ဆောင်းပါး

တရုတ် ရေအရင်းအမြစ် ကပ်ဘေး – အပေါ်ယံအောက်၌ စနစ်တကျ ပြိုလဲခြင်း

မဲခေါင် 30 Aug - 2025
~ လင်းမောင် ~ တရုတ်အစိုးရက စီးပွားရေးတိုးတက်ဖြစ်ထွန်းနေမှုအလိမ်အညာ သတင်းများလွှင့်နေချိန် ပိုမိုတိုးတိတ်ပြီး အဆိပ်ပြင်းသော ရုတ်တရက်ပြိုလဲနေမှုကြီးတစ်ခုက အရေးပေါ်အခြေအနေ ရောက်နေပြီဖြစ်သည်။ လူသားတို့အတွက် အရေးအပါဆုံးနှင့်အဓိကအကျဆုံးရင်းမြစ်ဖြစ်သော ရေ ရင်းမြစ် နှေးကွေးစွာ အဆိပ်သင့်နေမှုသည် အန္တရာယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရေ သည်တစ်ချိန်က ကျေးလက်နှင့်မြို့ပြနေ ပြည်သူအားလုံးအတွက် အသက်သွေးကြောဖြစ်သည်။ ရေရင်းမြစ်အဆိပ်သင့်မှုသည် ယခု နာမကျန်းမှုလက္ခဏာများ၊ မညီမျှမှုများ၊ အဖွဲ့အစည်းဆိုင်ရာ ချို့ယွင်းမှုများဖြင့် အားနည်းချက်များ စုပြုံကာ ပျက်ယွင်းလာသည်။ တစ်ချိန်က အသက်မွေးဝမ်းကြောင်း အလုပ်များကို ဖြစ်ထွန်းစေခဲ့သည့် မြစ်များသည် ယခု စစ်ဆေးမထားသောစက်မှုဇုန်စွန့်ပစ် ပစ္စည်းများ၊ ဓာတုဗေဒ အညစ်အကြေးများ၊ သန့်စင်ဖယ်ရှားထားမှုမရှိသော စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးကဏ္ဍ၏ ရေဆိုးထွက်ပေါက်များမှစီးဝင်ခြင်းဖြင့် ညစ်ညမ်းကုန်ပြီဖြစ်သည်။ အဆိုပါပြောင်းလဲမှုများသည် ဖြည်းဖြည်းချင်းဖြစ်ပျက်သော်လည်း

~ လင်းမောင် ~

တရုတ်အစိုးရက စီးပွားရေးတိုးတက်ဖြစ်ထွန်းနေမှုအလိမ်အညာ သတင်းများလွှင့်နေချိန် ပိုမိုတိုးတိတ်ပြီး အဆိပ်ပြင်းသော ရုတ်တရက်ပြိုလဲနေမှုကြီးတစ်ခုက အရေးပေါ်အခြေအနေ ရောက်နေပြီဖြစ်သည်။ လူသားတို့အတွက် အရေးအပါဆုံးနှင့်အဓိကအကျဆုံးရင်းမြစ်ဖြစ်သော ရေ ရင်းမြစ် နှေးကွေးစွာ အဆိပ်သင့်နေမှုသည် အန္တရာယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရေ သည်တစ်ချိန်က ကျေးလက်နှင့်မြို့ပြနေ ပြည်သူအားလုံးအတွက် အသက်သွေးကြောဖြစ်သည်။ ရေရင်းမြစ်အဆိပ်သင့်မှုသည် ယခု နာမကျန်းမှုလက္ခဏာများ၊ မညီမျှမှုများ၊ အဖွဲ့အစည်းဆိုင်ရာ ချို့ယွင်းမှုများဖြင့် အားနည်းချက်များ စုပြုံကာ ပျက်ယွင်းလာသည်။ တစ်ချိန်က အသက်မွေးဝမ်းကြောင်း အလုပ်များကို ဖြစ်ထွန်းစေခဲ့သည့် မြစ်များသည် ယခု စစ်ဆေးမထားသောစက်မှုဇုန်စွန့်ပစ် ပစ္စည်းများ၊ ဓာတုဗေဒ အညစ်အကြေးများ၊ သန့်စင်ဖယ်ရှားထားမှုမရှိသော စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးကဏ္ဍ၏ ရေဆိုးထွက်ပေါက်များမှစီးဝင်ခြင်းဖြင့် ညစ်ညမ်းကုန်ပြီဖြစ်သည်။ အဆိုပါပြောင်းလဲမှုများသည် ဖြည်းဖြည်းချင်းဖြစ်ပျက်သော်လည်း တာဝန်ရှိသူများက အကောင်းမြင်ပြခြင်းများဖြင့် ဖုံးကွယ်ထားကြသည်။ GDP အညွှန်းပြမှုတိုးတက်ခြင်းကို မီးမောင်းထိုးပြနေသော်လည်း ရေအရင်းအမြစ် လွန်စွာညစ်ညမ်းအဆိပ်သင့်ခြင်းက မည်သို့မျှ လျစ်လျူရှုမရနိုင်သောအရာဖြစ်လာသည်။

တရုတ်ဒေသဆိုင်ရာ အာဏာပိုင်များ၏ မက်လုံးက တိုးပွာရေးသာဖြစ်သည်။ ထို့ကြောင့် သဘာ၀ပတ်ဝန်းကျင် မည်မျှ ထိခိုက်စေသည်ဆိုခြင်းကို ကာလရှည်ကြာစွာ မျက်ကွယ်ပြုခဲ့ကြသည်။ မြို့ပြချဲ့တွင်ခြင်းကြောင့် စိုစွတ်သော မြေများသည် ကွန်ကရစ်လမ်းများ၊ အခြေခံတိုက်တာအဆောက်အအုံများ အောက်သို ရောက်ရှိကုန်သည်။ ကျေးရွာများအတွင်းမှ ရေတွင်း များသည် သက်သာအေးချမ်းရာရစေခြင်းမဖြစ်စေတော့ဘဲ ရောဂါဘယများ ယူဆောင်ပေးအပ်သည့် ရေများသာ ထုတ်ပေးတော့သည်။ ကင်ဆာများ၊ မွေးရာပါချို့ယွင်းချက်များစွာက ငြင်းဆန်မရနိုင်သော အခြေအနေများအဖြစ် လူသားများဆီ ဝင်ရောက်လာပြီဖြစ်သည်။ လွတ်လပ်သော သတင်းသမားများ၏ အသံများ၊ NGOs များ၊ သိပ္ပံပညာရှင်များ၏ သတိပေးချက်များကို ပုံမှန်ပယ်ချခြင်း၊ ဖိနှိပ်ခြင်းများဖြင့်သာ တရုတ် အစိုးရက ပြဿနာကိုပိုမိုနက်ရှိုင်းစေသည်။ ဗဟိုအစိုးရက ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းများ လုပ်ဆောင်ရန် အသံထွက်သော်လည်း အာဏာတည်မြဲရေးနှင့်ပိုမို ကြီးထွားလာရေးလက္ခဏာများကသာ ၎င်းတို့အတွက် အရေးအကြီးဆုံးအရာများဖြစ်နေသည်။ စက်ရုံများမှ ညစ်ညမ်းစွန့်ပစ်မှုများကို ခဏတာစစ်ဆေးပြီး မကြာမီမှာပင် နည်းဟောင်းများအတိုင်းသာ ဆက်လက် ညစ်ညမ်းစေကြပြန်သည်။ ဒဏ်ကြေးများတပ်ရိုက်မှုသည် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာနှင့် မကိုက်ညီပေ။ စည်းမျဉ်းမူဘောင်များရှိသော်လည်း တာဝန်ခံမှုမရှိကြပေ။ သဘာ၀ရင်းမြစ်များ ညစ်ညမ်းအဆိပ်သင့်မှုပြဿနာကြီးသည် ပြည်နယ်တိုင်းတွင် ရှိလာသည်အထိ ကျယ်ပြန့်နေသော်လည်း ဖြစ်ခဲသယောင်ဖြစ်စေရန် အစိုးရကိုယ်တိုင်က ဖုံးကွယ်ထားသည်။

မြို့ပြဗဟိုချက်များတွင် ရေဘုံပိုင်များမှ အရောင်မျိုးစုံဖြင့် ထွက်ကျလာသည့် သုံးရေးများကြောင့် လူများ ထိတ်လန့်ကြောက်ရွံ့လာကြပြီဖြစ်သည်။ ကျန်းမာရေးဆိုင်ရာထိခိုက်စေမှုအတွက် တိုင်ကြားမှု များ များလာသည်။ ရေသန့်ဗူးများ ဝယ်သုံးရန် မတတ်နိုင်ခြင်းများကြားတွင် အဆိုပါညစ်ညမ်းအဆိပ် သင့်ရေများသုံးစွဲရမှုကိုသာ နောက်ဆုံး လုပ်ရတော့ပြီး ကပ်ဘေးအသွင်ရောက်လာသည်။ ဆေးရုံများစွာတွင် ရေနှင့်ဆက်စပ်သော ပိုမွှားကူးစက်ခြင်းများနှင့်ဖျားနာသူများ တိုးလာသည်။ ကျောင်းကားများပေါ်တွင် ရေသန့်ရှားပါးမှုပြဿနာများမှအစ ရွာသူရွာသားများက အစိုးရထံ တိုင်ကြားစာများပို့မှုများ အများအပြားရှိလာသည်။ လူမှုကွန်ရက်များပေါ်တွင်လည်း ရေထုအဆိပ်သင့် ညစ်ညမ်းသည့် Post များစွာရှိလာသော်လည်း တရုတ်အစိုးရက ဖြုတ်ချခြင်းများလုပ်ဆောင်သည်။ hashtags များကို ဖျက်သည်။ ဖော်ကောင်လုပ်သူများကို ထောင်သွင်းအကျဉ်းချသည်။ တာဝန်ရှိအာဏာပိုင်များ၏ တုံ့ပြန်မှုများက ငြင်းဆိုခြင်းနှင့်လှည့်စားခြင်းများဖြင့်သာ ပြီးဆုံးတော့သည်။

စိုက်ပျိုးရေးကဏ္ဍက နောက်ထပ် ပိုမိုရှုပ်ထွေးသော သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းအဆိပ်သင့်မှု အလွှာကို တစ်လွှာထပ်တိုးပေးလိုက်သည်။ တရုတ်အစိုးရ၏ စိုက်ပျိုးရေးအထွက်နှုန်း အမြင့် ဆုံးတိုးပွားရေး ဖိအားပေးမှုများကြောင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို အလွန်အကျူး သုံးစွဲလာကြသည်။ ထိုသို့သော မြေလွှာများမှ အဆိပ်ဖြစ်သွားသည့် ရေများသည် မြစ်များ၊ မြေအောက်ရေများအတွင်း ညစ်ညမ်းပျော်ဝင်ရောက်ရှိကာ အဆိပ်ရေညှိပွင့်များပင် များပြားစွာ ရှိလာသဖြင့် သဘာ၀ဂေဟစနစ်တစ်ခုလုံး ပျက်ယွင်းရသည်။ ကျေးလက်ဒေသဆိုင်ရာ အာဏာပိုင်များတွင် အကြီးစားစီမံကိန်းများအား ထိန်းကျောင်းနိုင်သည့် စွမ်းရည်၊ ကိုယ်ပိုင် ပြဌာန်းအုပ်ချုပ်ခွင့်၊ ကြီး‌ကြပ်ကွပ်ကဲနိုင်မှုပိုမိုအားနည်းကြသည်။

အဆိုပါအားနည်းချက်များ ပေါင်းစုကာ သာမန် အဆိပ်သင့်ညစ်ညမ်းမှုများကိုပင် ပြန်လည်သုံးသပ်နိုင်စွမ်းမရှိတော့ခြင်းကြောင့် ကပ်ဘေးသည် သဘာ၀ပတ်ဝန်းကျင် ပြဿနာ သက်သက်အဆင့်ကိုပင် ကျော်လွန်ပြီး ဆိုးကျိုးများသက်ရောက်စေသည်။ အစိုးရကိုယ်တိုင်က ရေတို ကြီးပွားတိုးတက်ခြင်းကိုသာ အလိုရှိသော စီမံရွေးချယ်သည့်လမ်းကြောင့် ရေရှည်ပျက်စီးမှု ဖြစ်ပေါ်ရခြင်းဖြစ်သည်။ စက်မှု၊ မြို့ပြ၊ စိုက်ပျိုးရေးကဏ္ဍစသည်တို့တွင် ပြန်လည်ဖွဲ့စည်းရန် ပူးပေါင်းဆောင်ရွက်မှုမရှိပါက သန့်ရှင်းသောရေဆိုသည်မှာ ဇိမ်ခံစျေးကြီး ပစ္စည်းဖြစ်ရမည်သာပင်။ ထိုမျှကြီးမားသော ပြဿနာကို မတို့မထိဆက်ထားလျှင် စနစ်မှားတစ်ခုမှ ဖွင့်သောလမ်းသည် ဆိုးသထက်ဆိုးဆဲ ဆိုးမြဲသာဖြစ်စေမည်ဖြစ်သည်။ သတိပေးဆိုင်းဘုတ်များသာ ရှိပြီး သတိမပြုကြပေ။ ကျေးလက်ဒုက္ခမှသည် တစ်နိုင်ငံလုံးအတိုင်းအတာ သိရှိစေအပ်သော ကပ်ဘေးကြီးက စတင်နေပြီဖြစ်သည်။ ဆက်လက်မသိကျွိုးကျွံ ပြုထားပါက တရုတ် ရေ အကျပ်အတည်းသည် ၂၁ ရာစု၏ ပြည်သူ့ကျန်းမာရေးနှင့် စီမံအုပ်ချုပ်ရေးကျဆုံးမှုများထဲ အဆိုးရွားဆုံး ကျဆုံးမှုဖြစ်လာမည်မှာ သေချာသည်။

တရုတ်နိုင်ငံ တစ်နံတစ်လျား ရေအရင်းအမြစ်များ ကျဆင်းဆုတ်ယုတ်လာခြင်းသည် အမျိုးသားရေးပြတ်‌ရွေ့လိုင်းအဖြစ် တိတ်တဆိတ် တိုးတက်လာနေဆဲဖြစ်သည်။ ရေထု ညစ်ညမ်းမှုက ပြည်သူ့ကျန်းမာရေး၊ နိုင်ငံစီးပွားမတည်ငြိမ်မှု၊ လူမှုရေးစည်းလုံးညီညွတ်မှုများကို ဖြတ်တောက်ပေးသော အရာဖြစ်လာသည်။ တစ်ခါက မြစ်ချောင်းအင်းအိုင်များဖြင့် သာယာ စိုပြေခဲ့သည့် ဒေသနေ ပြည်သူများသည် နာတာရှည်ရောဂါများခံစားရခြင်း၊ စီးပွားရေး ပြောင်းလဲအစားထိုးမှုများလုပ်ရခြင်း၊ အပယ်ခံထားရသည်ဆိုသော စိတ်ခံစားချက်များဖြင့် စွန့်ပစ်ခံများအဖြစ် ခံစားလာရခြင်းများ ဖြစ်တည်လာရသည်။ အမှန်တကယ်ပင် ထိုရောဂါလက္ခဏာများက မြင်သာစေသည်။ ကျေးလက်ဒေသများတွင် ကင်ဆာဖြစ်ပွားမှုနှုန်းများ သိသာစွာမြင့်တက်လာသည်။ ကလေးငယ်များ အာရုံကြောပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်မှုများတိုးပွားခံစားလာရခြင်းသည် အဆိုပါ အကြီးစား သတ္တုအဆိပ်များကြောင့်ပင်ဖြစ်သည်။ ညစ်ညမ်းရေလမ်းကြောင်းများမှ ဆင့်ပွားပြီး လေထု အဆိပ်အတောက်များ အသက်ရှူလမ်းကြောင်းတွင်းရောက်ရှိကာ လူများ အဆိပ်သင့်စေပြီ ဖြစ်သည်။ သို့သော် လူထုအတွင်း အစိုးရက သတိကြီးစွာထားရှိပြီး ပြဿနာအရင်းခံအကြောင်းများအား ဖုံးကွယ်ခြင်း၊ ဆိုးကျိုးသက်ရောက်စေသော အချက်အလက်များအား ပွင့်လင်းမြင်သာ ပြည်သူကို ချမပြဘဲ လူထုက မကျေနပ်သဖြင့် ဖွင့်အံလာသောအသံများကို တင်းကြပ်စွာ ပိတ်ပင်ခြင်းများသာ လုပ်ဆောင်နေသည်။

တရုတ်တွင် စီးပွားရေးကျဆင်းခြင်းကလည်း ထပ်တူထပ်မျှကြီးမား ပြင်းထန်နေသည်။ မြစ်ရေ သန့်များဖြင့် စိုက်ပျိုးရသည့် စိုက်ပျိုးရေးထုတ်ကုန်များ ကျဆင်းခြင်းနှင့် အရည်အသွေးညံ့ဖျင်း သောကြောင့် စျေးကွက်မှ ငြင်းဆန်မှုခံရသော စိုက်ပျိုးထုတ်ကုန်များ ထိခိုက်နစ်နာရသည်။ တစ်ချိန်က လတ်ဆတ်သော ငါးများ ဖမ်းဆီးရောင်းချသည့် စျေးကွက်ကောင်းသည်လည်း ညစ်ညမ်း ရွှံ့နွံအနှစ်များအတွင်း အနာများနှင့် သို့မဟုတ် သေဆုံးနေသော ငါးများသာ ရှာတွေ့နိုင်တော့သဖြင့် စျေးကွက်ပျက်ရပြီဖြစ်သည်။ နက်မှောင်နေသော ရေများဖြင့် အွန်လိုင်းတွင်ပျံ့နှံ့ခဲ့သော ဗီဒီယို၊ ဓာတ်ပုံမြင်ကွင်းများကြောင့် ခရီးသွားများလည်း စိတ်ပျက်ကာ ခရီးသွားစီးပွားရေးကဏ္ဍကို ကျဆင်းစေပြန်သည်။ မြို့ကြီးပြ ကြီးများတွင်လည်း ရေထုညစ်ညမ်းမှုဒဏ်ကို တောင်မခံနိုင်တော့ပေ။ ဘုံပိုင်များမှ ကျလာသည့် အရောင်မျိုးစုံသော ရေများကို တရားမဝင်စည်းကမ်းမဲ့ထုတ်လုပ်သည့် ဘေးမကင်းသော၊ စိတ်မချရသော ရေသန့်စက်များအားဖြတ်ကာ ထွက်လာသည့်ရေများသည်လည်း အန္တရာယ် အသစ်များကိုသာ မိတ်ဆက်ပေးတော့သည်။ လူများအတွက် သန့်ရှင်းသောရေသည် သဘာ၀မှ အခမဲ့ရမည့် ခံစားခွင့်မဟုတ်တော့ဘဲ ရေသန့်စစ်စစ်များသည် ကုန်စည်များဘ၀သို့ ရောက်ကုန်ပြီဖြစ်သည်။

ညစ်ညမ်းအဆိပ်သင့်မြေပေါ်မှ နေအိမ်များကို စွန့်ခွာထွက်လာသော မိသားစုများစွာ ရှိလာခြင်း က ကပ်ဘေးကို ရောင်ပြန်ဟပ်ပြနေခြင်းဖြစ်သည်။ ပိုမိုသန့်ရှင်းသော သဘာ၀ပတ်ဝန်းကျင်သို့ ပြောင်းရွှေ့နေထိုင်မှုများကြောင့် လူသူကင်းမဲ့မြို့များစွာ ရှိလာသည်။ လူမရှိသောမြို့များမှ စာသင်ကျောင်းများစွာ ပိတ်ခဲ့ရသည်။ ကလေးများအတွက် ဘေးကင်းသော ရေကို တောင်းဆိုနေသည့် မိဘများ ဦးဆောင်သော ကြိုကြားကြိုကြား ဆန္ဒပြမှုများသည် လျင်မြန်စွာ နှိမ်နင်းခံရသည်။ စီစဉ်သူများကို ဖမ်းဆီးထားပြီး ဒစ်ဂျစ်တယ်ခြေရာများကို ဖျက်ပစ်သည်။ မကျေနပ်မှုများနှင့် လူထုအသံများ လူမှုကွန်ရက်ပေါ်များစွာရှိနေသည်ကိုလည်း အာဏာပိုင်များက တိတ်တဆိတ် ဖျက်စီးနေသည်။ မြို့ပြများတွင် ရွှေ့ပြောင်းနေထိုင်လာသူများ တိုးပွားလာခြင်း၊ အများပိုင် ပစ္စည်များအပေါ် ယုံကြည်မှုနည်းပါးလာခြင်း၊ မညီမျှမှုများအပေါ် နာကျည်းခြင်းများကြားမှ မတော်လောဘ စီးပွားရှာမှုများလည်း များသထက်များလာစေတော့သည်။

အဆိုပါယုံကြည်မှုတိုက်စားပြိုလဲခြင်းများသည် စီမံအုပ်ချုပ်သူများအတွက် ပိုမိုနက်ရှိုင်းသော စိန်ခေါ်မှုများကို ဖြစ်တည်စေသည်။ တည်ငြိမ်ပြီး ထိန်းချုပ်နိုင်သော စနစ်တစ်ခုကို ချက်ချင်း အကောင်အထည်မဖော်နိုင်ခဲ့လျှင် လွယ်ကူစွာဖြေရှင်းမရနိုင်တော့သော ကပ်ဘေးကြီးတစ်ခု နှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည်မှာ ဧကန်မလွဲပင်။ ဖွံ့ဖြိုးတိုးတက်သောဆိုသည့် ဆောင်ပုဒ်အား တရုတ်အစိုးရ လက်ကိုင်ထားနေသော်လည်း အန္တရာယ်ကင်းသော ရေကိုပင် ပေးစွမ်းနိုင်ခြင်းမရှိမှု၊ မပေးချင်မှုများရှိနေပါက မည်သို့မျှ ဖွံ့ဖြိုးတိုးတက်နိုင်မည်မဟုတ်ပေ။ အစိုးရပိုင်မီဒီယာများက နည်းပညာဆိုင်ရာအောင်မြင်မှု၊ ကမ္ဘာကြီးအား စိုးမိုးနိုင်သည့် ရည်မှန်း ချက်များအကြောင်း တသွင်သွင်တင်ဆက်ပြနေသော်လည်း ရေဘုံပိုင်များမှ ကျလာသည့်ရေဆိုးများက ခြားနားသော ပုံပြင်တစ်ပုဒ်ကို ပြောနေမည်သာဖြစ်သည်။ စည်းမျဉ်းစည်းကမ်းပျက်ကွက်မှု၊ စက်မှုလက်မှုလွတ်ငြိမ်းချမ်းသာခွင့်၊ အဖွဲ့အစည်းဆိုင်ရာ တက်ကြွမှုများ အားနည်းသွားမှုတို့သည် တရုတ်နိုင်ငံ ပျက်စီးရာပျက်စီးကြောင်းများထဲမှ အရေးပါသော အရာများဖြစ်လျှင် ရေပြဿနာသည်လည်း အလွန်ကြီးမားသော ပျက်စီးရာ ပျက်စီးကြောင်းတစ်ခုထဲ ပါဝင်နေပြီဖြစ်သည်။

အဆိုပါအကျပ်အတည်းသည် နိုင်ငံတကာတွင်ပါ ဂုဏ်သိက္ခာပိုင်းထိခိုက်စေသည်။ ညစ်ညမ်းအဆိပ်သင့်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်စေခြင်းများက ကမ္ဘာ့ လူထုထံသို့ပင် သတင်းများမှတစ်ဆင့်ရောက်ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် တရုတ်ဦးဆောင်ကာ ပြည်ပနိုင်ငံများတွင် အစပျိုးတည်ဆောက်နေသော ဖွံ့ဖြိုးရေးစီမံကိန်းကြီးများအပေါ် မယုံမကြည်ထုတ်လာသည့် မေးခွန်းများစွာ ရှိလာခဲ့သည်။ သဘာ၀ပတ်ဝန်းကျင်စံနှုန်းနှင့် ညီနိုင်မည်လား၊ ပွင့်လင်းမြင်သာမှုရှိစေမည်လား၊ တာဝန်ယူမှု ရှိမည်လားဆိုသည့် မေးခွန်းများ တိုးလာရပြီဖြစ်သည်။

သက်ရောက်မှုက ဒေသတွင်းမှသည် နိုင်ငံ၊ နိုင်ငံမှသည် ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ အန္တရာယ် အချက်ပေးသံများ မြည်ဟီးလာခဲ့ပြီဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှု၊ ရေ အရင်းအမြစ်စီမံခန့်ခွဲမှုစနစ်များအားလုံးကို မပြုပြင်လျှင် အရှိန်နှေးကွေးသည့်အနေအထားဖြင့် အရေးပေါ်အခြေအနေဆီ ဦးတည်ရွေ့လျားနေသော ရေ ကပ်ဘေးသည် ရာနှုန်းပြည့် ကမ်းဆိုက်မှုကြီး ဖြစ်ပျက်ရတော့မည်ဖြစ်သည်။ သတိပေးချက်များက ရှင်းလင်းနေသည်။ နောက်ပြန်လှည့်မရနိုင်တော့သည့် ပေးဆပ်ရမှုကြီးအဖြစ်ခံမည်လား၊ ထိုသို့ မဖြစ်မီတရုတ်အစိုးရအာဏာပိုင်များ ရေရင်းမြစ်အဆိပ်သင့်နေမှုပြဿနာကြီးအား ရင်ဆိုင်ဖြေရှင်းမည်လားဆိုသည့်မေးခွန်းကို မေးရပေတော့မည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now