ဆောင်းပါး

AI မောင်းနှင်သော ပေကျင်း၏ ထင်ယောင်ထင်မှား သာယာဝပြောခြင်းများ

မဲခေါင် 29 Sep - 2025
~ လင်းမောင် ~ ပြီးခဲ့သည့် လပိုင်းအတွင်း တရုတ်၏ စတော့ရှယ်ယာစျေးကွက်အခြေအနေသည် အားလုံးသိချင်နေ သည့် ဝိရောဓိတစ်ခုကို ခင်းကျင်းပြသလိုက်သည်။ တစ်ဖက်တွင် အမေရိကန်နိုင်ငံရှိ ရှယ်ယာအညွှန်းကိန်းများ၌ ထိပ်တန်းဦးဆောင် ကုမ္ပဏီ ၅၀၀ ကိုစောင့်ကြည့်ပြုစုသည့် စျေးကွက် ( S&P 500) ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာအညွှန်းကိန်းတွင် ရှန်ဟိုင်းစတော့စျေးကွက် ရှယ်ယာတန်ဖိုးသည် ဆယ်စုနှစ်ချီကာလအတွင်း အဆင့်မြင့်မားသည့် နေရာသို့ ရောက်ခဲသည့် မှတ်တမ်းမှတ်ရာများသာ ရှိသည်။ တစ်ဖက်တွင် တရုတ်၏ ရှန်ဟိုင်းနှင့် ရှန်ဇန်း စတော့အိတ်ချိန်း ၂ ခုပေါင်းတွက်သည့် CSI 300 အညွှန်းကိန်းဖော်ပြမှုတွင်မူ ၎င်းတို့ရှယ်ယာတန်ကြေးများသည်‌ ၂၀၂၅ ဧပြီနောက်ပိုင်းမှာပင် ၉ ရာခိုင်နှုန်းအထိ မြင့်တက်သည်ဟု ပြဆိုထားပြန်သည်။

~ လင်းမောင် ~

ပြီးခဲ့သည့် လပိုင်းအတွင်း တရုတ်၏ စတော့ရှယ်ယာစျေးကွက်အခြေအနေသည် အားလုံးသိချင်နေ သည့် ဝိရောဓိတစ်ခုကို ခင်းကျင်းပြသလိုက်သည်။ တစ်ဖက်တွင် အမေရိကန်နိုင်ငံရှိ ရှယ်ယာအညွှန်းကိန်းများ၌ ထိပ်တန်းဦးဆောင် ကုမ္ပဏီ ၅၀၀ ကိုစောင့်ကြည့်ပြုစုသည့် စျေးကွက် ( S&P 500) ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာအညွှန်းကိန်းတွင် ရှန်ဟိုင်းစတော့စျေးကွက် ရှယ်ယာတန်ဖိုးသည် ဆယ်စုနှစ်ချီကာလအတွင်း အဆင့်မြင့်မားသည့် နေရာသို့ ရောက်ခဲသည့် မှတ်တမ်းမှတ်ရာများသာ ရှိသည်။ တစ်ဖက်တွင် တရုတ်၏ ရှန်ဟိုင်းနှင့် ရှန်ဇန်း စတော့အိတ်ချိန်း ၂ ခုပေါင်းတွက်သည့် CSI 300 အညွှန်းကိန်းဖော်ပြမှုတွင်မူ ၎င်းတို့ရှယ်ယာတန်ကြေးများသည်‌ ၂၀၂၅ ဧပြီနောက်ပိုင်းမှာပင် ၉ ရာခိုင်နှုန်းအထိ မြင့်တက်သည်ဟု ပြဆိုထားပြန်သည်။ ရှယ်ယာမတည်မငြိမ် ဖြစ်မှုသည် ၁ . ၂ ရာခိုင်နှုန်းသာရှိကာ ၂၀၁၅ တရုတ်စတော့စျေးကွက်လှိုင်းထန်မှုကြီး ဖြစ်ခဲ့သော ကာလ၌ ရှယ်ယာတည်ငြိမ်းရေးအညွှန်းကိန်း ၄ . ၅ ရာခိုင်နှုန်းအထိကျ ဆင်းသဖြင့် ယခု ၁ . ၂ ရာခိုင်နှုန်းဆိုသည်က ရှေ့နောက်မညီ သဘာ၀မကျသော အညွှန်းကိန်းများကို ပြဆိုထားခြင်းသာ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်များ၏ လေလံမှုအောက်တွင် ဆက်လက် ကျဆင်းမြဲကျဆင်းနေသည်။ အိမ်ခြံမြေကဏ္ဍ ပြိုလဲခြင်းမှ ငွေကြေးဖောင်ပွမှုဖိအားဒဏ်များ၊ အိမ်ထောင်စုတစ်စုချင်းစီအလိုက် သုံးစွဲနိုင်စွမ်း အားနည်းကျဆင်း မှုများ၊ သက်ကြီး လူဦးရေ အလျှင်အမြန်တိုးပွားလာသည့် ပြဿနာများစွာနှင့် အလဲလဲအပြိုပြိုဖြစ် နေရသည်။ ထိုသို့ ကွဲပြားနေသော မျက်နှာပြင်နှစ်ခုကို မြင်နေရခြင်းသည် နိုင်ငံစီးပွားရေးလေဖြတ် နေမှုကို နက်နက်ရှိုင်းရှိုင်း မြင်သိရစေကာ တရုတ်ထုံးစံအတိုင်း လိမ်ညာ ဖုံးကွယ်ရေး ဉာဏ်ရည်တု (AI) မှ အကောင်းမြင်စျေးကွက်ဝါဒဖြင့် ဟန်ဆောင် လိမ်ညာ တိုးတက်မှု အညွှန်းကိန်းများကိုသာ ပြသရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) က မဟာဗျူဟာချလုပ်ဆောင်တော့သည်။

ပေကျင်းအစိုးရသည် ယုံကြည်မှုတည်ဆောင်နိုင်ရေးအတွက် သေချာတွက်ချက်ထားသော လိမ်လည်မှု အညွှန်းကိန်းများကိုသာ အသက်သဖွယ် ဆက်တိုက်တည်ဆောက်အသုံးပြုနေသည်။ စတော့ရှယ်ယာ အညွှန်းကိန်းများမြင့်တက်သည်ကို ပြဆိုနိုင်ခြင်းသည် စိတ်ပိုင်းဆိုင်ရာခွန်အားကို အလွန်မြင့်တက်လာ စေသည်ဆိုခြင်းအား တရုတ်ကွန်မြူနစ်ပါတီ (CPP) က ကောင်းစွာ သိထားသည်။ ထို့ကြောင့် အဓိပ္ပါယ်ပြန်ဆို၊ ဘာသာပြန်ဆိုမှုအသွင်အတွက် အသုံးချသည့် ကိရိယာအဖြစ်သာမက AI ကို နည်းပညာနယ်နိမိတ် ၂ မျိုးစလုံးအတွက်ပါ AI ကို လေ့ကျင့်ပုံသွင်းယူသည်။ AI မောင်းနှင်ကုမ္ပဏီများနှင့် ဆန်းသစ်တီထွင်မှုဦးဆောင် အကြီးစားနည်းပညာလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ တိုးမြှင့်လာနိုင်ရေးက ၎င်းတို့ ရည်ရွယ်ချက်ဖြစ်သည်။ သို့သော် အပေါ်ယံအောက်ဘက်၌ အခြေခံအချက်အလက်များက ခြားနားသော ပုံပြင်တပုဒ်ကို ပြောပြနေသည်။

တရုတ်၏ နှေးကွေးဆုတ်ယုတ်လာမှုသည် သံသရာစက်ဝန်းလည်နေခြင်းမျိုးမဟုတ်ဘဲ ဖွဲ့စည်းတည် ဆောက်ပုံဆိုင်ရာ မှားယွင်းနေမှုဖြစ်သည်။ အိမ်ခြံမြေကဏ္ဍ ကပ်ဆိုက်ကာ အကြီးမားဆုံးသော Evergrande နှင့် Country Garden ကုမ္ပဏီကြီးများပင် ပြိုလဲသွားခြင်းက ငွေကြေးဖောင်းပွမှုပုံစံကို ခရုပတ်သဖွယ် ဖြစ်စေသည်။ ရောင်းမထွက်သော အိမ် ခြံ မြေများက ဝယ်လိုအားထက် နောက် ၂ နှစ် ပိုရောင်းလျှင်ပင်ပိုလျံစွာ ကျန်ရှိနေသည်။ အခြားသော ခိုင်မာသည့်ကြားဝင်ဖြေရှင်းမှုမလုပ်နိုင်ခဲ့သဖြင့် အိမ်ခြံမြေတန်ကြေးများသည် နောက်ထပ် ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားပြန်သည်။ တရုတ် ပြည်သူ့ဘဏ်ကြီးမှပင် လှုံ့ဆော်မှုအစီအမံများ၊ ငွေဖြစ်လွယ်စေနိုင်မှုများဖြစ်လာစေမည်ဟု ဆိုကာ ငွေကြေးထည့်ဝင်ကာ စားသုံးသူ ယုံကြည်မှုပြန်ရရှိရန် သို့မဟုတ် အဓိပ္ပါယ်ပြည့်၀သော အာမခံသော တိုးတက်မှုဖြစ်စေရေးများကိုလုပ်ဆောင်ရန် အထောက်အကူများပေးရေးတွင်လည်း ပျက်ကွက်ခဲ့သည်။ လူငယ်အလုပ်လက်မဲ့နှုန်းကလည်း ၂၀ ရာခိုင်နှုန်းအထက်တွင်ပင် ရှိနေသေးသည်။ စားသုံးသူ စျေးကွက်အသုံးစားရိတ်သည်လည်း ၂၀၂၀ ပြည့်နှစ်ကတည်းက အနိမ့်ဆုံးအဆင့်သို့ ထိုးကျ သွားပြီး ပြန်မတက်လာနိုင်တော့ပေ။ ထိုအခြေအနေမျိုးတွင် တရုတ်အစိုးရသည် AI လောင်စားသုံး စတော့စျေးကွက် အလိမ်အညာတိုးတက်အောင်မြင်မှုများကို စီးပွားရေးကဏ္ဍအတွက်သာမက အစိုးရမှ ကမကထပြုရသည့် အသုံးချခံလက်နက်အဖြစ် စတော့စျေးကွက်များတွက်ချက်မှုတွင်ပါ အသုံးချကာ အားလုံးကို ဝိရောဒိများ ဖြစ်စေတော့သည်။

CCP ၏ မဟာဗျူဟာသည် ခံယူချက်အတိုင်းဖြစ်စေရမည်ဆိုသော စီမံခန့်ခွဲမှုများဖြင့်သာ သွားသည်။ AI နည်းပညာအောင်မြင်လာခြင်းတွင်း ၎င်းအား အသုံးချပြီး စတော့ရှယ်ယာများ အမြတ်အစွန်းများကာ မြင့်တက်နေသည်ဆိုခြင်းကို ပြဆိုနိုင်ရေး AI ကိုသာ ချဲ့တွင် အသုံးချသည်။ မူဝါဒပျက်ကွက်ခြင်းနှင့် စီးပွားရေးတုံ့ဆိုင်ခြင်းများအပေါ် အများပြည်သူမသိရှိဘဲ အာရုံပြောင်းသွားစေရန် ရည်မှန်းတော့သည်။ တရုတ်သည် ယခုမှ စတော့စျေးကွက်ကို နိုင်ငံရေးအသုံးချခံလက်နက်အဖြစ် စတင်အသုံးပြုခြင်းလည်း မဟုတ်ပေ။ The Bubble ဟုခေါ်သော ၂၀၁၅ တရုတ်စတော့စျေးကွက် ကသောင်းကနင်းဖြစ်ခဲ့စဉ်က လည်း လက်လီစျေးကစားမှုများ၊ အနားသတ်ကြွေးမြီများဖြင့် မောင်းနှင်ခဲ့ရာ စျေးကွက်တန်ဖိုး ထရီလီယံပေါင်းများစွာ ပျက်ဆီးဆုံးရှုံးမှုဖြင့် အဆုံးသတ်ခဲ့ရသေးသည်။ ယနေ့ တစ်ဖန်ပြန်လည် ရုန်းထ ရန်ကြိုးစားနေရမှုတွင်လည်း အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲနိုင်မှု ပိုအားကောင်းသော်လည်း အလားတူ အန္တရာယ်များကိုသာ သယ်ဆောင်လာစေဦးမည်ဖြစ်သည်။ ၂၀၁၅ လက်လီစျေးကွက်ကြီး စုတ်ပြတ်ခဲ့ ရခြင်းနှင့် မတူတော့ပေ။ ၂၀၂၅ စျေးကွက်ပျက်မှုသည် အဖွဲ့အစည်းဆိုင်ရာ အရင်းအနှီးများ၊ အသားတင်ကြွယ်၀လွန်သည့် ရင်းနှီးမြှုပ်နှံသူများမှ မောင်းနှင်သည့် အနေအထားဖြစ်သည်။ အရင်ခံ ပိုင်းက ခိုင်မာမှုမရှိဘဲ အလွန်များပြားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ပြိုပျက်စေခြင်းက အန္တရာယ် ပိုကြီးမားသည်။

ယနေ့ မငြိမ်သက်မှုများတွင် တရုတ်အစိုးရသည် အရေးပါသော ကြားခံဘာသာပြန်သမားအဖြစ် AI ကို မှီခိုလာသည်။ AI အဆင့်မြှင့်တင်ခြင်း၊ ချစ်ပ်စ်ဒီဇိုင်းများ၊ ကွန်ပြူတာမှ အလိုအလျှောက် ပရိုဂရမ်ရေး ဆွဲကာ ကုန်သွယ်သည့် algorithmic trading ကုမ္ပဏီများက ရေပန်းအစားဆုံးကာလထဲ ရောက်နေ သည်။ ထို့ကြောင့် တရုတ်အစိုးရက AI သုတေသနလုပ်ငန်းများတွင် ဘီလီယံပေါင်းများစွာ ရင်းနှီး ထည့်ဝင်နေပြန်သည်။ အနာဂတ်ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းများတွင် တရုတ်အတွက် AI သည် အုတ်မြစ် ဖြစ်စေရမည်ဟုရည်ရွယ်ထားသည်။ သို့သော် အဆိုပါ AI ကုမ္ပဏီကြီးများစွာသည် ယနေ့အထိ အကျိုးအမြတ်မဖြစ်ထွန်းနိုင်သေးသော ကုမ္ပဏီများ၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးအား မပြတ်တောက်စေရေး အာမခံနိုင်မှုမရှိသော အားနည်းနေသေးသည့် အဆင့်များတွင်သာ ရှိနေကြသေးသည်။ ထို့ထက်ပိုဆိုးသည်က တရုတ်ချမှတ်သည့် AI ကဏ္ဍ ကြီးထွားလာလိုရင်းသည် မူရင်းအားဖြင့် စားသုံးသူဝယ်လိုအား သို့မဟုတ် သီးသန့်တီထွင်ဆန်းသစ်မှုမှ မောင်းနှင်ရောက်ရှိလာ ခြင်းမျိုးလည်း မဟုတ်ပေ။ အစိုးရကိုယ်တိုင်က တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုအကန့် အသတ်များစွာဖြင့် ကြိုးကိုင်ထားခြင်းမှသာ လာခြင်းဖြစ်သည်။

ဒေသခံ လူကြီးမင်းများ၊ အထူးသဖြင့် မြို့ပြ ပရော်ဖက်ရှင်နယ်များနှင့် သီးသန့် စွန့်ဦးတီထွင်လုပ်ငန်း ရှင်များက မယုံကြည်မှုများသာ တိုးသထက်တိုးလာကြပြီဖြစ်သည်။ CCP အလေးပေးထားသည့် AI နှင့် စတော့စျေးကွက်စွမ်းဆောင်မှုဆိုသည်မှာ ပိုမိုကွဲပြားမှုများနှင့် ဖိအားများတိုးလာခြင်းကိုသာ ဖြစ်စေ သည်။ စစ်မှန်သည့် လုပ်ခလစာနှုန်းများ ကျဆင်းလာမည်။ ပို့ကုန်စျေးကွက်များလည်း ကျဆင်းလာ မည်။ လူဦးရေအချိုးအစားစာရင်းကလည်း ယိုယွင်းလာမည်။ CCP လုပ်နေကြ သဘောထား မတူညီမှု များအပေါ် ဖိနှိပ်ချုပ်ခြယ်နေခြင်းများနှင့် သတင်းအချက်အလက်များ ဖုံးကွယ်ထိန်းချုပ်နေမှုများ သည်လည်း အစိုးရအပေါ် မယုံကြည်မှုများကိုသာ ပိုတိုးမြဲတိုးလာစေမည်။ လူမှုကွန်ရက်များပေါ်တွင် အစိုးရအပေါ် ဝေဖန်နေမှုများက လှိုင်းထန်လာသည်။ မြေအောက် စီးပွားရေးဖိုရမ်များတွင် အစိုးရ ထုတ်ပြန်သော တရားဝင်ဆိုသည့် ကိန်းဂဏန်းအချက်အလက်များနှင့် လက်တွေ့ စျေးကွက်အတွင်း စျေးနှုန်းများ ကွာဟချက် ကြီးမားလွန်းနေမှုများအကြောင်း ဆွေးနွေး ငြင်းခုံနေကြရသည်။

အဆိုပါ ချိတ်ဆက်မှုပြတ်တောက်မှုသည် စီးပွားရေးကိစ္စသက်သက်မဟုတ်ပေ။ နိုင်ငံရေးသာဖြစ်သည်။ CCP ၏ တိုင်းပြည် တည်ငြိမ်မှုနှင့် တိုးတက်ရေးလုပ်ဆောင်နိုင်စွမ်းများသည် ကာလရှည်ကြာကတည်း က ပျောက်ကွယ်နေခဲ့ကာ ၎င်းတို့၏ ဩဇာအာဏာ တရားဝင်မှုသည်လည်း အရာကျနေပြီဖြစ်သည်။ ပုံမှန်အားဖြင့် ယခင်က တိုးတက်မှုပြ အင်ဂျင်များ နှေးကွေးလာပြီဖြစ်သည်။ ထိုသည်ကို CCP သည် AI အောင်မြင်မှု၊ အာကာသမစ်ရှင်၊ စတော့စျေးကွက်များ တိုးတက်မြင့်မားနေသည်ဟုဆိုကာ AI အပေါ်သာ ပုံချပြီး လိမ်လည်ထားသော အောင်မြင်မှုများကို ပြသနေသည်။ ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအပေါ် ၎င်းတို့၏ အဖတ်ပြန်ဆယ်မရသည့် စီးပွားရေးကိုဖုံးကွယ်ကာ အာမခံသယောင် ဟန်လုပ်ပြလိုခြင်းသာ ဖြစ်သည်။ သို့ကြောင့်ပင် လက်ရှိမျက်မြင်ဖြစ်ထွန်းဆုတ်ယုတ်မှုများကို ကိုယ်တိုင်မြင်သိခြင်းထက် AI ကို ပိုမိုမှီခိုအားထားလာရသော အစိုးရတစ်ရပ်အဖြစ်လည်း အခြေအနေပိုဆိုးလာခဲ့သည်။

တရုတ်အစိုးရ၏ AI မောင်နှင် ချီတက်မှုသည် ရေရှည်တည်တံတိုးတက်မှုအတွက် မေးခွန်းထုတ်စရာ များစွာရှိနေသည်ဟု နိုင်ငံတကာ ပညာရှင်များက စတင်ထောက်ပြနေကြပြီဖြစ်သည်။ နည်းပညာစတော့ခ်ဖြင့် စျေးကွက်အမြတ်အစွန်းတိုးတက်ရရှိနိုင်မှုက အလွန်ကျဉ်းမြောင်းသည့်အဆင့် တွင်သာ ရှိသေးကာ ပိုမိုကျယ်ပြန့်သည့် အညွှန်းကိန်းများကသာ တည်ငြိမ်သော စွမ်းဆောင်ရည်ကို ဖြစ်တည်စေမည်ဟု တရုတ်အစိုးရကို ပညာရှင်များက သတိပေးနေကြသည်။ လက်ရှိ တရုတ်နှင့်ပတ် သက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုများက သတိကြီးစွာထားပြီး ရှောင်ရှားနေကြတုန်းဖြစ်သည်။ ပထဝီ နိုင်ငံရေးတင်းမာမှုများနှင့်အတူ ခန့်မှန်းမရနိုင်သည့် တရုတ်အစိုးရ၏ မူဝါဒစည်းမျဉ်းများတင်းကြပ်ထား မှုများကလည်း အတားအဆီးအဖြစ် ရှိနေသည်။ တရုတ်ယွမ်ငွေသည် ဆက်လက်ဖောင်းပွနေသည်။ အမေရိကန်ဒေါ်လာစျေးနှင့်ဆန့်ကျင်မှုအညွှန်းကိန်း ၇ . ၃၇ နှုန်းနီးပါးရှိနေဆဲဖြစ်သည်။ ၇ . ၅၀ နှုန်းအထိပင် ထပ်မံဆိုးရွားလာဦးမည်ဟု ကြိုတင်သုံးသပ်ထားကြသည်။ ပေကျင်းအစိုးရ၏ အချက် အလက်များပွင့်လင်းမြင်သာ အသိမပေးဘဲ တင်းကျပ်စွာ ချုပ်ကိုင်ထားခြင်းက ရင်းနှီးမြှုပ်နှံသူများ အတွက် ပူပန်သောကများကိုသာ မြင့်တက်နေစေသည်။

AI နည်းပညာ ဟုန်းကနဲ တိုးတက်ဖြစ်ထွန်းလာခြင်းက တရုတ်၏ တကယ့်စစ်မှန်သော စီးပွားရေး ရေစီးကမ်းပြိုလိုက်မှုအတွက် နစ်နာမှုများကို ပြန်ပေးဆပ်နိုင်မည်မဟုတ်ပေ။ ထုတ်လုပ်မှုအထွက်နှုန်း က တိုးတိတ်ငြိမ်သက်နေသည်။ လူငယ်အလုပ်လက်မဲ့နှုန်းက မြင့်တက်နေသည်။ လူလတ်တန်းစားများ အကြား အိမ်ရာမလုံခြုံမှုနှင့် အကြွေးပိသည့် ဝန်များပိုမိုးထမ်းလာကြရသည်။ ဖမ်းဆီးမှုသည်သာ တိုးမြင့်နေသော တရုတ်နိုင်ငံတော်တွင် ဦးဆောင်ပါတီက နက်ရှိုင်းသော တည်ဆောက်ပုံဆိုင်ရာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ငြင်းဆန်နေသည်။ ပုဂ္ဂလိက ကဏ္ဍများကို တင်းကြပ်ထားမှုများအား ဖြေလျော့ပေးရန်၊ လူမှုဖူလှုံရေးကွန်ရက်များ ပိုအားကောင်းလာစေရန်၊ လူဦးရေစာရင်း ကျဆင်းပြီးရင်း ကျဆင်းလာမှုကို ပြန်မြှင့်တင်ရန်ဘာမျှ မလုပ်ပေးနိုင်သဖြင့် တိုင်းပြည်စီးပွားရေးက ကျဆင်းနေဦးမည် သာဖြစ်သည်။ AI သည် ရေရှည်တွင် အကျိုးဖြစ်ထွန်းလာနိုင်သော်လည်း ဆေးမြီးတိုဖြင့် ရေတိုကုစားမှု မျိုး၌ အသုံးပြုနိုင်သေးသည့် နည်းပညာမဟုတ်သေးပေ။ ထိုသည်ကို အာရုံပြောင်းရေးအတွက်သာ တရုတ်အစိုးရက အသုံးပြုနေခြင်းဖြစ်ပြန်သည်။

အနှစ်ချုပ်ရလျှင် တရုတ်၏ AI လောင်စာမှိုင်းတိုက် စတော့စျေးပြန်မြှင့်လိုရင်းသည် စီးပွားရေး ပြန်လည်နာလန်ထူရေးထက် ဇာတ်ကြောင်းထိန်းချုပ်မှု၌ ဆန်းပြားသည့် လေ့ကျင့်ခန်းတစ်ခုအဖြစ် အသုံးချနေခြင်းသာဖြစ်သည်။ CCP ပါတီသည် မူဝါဒများ ကျရှုံးခြင်းနှင့် အများပြည်သူစိတ်ပျက်ရမှုများ နှင့် မချိမဆံ ရင်ဆိုင်နေရသည်။ စနစ်တကျပင် မှားယွင်ကျရှုံးနေမှုများကို လူများ သတိမပြုမိကြ စေရေး AI အား မဟာဗျူဟာကျတံလျှပ်တစ်ခုအဖြစ် အသုံးချခြင်းသာဖြစ်သည်။ AI ဖြင့် လုပ်သည့် တရုတ်စတော့စျေးကွက်သည် တောက်ပြောင်နေဟန်သာ ရှိမည်။ လဲပြိုနေသော စီးပွားရေးမှာမူ မဖြေရှင်းသည့် အကျပ်အတည်းများအောက် ဝန်ပိခြင်းနှင့် ညည်းတွားသံများ ထွက်ပေါ်နေသည်။ ဒေသခံလူကြီးမင်းများဟုခေါ်ခေါ် လုပ်ငန်းရှင်များဟုခေါ်ခေါ် ထိုပုဂ္ဂိုလ်များအားလုံးကလည်း တရုတ်ကွန်မြူနစ်ပါတီ မရိုးသားစွာလှုပ်ရှားနေမှုများအပေါ် ပိုမို သိရှိလာကြပြီဖြစ်သည်။ ၎င်းတို့သည် လည်း လွယ်ကူစွာဖြင့် ရူးနှမ်းမည့်သူများ မဟုတ်ပေ။ အမြင်နှင့် လက်တွေအကြား ကွာဟချက်က ပိုမို ကျယ်ပြန့်လာသည်။ တရုတ်နိုင်ငံ ခေါင်းဆောင်များသည် အဆင့်အမြင့်ဆုံး အယ်လ်ဂိုရီသမ်စနစ်ကို ထပ်ရှာကောင်းရှာကြမည်ဖြစ်သော်လည်း ၎င်းတို့အပေါ် ယုံကြည်မှုပြန်ရရန်ကိုမူ မည်သို့မျှ တည်ဆောက်နိုင်စရာ မရှိတော့ပေ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now