ဆောင်းပါး

အာဏာစက်တချို့ စွန့်လွှတ်ရန် ဖိအားပေးခံနေရပြီဖြစ်သော တရုတ်သမ္မတ ရှီကျင်းဖျင်

မဲခေါင် 27 Aug - 2025
~ လင်းမောင် ~ မကြာသေးမီကာလများက တရုတ်သမ္မတရှီကျင်းဖျင်နှင့် နီးစပ်ပတ်သက်သည့် ထိပ်တန်းနိုင်ငံရေးသမားများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မှ အရာရှိများကို သုတ်သင်ရှင်းလင်းမှုများ သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုဗဟိုကော်မတီမှ ချမှတ်သည့်အတိုင်း လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ကာ တရုတ်ကွန်မြူနစ်ပါတီကသာ ဗဟိုကော်မတီမှ နိုင်ငံအတွင်း အဖွဲ့အစည်းများကို ပြန်လည် အသက်ရှင်သန်ကောင်းမွန်နိုင်ရေး ဦးဆောင် အမိန့်ပေးနေခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အသံဖြစ်သော PLA Daily မီဒီယာတွင် ဆက်တိုက် ဖော်ပြပါရှိလာသည့် အာဘော်ဆောင်းပါးများအရ သုတ်သင်ရှင်းလင်းရေး ဆုံးဖြတ်ချက်များကို စုပေါင်းခေါင်းဆောင်မှုနှင့်ပါတီအတွင်း လွတ်လပ်သည့် ဒီမိုကရေစီနည်းဖြင့် ချမှတ်ကြောင်း၊ ထိုဖော်ပြမှုများအရ ရှီကျင်းဖျင်၏ ကြီးမားသော အာဏာစက်တချို့ကို လက်ထောက်များသို့ လွှဲအပ်ပေးရသည်အထိ ဖိအားပေးခံနေရသည်ကို မြင်တွေ့နိုင်သည်။ တရုတ်အရေး စောင့်ကြည့်လေ့လာသူများက

~ လင်းမောင် ~

မကြာသေးမီကာလများက တရုတ်သမ္မတရှီကျင်းဖျင်နှင့် နီးစပ်ပတ်သက်သည့် ထိပ်တန်းနိုင်ငံရေးသမားများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မှ အရာရှိများကို သုတ်သင်ရှင်းလင်းမှုများ သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုဗဟိုကော်မတီမှ ချမှတ်သည့်အတိုင်း လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ကာ တရုတ်ကွန်မြူနစ်ပါတီကသာ ဗဟိုကော်မတီမှ နိုင်ငံအတွင်း အဖွဲ့အစည်းများကို ပြန်လည် အသက်ရှင်သန်ကောင်းမွန်နိုင်ရေး ဦးဆောင် အမိန့်ပေးနေခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အသံဖြစ်သော PLA Daily မီဒီယာတွင် ဆက်တိုက် ဖော်ပြပါရှိလာသည့် အာဘော်ဆောင်းပါးများအရ သုတ်သင်ရှင်းလင်းရေး ဆုံးဖြတ်ချက်များကို စုပေါင်းခေါင်းဆောင်မှုနှင့်ပါတီအတွင်း လွတ်လပ်သည့် ဒီမိုကရေစီနည်းဖြင့် ချမှတ်ကြောင်း၊ ထိုဖော်ပြမှုများအရ ရှီကျင်းဖျင်၏ ကြီးမားသော အာဏာစက်တချို့ကို လက်ထောက်များသို့ လွှဲအပ်ပေးရသည်အထိ ဖိအားပေးခံနေရသည်ကို မြင်တွေ့နိုင်သည်။ တရုတ်အရေး စောင့်ကြည့်လေ့လာသူများက PLA Daily တွင် ဖော်ပြခဲ့သည့် ဆောင်းပါး ၄ ပုဒ်စလုံးသည် တရုတ်သမ္မတရှီကျင်းဖျင်၏ ဗဟိုချုပ်ကိုင်မှု စည်းမျဉ်းများအပေါ် ဝေဖန်ထားသည်များချည်း ဖြစ်နေသည်ကိုလည်းတွေ့ရသည်ဟု ဆိုသည်။

တရုတ်စီးပွားရေးတောက်လျှောက် ထိုးကျလာခြင်းကြောင့် ရှီကျင်းဖျင်သည် ခက်ခဲသည့်အချိန်များကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ တရုတ်စီးပွားရေး ကြီးထွားမှုနှုန်းသည် ယခင် ဆယ်စုနှစ်များက ကြီးထွားနှုန်း ကိန်းဂဏ္ဍန်း ၂ လုံးစာ ရှိနေခဲ့သည်မှ ယခု ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရပြီဖြစ်သည်။ တရုတ်စီးပွားရေး၏ အဓိကအကျဆုံး မောင်းနှင်အားဖြစ်ခဲ့သော အိမ်ယာကဏ္ဍသည် ပြိုလဲမှုနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်မှ ကုန်စည်စစ်ပွဲဆင်နွှဲလိုက်မှုကြောင့်လည်း တရုတ်နိုင်ငံ စီးပွားရေးမှာ ကြီးမားစွာ ထိခိုက်နေရပြီဖြစ်သည်။ ရှီကျင့်ဖျင်ကိုယ်တိုင်က ဗဟိုကော်မတီလက်အောက်ရှိ အဖွဲ့အစည်းများနှင့် ကော်မရှင်များ၏ လုပ်ငန်းဆောင်တာများကို ပြန်လည်သုံးသပ်ပြီး ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့အစည်းများသည် အစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအတိုင်းသာ အကောင်အထည်ဖော်ဆောင်ရွက်လာရပြီဖြစ်သည်။

ဆင်ဟွာသတင်းတစ်ပုဒ်တွင် အဆိုပါအဖွဲ့အစည်းများသည် အဓိက လုပ်ငန်းတာဝန်များကို ပိုမိုခေါင်းဆောင်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုလုပ်ဆောင်ခြင်း၊ စီစဉ်မှု၊ ကြီးကြပ်မှုနှင့် ဆွေးနွေးမှု များတွင် ပိုမိုအာရုံစိုက်ကာ ဦးဆောင်ကြရမည်ဟု အစည်းအဝေး၌ အလေးပေ တိုက်တွန်းခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်အစိုးရအဖွဲ့အစည်းများသည် ပြီးခဲ့သည့် နှစ်များအတွင်း နောက်ကျကျန်နေ သူများအဖြစ် ဆုတ်ယုတ်နေပြီးဖြစ်သည်။ ၂၀၂၄ ဩဂုတ်လနောက်ပိုင်းကတည်းက စီးပွားရေးဖိုရမ် ပြန်လည်ဖွဲ့စည်းပြီးနောက် ကော်မရှင်သည် အစည်းအဝေးဆုံးဖြတ်ချက်များကို လူသိရှင်ကြား ထုတ်ပြန်မှု မပြုနိုင်တော့ပေ။ ကြေညာချက်တချို့ရှိခဲ့သော်လည်း တိုတောင်းပြီး ဆုံးဖြတ်ချက်ချမှုများ နည်းပါးလွန်းနေကြောင်း မြင်သာခဲ့သည်။

ရှီကျင်းဖျင်တွင် ရှိနေခဲ့သော ကြီးမားလွန်းသည် ဩဇာအာဏာသည် ယခုအခါ ပေါ်လစ်ဗျူရို အပြောင်း အလဲများ ဖြစ်တည်နေသည့် ရေချိန်အဆင့်သို့ ရောက်နေခဲ့ပြီဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ တရုတ်ပြည်သူများနှင့် ထိတွေ့ဆက်ဆံပုံများမှ အမှတ်သင်္ကေတများ၊ သွယ်ဝိုက်သည့် ဘာသာစကားများက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေ သည်ဟုလည်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။ ဆောင်ပုဒ်၊ ကြွေးကျော်သံနှင့် စကားစု များက စောင့်ကြည့်နေရသည့် အဆင့်သို့ ပြောင်းလဲလာသည်။

ပထမဦးစွာမြင်တွေ့ရသည်မှာ ပေါ်လစ်ဗျူရိုက မူဝါဒပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်သုံးသပ်မှု ဖြစ်စဉ်များတွင် ပေကျင်းအစိုးရမှ ချမှတ်ပေးထားသည့် မူဝါဒအတိုင်း ဒေသဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် ဦးဆောင်သူ ကဏ္ဍမှ ပါဝင်ကြစေရေး တရုတ်ကွန်မြူနစ်ပါတီမှ အမိန့်ပေးစေခိုင်းနေခြင်း ဖြစ်သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကသာ ထုတ်ပြန်ချက်များကို အထူးဖွဲ့စည်း ထားသည့် အဖွဲ့များမှတစ်ဆင့်သာ ထုတ်ပြန်သည်။ ရှီကျင်းဖျင်အပေါ် သစ္စာခံသူများသည် လက်ရှိတွင် ကြီးမားသည့် လုပ်ငန်းများ၌ လမ်းညွှန်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများလောက်ကိုသာ ဦးတည်လုပ် ဆောင်နေကြရပြီး အခြားတာဝန်လွှဲအပ်ခံထားရသူများ၏ လုပ်ငန်းဆောင်တာများကို ဘောင်ကျော်ခြင်း များ ရှောင်ကြဉ်ကြရသည့် အနေအထားသို့ ရောက်ရှိကုန်သည်။ ထိုသည်ကပင် ရှီကျင်းဖျင် အလွန်အကျူး ကိုင်စွဲထားသည့် အာဏာအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်တွေ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရှီကျင်းဖျင်၏ သုတ်သင်ရှင်းလင်းမှုများတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) မှ ထိပ်တန်းအကြီးအကဲများစွာလည်း ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံ၏ လက်ရှိ အာဏာလွန်ဆွဲမှုက ပြဿနာ တစ်ရပ်ဖြစ်နေစေပြီဖြစ်သည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစီမံကိန်းဖြင့် သုတ်သင်ရှင်းလင်းမှု များအား လုပ်ဆောင်ခဲ့ရာ အစိုးရအကြီးအကဲများစွာ၊ ပါတီအကြီးအကဲများစွာလည်း သုတ်သင်ခံရသည့်အထဲပါဝင်ခဲ့သောကြောင့် ရှီကျင်းဖျင်တွင် ရန်သူများစွာ တိုးလာခဲ့ရပြီဖြစ်သည်။ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်သမ္မတရာထူးရယူခြင်းနှင့်အတူ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စီမံကိန်းကို ရှီကျင်းဖျင် စတင်အကောင်အထည်ဖော်ခဲ့သည်။ စီမံခန့်ခွဲသူများနယ်ပယ်တွင် နိုင်ငံရေး ပြိုင်ဘက်များကို ဖယ်ရှားခဲ့သည်။ နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားခြင်းကြောင့် ၎င်းတို့က ရှီ၏ အကာအကွယ်များကို တိုက်ရိုက်ပြန်လည်ဆန့်ကျင်လာကြခြင်းက ပြဿနာဖြစ်သည်။ လက်ရှိ တရုတ်စီးပွားရေး ကျဆင်းခြင်းထပ်ပေါင်းလျှင် ရှီကျင်းဖျင်သည် သမ္မတဆိုသော အမြင့်ဆုံးအာဏာရှိမှု သည် အစေးမကပ်လှတော့ပေ။ ရှီသစ္စာခံများက ပါတီတွင်း အဓိက နေရာများကို ဝင်ရောက်ရယူကြသည်။ စစ်တပ်မှ အကြီးအကဲများ ဖယ်ရှားခံရသည်။ တချို့ဆိုလျှင် လူမြင်ကွင်းမှ ပျောက်ကွယ်ကုန်ကြသည်။

၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ ပထမ ၅ နှစ်တာ သမ္မတသက်တမ်းအတွင်း အညှာအတာမဲ့သော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစီမံကိန်းကြောင့် ဝန်ကြီး၊ ဒုဝန်ကြီးအဆင့်များအပါ အရာရှိပေါင်း ၁၇၀ ကျော်ကို ထုတ်ပယ်ခဲ့သည်။ ထိုထဲမှ များစွာသည် ထောင်ချခံရသည်။ အစိုးရဝန်ထမ်း ၁ သန်း ကျော်ကို အရေးယူမှုများလုပ်ခဲ့သည်။ ထို ၅ နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များ နှင့် အလှည့်ကျအဖွဲ့ဝင် ၃၅ ယောက်လည်း အရေးယူခံရသည်။ ထိုထဲတွင် ရာထူးအကြီးမားဆုံးအဖြစ် ဗဟိုနိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အထွေထွေအတွင်းရေးမှူး Zhou Yongkang လည်း ပါဝင်ခဲ့သည်။ ကြီးမားသော လုံခြုံရေးလျှို့ဝှက်ချက် ပေါက်ကြားစေမှုဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။ ၄င်သည် တရုတ်နိုင်ငံတော်အဆင့်အရဆိုလျှင် တတိယ ဩဇာအာဏာအရှိဆုံးရာထူး ပိုင်ဆိုင်ထားသူဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် Zhou Yongkang ကို အာဏာအလွဲသုံးစားမှု၊ လာဘ်စားမှု၊ နိုင်ငံတော်အတွင်းသတင်းလျှို့ဝှက်ချက်ပေါက်ကြားမှုများဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။ အခြား ကွန်မြူနစ်ပါတီအတွင်းမှ ရှီကျင်းဖျင် ဖယ်ရှားခဲ့သူများထဲ ချုံကင်း ကွန်မြူနစ်ပါတီအတွင်းရေးမှူး Sun Zhengcai၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်‌များလည်းဖြစ် ဗဟိုစစ်ဘက်ဆိုင်ရာကော်မရှင် ဒုဥက္ကဌများလည်းဖြစ်သော Xu Caihau နှင့် Guo Boxiong၊ ယခင် သမ္မတ ဟူကျင်းတောင်လက်ထက်က တရုတ်ကွန်မြူနစ်ပါတီ ညွှန်ကြားရေးမှူးချုပ် Ling Jihua တို့လည်း ပါဝင်ခဲ့သည်။

အရေးယူရှင်းလင်းသုတ်သင်ခံရသူများထဲ ရှီကျင်းဖျင် သစ္စာခံများလည်း ပါဝင်သေးသည်။ နောက်ဆုံး သုတ်သင်ခံရသူသည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဝန်ကြီး Liu Jianchao ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့်သူဟု ထင်ကြေးပေးခံထားရသူဖြစ်သော်လည်း ဇူလိုင်လနှောင်း ပိုင်းက ပြည်ပခရီးစဉ်တစ်ခုမှ ပြန်အလာတွင် မေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ အခြားသော သုတ်သင်ရှင်းလင်းခံ ရှီ၏ သစ္စာခံများထဲတွင် ကာကွယ်ရေးဝန်ကြီး Li Shangfu လည်း ပါဝင်သည်။ အကျင်ပျက်ခြစားမှုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပယ်ခံရခြင်းဖြစ်သည်။ နောက် တစ်ဦးမှာ ရှီကျင်းဖျင် Fujian ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီဝင်အဖြစ် ရှိစဉ်ကတည်းက ရင်းနှီးခဲ့သော ရေတပ်ဗိုလ်ချုပ် Miao Hua ဖြစ်ကာ ၂၀၂၄ နိုဝင်ဘာတွင် ရာထူးမှ ဆိုင်းငံ့ခံရပြီး ယခုနှစ် ဇွန်လတွင် အကျင့်ပျက်ခြစားမှုဖြင့် ရာထူးမှ အပြီးဖယ်ရှားခဲ့သည်။ ယခုနှစ် မတ်လတွင်လည်း ရှီကျင်းဖျင်သစ္စာခံဖြစ်သော ဗဟိုစစ်ဘက်ရေးရာကော်မတီ ဒုဥက္ကဌ ဗိုလ်ချုပ် He Weidong လည်း အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသည်။

သုတေသီများက ရှီကျင်းဖျင်၏ ကျင့်သုံးနေဆဲဖြစ်သော အကျင့်ပျက်ခြားစားမှုတိုက်ဖျက်ရေး စီမံကိန် ကြောင့် တရုတ်ပြည်သူ့တပ်မတော်အတွင်း လှိုင်း ၂ လှိုင်းရိုက်ခတ်ကာ ဂိုဏ်းကွဲခဲ့သည်ဟု သုံးသပ်ကြသည်။ ပထမ လှိုင်းသည် ၂၀၂၃ ခုနှစ်တွင် စတင်ပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် အဆုံးသတ်ခဲ့သည်။ ဒုတိယလှိုင်းသည် ၂၀၂၄ နိုဝင်ဘာလတွင် စတင်ပြီး ယခုအထိ ဆက်လက်ရိုက်ခတ်နေဆဲဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွင်း Shaanxi Gang နှင့် Fujian Clique တို့ နှစ်ဂိုဏ်းကွဲခြင်းဖြစ်သည်။ ရှီကျင်းဖျင်အပေါ် သစ္စာရှိခြင်း၊ မရှိခြင်း နှင့်တိုက်ရိုက်ပတ်သက်နေသည်။ Shaanxi Gang သည် ရှီကျင်းဖျင်သစ္စာတော်ခံ တပ်တွင်းအကြီးအကဲဖြစ်ကာ လူငယ်ဘ၀ကတည်းက ရှန်ဇီပြည်နယ်တွင် ရှီကျင်းဖျင်နှင့် အတူရှိနေခဲ့ သူဖြစ်သည်။ Fujian Clique သည် ဖူကျန့်ပြည်နယ်ရှိ တရုတ်ကွန်မြူနစ်ပါတီ (CCP) တွင် ရှီကျင်းဖျင် ထက် စီနီယာပိုကျသူအဖြစ် ကာလကြာရှည်စွာ အမှုထမ်းခဲ့သူဖြစ်သည်။ ရှီကျင်းဖျင် အရေးယူခဲ့သော ရေတပ်ဗိုလ်ချုပ် Miao Hua သည် Shaanxi Gang နှင့်အတူရင်းနှီးစွာရှိခဲ့သူဖြစ်ကာ He Weidong သည် Fujian Clique ဘက်တော်သားဖြစ်သည်။

ရှီကျင်းဖျင်ဘက်တော်သားသစ္စာခံများ အကျင့်ပျက်ခြစားမှုဖြင့် အရေးယူအပြစ်ပေးခံရမှုများတွင် သမ္မတကိုယ်၌က တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တွင် မှန်ကန်သည့်လူများကို ထိပ်တန်းရာထူးများတွင် မခန့်ထားနိုင်သောကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများရှိလာသည်။ သူကိုယ်တိုင်ခန့်ထားသည့် သစ္စာခံများကိုပင် အကာအကွယ်မပေးနိုင်သည့်ဖြစ်စဉ်များက ရှီ၏ မိတ်ဆွေ သူငယ်ချင်းများကိုယ်တိုင် အကြောက်တရားများကို ခံစားလာရပြီး ရန်သူများအသွင် ဆောင်ကုန်ကြသည်။ သူကိုယ်တိုင် နိုင်ငံရေးပြိုင်ဘက်များကို လက်လွှတ်ပေးထားရသည့် အခြေအနေက အာဏာစက်တချို့ကို စွန့်လွှတ်ပေးထားရသည့် ဖိအားဒဏ်ခံနေရသော အရိပ်အယောင်ကို ပြသခြင်းပင် ဖြစ်တော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now