲ့ လက်စဖျောက်မှုကို ခံလိုက်ရတယ်လို့ ယူဆသူတွေ ရှိနေတယ်။

“အက်ပ်စတိန်း” အမှုက နည်းနည်း ရှုပ်ထွေးတယ်။ သတင်းတွေထဲမှာ အက်ပ်စတိန်းနဲ့ ပတ်ကသက်တဲ့ ရာဇဝတ်မှုမှတ်တမ်းတွေအကြောင်း၊ သူနဲ့ပတ်သက်ခဲ့တဲ့ နာမည်ကျော် လူပုဂ္ဂိုလ်တွေအကြောင်း တောက်လျှောက်ဖော်ပြနေပေမယ့် သူ့ရဲ့ နောက်ခံအကြောင်းအရာကို သိမထားရင် မျက်စိလည်စရာ ကောင်းလှတယ်။

အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို ဖျားယောင်းသွေးဆောင်ပြီး လိင်မှုမျိုးစုံကျူးလွန်တဲ့ သူ့ကို sex predator လို့လည်း တချို့က ခေါ်တယ်။ “လိင် မုဆိုး” ပေါ့။ ဂျက်ဖရီ အက်ပစတိန်း အမေရိကန် ငွေကြေးလုပ်ငန်းရှင်တဦးလည်းဖြစ်တယ်။ သူ့ရဲ့ မူလအလုပ်က ကျောင်းဆရာပါ။ ၁၉၇၆ မှာ ဒယ်လ်တန်ကျောင်းက အထုတ်ခံရတော့ ဘဏ်လုပ်ငန်းထဲ ဝင်ရောက်ပြီး Bear Stearns ကုမ္ပဏီမှာ ရာထူးအမျိုးမျိုးနဲ့ လုပ်ကိုင်ရင်း နောက်ဆုံးမှာ သူ့ကိုယ်ပိုင် ငွေကြေးကုမ္ပဏီကို ထူထောင်ခဲ့တယ်။

သူက ပိုက်ဆံချမ်းသာလာတာနဲ့အမျှ ထင်ရှားကျော်ကြားတဲ့ လူကုံထံ အသိုင်းအဝိုင်းနဲ့လည်း ရောရောနှောနှော နေတတ်တယ်။ သူဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို သွေးဆောင်ဖျားယောင်းပြီး အကြိမ်ကြိမ် မုဒိန်းမှု ကျူးလွန်ခဲ့သလို သူနဲ့ ရင်းနှီးခင်မင်တဲ့ ထင်ပေါ်ကျော်ကြား လူသိများတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အရွယ်မရောက် ကလေးသူငယ်တွေနဲ့ လိင်ဆက်ဆံစေခဲ့တယ်။

၂၀၀၅ ခုနှစ်မှာ မိဘတဦးက အသက်(၁၄)နှစ်အရွယ်သမီးကို အက်ပ်စတိန်းက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပြုတယ်လို့ တိုင်တန်းခဲ့တဲ့အတွက် ဖလော်ရီဒါ ပမ်လ်ဘိချ် ရဲစခန်းက သူ့ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်။ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလိုက်တဲ့အခါ သူဟာ အဲဒီမိန်းကလေးအပြင် အသက်(၁၄)နှစ်အထိ ငယ်ရွယ်တဲ့ မိန်းကလေး(၃၆)ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့တာ စစ်ဆေးတွေ့ရှိရတယ်။ ၂၀၀၈ ခုနှစ်မှာ ပြစ်မှုထင်ရှားတဲ့အတွက် ဖလော်ရီဒါတရားရုံးက ကလေးသူငယ်ပြည့်တန်ဆာမှုနဲ့ သူ့ကို ထောင်ဒဏ် (၁၃)လ ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ ထောင်ဒဏ်ပြစ်ဒဏ်ကျခံရပေမယ့် သူဟာ ခွင့်ပြုချက်နဲ့ အပြင်မှာ နေရတာများခဲ့တယ်။

အက်ပစတိန်းက ၂၀၁၉ခုနှစ်၊ ဇူလိုင်(၆)ရက်မှာ တခါ ထပ်အဖမ်းခံရပြန်တယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လိင်ကုန်ကူးမှုနဲ့ ဖလော်ရီဒါနဲ့ နယူးယောက်ပြည်နယ်မှာ ဖမ်းဆီးခံရတာပါ။ သူ့ကို ဖမ်းဆီးထားတုန်း ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၁၀)ရက်မှာ အကျဉ်းထောင် အခန်းထဲမှာ ကြိုးဆွဲချပြီး ကုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ နယူးယောက်စီးတီး ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးအရာရှိ ဘာဘရာ ဆမ်ဆန်က ဆိုတယ်။ သေမှုသေခင်းဆရာဝန် မိုက်ကယ်ဘာဒန်ကတော့ ဘာဘရာ ဆမ်ဆန်ရဲ့ မှတ်ချက်အပေါ် အငြင်းပွားနေသလို လူအများကလည်း အက်ပ်စတိန်း သေဆုံးမှုအပေါ် သံသယ ဝင်နေခဲ့ကြတယ်။ ဒါပေမယ့် အက်ဖ်ဘီအိုင်က ထုတ်ပြန်လိုက်တဲ့ ထောင်တွင်း စောင်ကြည့်ကင်မရာ(CCTV) အရ အက်ပ်စတိန်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာ ပေါ်လွင်ခဲ့တယ်။

နယူးယောက်တိုင်းသတင်းစာရဲ့ အဆိုအရ အက်ပ်စတိန်းဟာ ဘီလျံနာသူဌေးကြီးတွေအတွက် အခွန် ပေးဆောင်ခြင်းနဲ့ အိမ်ရာလုပ်ငန်းကနေ ဝင်ငွေရရှိခဲ့ပြီး ထင်ပေါ်ကျော်ကြားသူများနဲ့ လူမှုဆက်ဆံရေး ကောင်းမွန်ခဲ့သူဖြစ်တယ်လို့ ဆိုတယ်။ ဒီအထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ တော်ဝင်မိသားစုဝင်တွေ၊ ပညာရှင်တွေ၊ ရုပ်ရှင်မင်းသား၊ အဆိုတော်တွေအထိ ပါဝင်တယ်။ အက်ပ်စတိန်းရဲ့ မိတ်ဆွေတွေထဲမှာ မင်းသား အင်ဒရူးလို့ လူသိများတဲ့ အင်ဒရူးမောင့်ဘက်တန်ဝင်ဆာ ပါဝင်သလို ဒေါ်နယ်ထရမ့်၊ ဘီလ်ကလင်တန်၊ အီလွန်မတ်စ်၊ ဘီလ်ဂိတ်၊ လာရီဆမ်းမား၊ စတိဗ်ဘန်နွန် စသူတို့လည်း ပါဝင်နေတာ တွေ့ရတယ်။

အက်ပ်စတိန်းက အမေရိကန် လူကုံထံအသိုင်းအဝိုင်းနဲ့ နီးနီးကပ်ကပ်နေခဲ့သလို သူအနားမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်အများအပြား ဝင်ထွက်သွားလာနေခဲ့တယ်။ အက်ပ်စတိန်းက အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို ဖျားယောင်းမွေးမြူထားပြီး နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ပျော်ပါးစေခဲ့တယ်။ ဒါကြောင့် သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ လိင်မှုကျူးလွန်ခဲ့တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့စာရင်းရှိနေတယ်။ သူက ဒီစာရင်းကို အကြောင်းပြုပြီး ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေကို အကြပ်ကိုင်ဖို့ ကြိုးစားတဲ့အတွက် သူ့ရဲ့ သေဆုံးမှုဟာ အဆုံးစီရင်မှုမဟုတ်ဘဲ လက်စဖျောက်မှုလို့ လူအများက ယူဆနေကြတယ်။

၂၀၁၉ခုနှစ်၊ အက်ပ်စတိန်းသေဆုံးပြီးခါစက ဒီလူစာရင်းတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီကိစ္စ မေ့ပျောက်သလို ဖြစ်သွားခဲ့တယ်။ နယူးယောက်အကျဉ်းထောင်ထဲ သေဆုံးသွားတဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်လို့ ဒီနှစ်ကျမှ လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။

ဒါကလည်း သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အီလွန်မတ်စ်တို့ရဲ့ အကွဲအပြဲက စတဲ့ဇာတ်လမ်းပါ။ သိကြတဲ့အတိုင်း သမ္မတဒေါ်နယ်ထရမ့် အာဏာရလာတော့ အီလွန်မတ်စ်ကို ထိပ်တန်းအကြံပေး နဲ့ အစိုးရစွမ်းဆောင်ရည်ဌာန (Department of Government Efficiency)အကြီးအကဲအဖြစ် ခန့်အပ်တယ်။ နောက်ပိုင်းမှာ ထရမ့် နဲ့ အီလွန်မတ်စ်တို့ သဘောထားကွဲပြီး ခွါပြဲကြတဲ့အခါ မတ်စ်က ” အက်ပ်စတိန်းရဲ့ ဖောက်သည်စာရင်းထဲမှာ ဒေါ်နယ်ထရမ့် ပါဝင်တယ်” လို့ သူပိုင် အိတ်စ် ဆိုရှယ်မီဒီယာပေါ် ရေးတင်ခဲ့တယ်။ နောက်တော့ ပြန်ဖျက်သွားတယ်။ ဒီအချိန်က စပြီး အက်ပ်စတိန်းဖိုင်တွဲ သတင်းဟာ လူသိထင်ရှား ပြန်ဖြစ်လာတယ်။

အက်ပ်စတိန်းဖိုင်တွဲ ဇာတ်လမ်းက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အထွတ်အထိပ်ကို ရောက်လာတယ်။ အမေရိကန် လွှတ်တော်ကြီးကြပ်မှုကော်မတီဟာ အက်ပ်စတိန်းပါဝင်ပတ်သက်တဲ့ အီးမေးလ်တွေကို ထုတ်ပြန်လိုက်တယ်။ ဒီအီးမေးလ်ထဲမှာ ” မဟောင်တဲ့ခွေးဟာ ထရမ့် ဖြစ်တယ်” လို့ ရေးသားထားပြီး ဒေါ်နယ်ထရမ့်ဟာ နာရီအတန်ကြာအောင် သားကောင်(အရွယ်မရောက်သေးသူ မိန်းကလေး) နဲ့ အတူနေခဲ့တယ်လို့ ဖော်ပြထားတယ်။

နိုဝင်ဘာလ(၁၈)ရက်နေ့ကတော့ အောက်လွှတ်တော်က အက်ပ်စတိန်းဖိုင် ပွင့်လင်းမြင်သာမှု ဥပဒေ ( Epstein Files Transparency Act) ကို အတည်ပြုခဲ့ပြီး အထက်လွှတ်တော်ကပါ တရက်တည်း အတည်ပြုလိုက်တဲ့အတွက် နောက်တနေ့မှာ ဥပဒေကြမ်းဟာ ထရမ့်စားပွဲပေါ်ကို ရောက်လာခဲ့တယ်။ ထရမ့်က လက်မှတ်ထိုးပေးလိုက်တဲ့အတွက် အမေရိကန်တရားရေးဌာန(DOJ)က ရက်ပေါင်း ၃၀ အတွင်း အက်ပ်စတိန်းဖိုင်ကို ထုတ်ပြန်ပေးရဖို့ဖြစ်လာတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၉)ရက်မှာတော့ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေနဲ့ အချက်အလက်မှတ်တမ်းများနဲ့ စာမျက်နှာပေါင်း ၂၀၀၀၀ ကျော်ပါဝင်တဲ့ အက်ပ်စတိန်းဖိုင်တွဲကို တရားရေးဌာနက တရားဝင် ထုတ်ပြန်ပေးလိုက်ရတယ်။

ဒါပေမယ့် ဒီ ထုတ်ပြန်ချက်ဟာ ပြည်စုံမှုမရှိဘဲ ဖိုင်(၁၃)ခုကို ဖယ်ရှားထားပြီး နေရာအများအပြားကို ဖျောက်ဖျက်ပစ်ထားတယ်လို့ ဆိုနေကြတယ်။ ဖိုင်တွဲတွေကို တရားဝင်ဖော်ထုတ်လိုက်တဲ့အခါမှာတော့ ထင်ရှားကျော်ကြား လူသိများတဲ့ မျက်နှာတွေ ပေါ်ထွက်လာခဲ့တယ်။ ဒီအထဲမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ မင်းသား အင်ဒရူး၊ အဆိုတော် မစ် ဂျက်ဂါ နဲ့ မိုက်ကယ်ဂျက်ဆင်တို့ ပါဝင်နေတာတွေ့ရတယ်။ ဖိုင်ထဲမှာ နာမည် နဲ့ ဓါတ်ပုံတွေ ပါဝင်တိုင်း မဟုတ်တာ လုပ်ကြသူတွေတော့ မဟုတ်ဘူးလို့လည်း ဆိုတယ်။ ဘီလ်ကလင်တန်ဆိုရင် အက်ပ်စတိန်းနေအိမ်က ရေကူးကန်ထဲ ရေကူးနေတဲ့ ဓါတ်ပုံတွေ၊ အပေါ်ပိုင်း ဗလာကျင်းနဲ့ ရေချိုးကန်ထဲ လဲလျောင်းနေတဲ့ပုံပါသလို တော်ဝင် အင်ဒရူးမင်းသားလည်း လူငါးယောက် ခြေထောက်ပေါ်မှာ လဲလျောင်းနေတဲ့ ဓါတ်ပုံတွေ့ရတယ်။

အခု ထုတ်ပြန်လိုက်တဲ့ အက်ပ်စတိန်းမှတ်တမ်းတွေထဲမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမည်လည်း ပါဝင်နေတယ်။ အက်ပ်စတိန်းက အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်တဦးကို ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ဖလော်ရီဒါ Mar-a-Lago စံအိမ်မှာ မိတ်ဆက်ပေးခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားတယ်။ ဒါဟာ ၁၉၉၀ ပြည့်လွန်နှစ်များက ဖြစ်ပြီး အက်ပ်စတိန်းက ” ဒီတယောက် ကောင်းတယ်မဟုတ်လား” ဆိုပြီး တံတောင်နဲ့ ထိုးပြီး ထရမ့်ကို ပြောခဲ့တယ်လို့ ဖော်ပြထားတယ်။ ထရမ့်က ပြုံးပြီး သဘောတူကြောင်း ခေါင်းညှိတ်ခဲ့တယ်လို့ ၂၀၂၀ ခုနှစ်က အက်ပ်စတိန်းအိမ်ရာ နဲ့ ဂီစလိုင်း မက်စ်ဝဲလ် အပေါ် စွဲဆိုချက်မှာ ဖော်ပြထားတယ်။ သားကောင် မိန်းကလေးဟာ အက်ပ်စတိန်းရဲ့ သွေးဆောင်မှုအောက်မှာ နှစ်ပေါင်းများစွာ မတရားပြုကျင့် ခံခဲ့ရတယ်လို့ ဆိုတယ်။ တရားရုံးဖိုင်တွဲမှာတော့ ထရမ့်အပေါ် စွပ်စွဲချက် မပါဝင်တာတွေ့ရတယ်။

အက်ပ်စတိန်း ဖိုင်တွဲထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး အဘီဂေးလ် ဂျက်ဆင်ကတော့ “ထရမ့်အစိုးရဟာ သမိုင်းမှာ ပွင့်လင်းမြင်သာမှုအရှိဆုံး “လို့ ဆိုနေတယ်။

အမေရိကန်နိုင်ငံရေးက တော်တော်လေး ဇာတ်ရှုပ်တယ်လို့ ဆိုရမယ်။ ဂျက်ဖရီ အက်ပ်စတိန်း ဆိုသူ မုဒိန်းကောင်ကို အကြောင်းပြုလို့ ထရမ့်နဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အရှုပ်ဇာတ်တွေ ဘယ်လိုဆက်ဖြစ်လာဦးမလဲ စောင်ကြည့်ကြရပါဦးမယ်။

#CWM ref: Who and what are in the Epstein files? BBC World
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now