ဆောင်းပါး

အဘယ်ကြောင့် တရုတ်ဆည်များမှသည် ပျက်စီခြင်းဆိုက်ရောက်သနည်း – မြစ်ပျက်များခေတ်ထဲက Power Politics

မဲခေါင် 23 May - 2025
~ လင်းမောင် ~ တရုတ်သည် မြစ်ညှာကုန်းပြင်မြင့်တွင် ရှိနေသော ပထဝီဝင်အားသာချက်များကို ပြန်လည် အသွင်ယူ အသုံးချပြီး ၎င်းတို့ မြစ်ညှာတွင် လုပ်သမျှအားလုံး မြစ်အောက်ပိုင်းရှိနိုင်ငံများစွာ အဆုံးသတ်တွင် ဒုက္ခ များ ခါးစည်းခံရခြင်းကို အားမနာတမ်း၊ မညှာတာတမ်း ရည်ရွယ်ချက်ရှိစွာ နိုင့်ထက်စီးနင်း ပြုရန် အထူး အာရုံစိုက်လာပြန်သည်။ ထို့ကြောင့် မြစ်အောက်ပိုင်း နိုင်ငံများစွာအတွက်လည်း ပူပန်မှုများက တိုး သထက်တိုးလာရသည်။ အထူးသဖြင့် တိဗက်ကုန်ပြင်မြင့်တွင် ပေကျင်းအစိုးရ၏ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး အဆောက်အအုံများ တိုးချဲ့မှု အတိုင်းအတာ၊ အရှိန်အဟုန်နှင့် တစ်ဖက်သတ် သဘောသဘာ၀ဆန်သော စီမံကိန်းများက မြစ်အောက်ပိုင်းရှိ ဗြဟ္မပုတ္တရဖြစ်နှင့် မဲခေါင်မြစ်ကြီးများ တစ်လျှောက်ရှိ အာရှရေအားလျှပ်စစ်နိုင်ငံရေး ယုံကြည်မှု၊ ဒေသတွင်းတည်ငြိမ်ရေးနှင့်

~ လင်းမောင် ~

တရုတ်သည် မြစ်ညှာကုန်းပြင်မြင့်တွင် ရှိနေသော ပထဝီဝင်အားသာချက်များကို ပြန်လည် အသွင်ယူ အသုံးချပြီး ၎င်းတို့ မြစ်ညှာတွင် လုပ်သမျှအားလုံး မြစ်အောက်ပိုင်းရှိနိုင်ငံများစွာ အဆုံးသတ်တွင် ဒုက္ခ များ ခါးစည်းခံရခြင်းကို အားမနာတမ်း၊ မညှာတာတမ်း ရည်ရွယ်ချက်ရှိစွာ နိုင့်ထက်စီးနင်း ပြုရန် အထူး အာရုံစိုက်လာပြန်သည်။ ထို့ကြောင့် မြစ်အောက်ပိုင်း နိုင်ငံများစွာအတွက်လည်း ပူပန်မှုများက တိုး သထက်တိုးလာရသည်။ အထူးသဖြင့် တိဗက်ကုန်ပြင်မြင့်တွင် ပေကျင်းအစိုးရ၏ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး အဆောက်အအုံများ တိုးချဲ့မှု အတိုင်းအတာ၊ အရှိန်အဟုန်နှင့် တစ်ဖက်သတ် သဘောသဘာ၀ဆန်သော စီမံကိန်းများက မြစ်အောက်ပိုင်းရှိ ဗြဟ္မပုတ္တရဖြစ်နှင့် မဲခေါင်မြစ်ကြီးများ တစ်လျှောက်ရှိ အာရှရေအားလျှပ်စစ်နိုင်ငံရေး ယုံကြည်မှု၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် ဂေဟစနစ်မျှတ နေမှုများ အပေါ် ခြိမ်းခြောက်မှုကြီးဖြစ်လာစေသည်။

တရုတ်နိုင်ငံသည် အာရှရှိ မြစ်များစွာ၏ မြစ်ညှာဒေသများကို ပိုင်ဆိုင်ထိန်းချုပ်ထားနိုင်သော နိုင်ငံဖြစ် သည်။ ထိုအထဲ ဗြဟ္မာပုတ္တရမြစ်နှင့် မဲခေါင်မြစ်များလည်း အပါအဝင်ဖြစ်သည်။ မြစ်ညှာဒေသကို ပိုင်စိုးထားသူသည် ထိုမြစ်များအားလုံးကို ထိန်းသိမ်းရန် ပိုမို တာဝန်ရှိသည်။ နိုင်ငံတကာ ရေအရင်း အမြစ် စီမံခန့်ခွဲရေးအတွက် တရားဝင် မူဘောင် စည်းမျဉ်းများရှိထားသော်လည်း ဘက်ပေါင်းစုံ ကောင်းမွန်ရေး စုပေါင်းကြိုးပမ်းမှုများအပေါ် တရုတ်က မျက်ကွယ်ပြုသည်။ ရှေးထုံးတမ်းစဉ်လာအရ နေထိုင်ကျင့်ကြံပါသည်ဟု နိုင်ငံရေး နှဲစကား တွင်တွင်သာပြောဆိုပြီး ရေးအားလျှပ်စစ်နှင့်ပတ်သက် သည့် အချက်အလက်များ မျှဝေခြင်းကို ဖုံးကွယ်ကာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ နှစ်နိုင်ငံ ရေအရင်းအမြစ် ယန္တရားများနှင့် စည်းနှောင်ထားမှုများအပေါ် လိုက်နာမှုမရှိခြင်းများဖြင့် ထင်ရာ ဆိုင်းနေခဲ့သည်။ ၂၀၁၇ ခုနှစ်က အိန္ဒိယနှင့် တရုတ်စစ်တပ်များ နယ်ခြားစည်း ပဋိပက္ခကြောင့် ရှေ့မတိုး သာနောက်မဆုတ်သာဖြစ်ခဲ့ရသည့် Doklam standoff အပြီး တရုတ်သည် အိန္ဒိယနိုင်ငံ၏ အသက် သွေးကြော မြစ်ကြီးဖြစ်သော ဗြဟ္မာပုတ္တရမြစ်နှင့်ပတ်သက်သည့် မြစ်ညှာပိုင်း ရေအားလျှပ်စစ်ထုတ် လုပ်မှု အချက်အလက်များ မျှဝေခြင်းကို ရပ်ဆိုင်းလိုက်သည်။ နည်းပညာအခက်အခဲကြောင့်ဟု အကြောင်းပြချက်ပေးကာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ တင်းမာမှုအမြင့်ဆုံးဖြစ်လာချိန်များ၌ တရုတ်သည် ရန်ဘက်နိုင်ငံအဖြစ်သတ်မှတ်ပြီး သဘာ၀ရေးရာ မျှဝေသုံးစွဲမှုနီတိကို မျက်ကွယ်ပြု နိုင်ငံရေး အသုံးချမှုများ ဆိုးရွားစွာ လုပ်ဆောင်လေ့ရှိခြင်းမှာ လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ မြစ်ညှာဒေသ ထိန်းချုပ်ထားသူက လုပ်ချင်တာလုပ်ပြီး အချက်အလက်မျှဝေမှုများကို သတင်းမှောင်ချ ပိတ်ပင် လိုက်သည်နှင့် မြစ်အောက် လက်ဝေခံ နိုင်ငံများအတွင်း ရုတ်ချည်း ရေစီးရေလာစနစ် ပြောင်းလဲသွားသည်။ မြစ်အောက်ဒေသ နိုင်ငံများအကြား အဖွဲ့အစည်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ယန္တရားများ မရှိခြင်းကလည်း အောက်ပိုင်းပြည်နယ်များအတွက် ဗျူဟာမြောက် မှန်းဆမရနိုင် လောက်အောင် ဖြစ်လာစေပြီ ဆိုးကျိုးများစွာကို ခံစားရစေသည်။
ပိုဆိုးသည်မှာ တရုတ်၏ ဆည်ဆောက်လုပ်မှုလုပ်ငန်းစဉ်များတွင် ဖြစ်နိုင်မှု၊ ဘေးထွက်ဆိုးကျိုးလေ့လာစမ်းစစ်မှုများပင် ပွင့် လင်းမြင်သာမရှိခြင်း၊ စမ်းစစ်မှု မလုံလောက်ခြင်းများရှိနေသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်း (EIAs) များကို မြစ်အောက်ပိုင်းသက်ဆိုင်ရာနိုင်ငံများထံလည်း ထည့်သွင်းတင်ပြ တိုင်ပင်ခြင်းမရှိဘဲ တစ်ဖက်သတ် ဆောင်ရွက်ခြင်းကိုသာ လုပ်ဆောင်သည်။ နိုင်ငံများ မျှဝေသုံးစွဲရသည့် မြစ်များကို မြစ်ညှာပိုင်းတွင် တရုတ်က ဆည်သစ်များ၊ ရှိရင်းစွဲ ဆည်များ မှ လုပ်ထုံးလုပ်နည်းများအား လူသိရှင်ကြား ကြေညာခြင်းမပြုဘဲ လုပ်ဆောင်နေခြင်းသည် ဖြေရှင်းရခက် သည့် အခြေအနေရောက်နေသည်။ ထိုအခြေအနေက ယခင် အာရှတွင် မျှဝေသုံးစွဲရေး သမဝါယမ မြစ် စနစ်သံတမန်ရေးရာ နားလည်မှုများကို အချိုးမညီစေတော့ဘဲ ပေကျင်းအစိုးရသာ အာဏာအသာစီးရ နိုင်မှုကို ဖန်တီးခြင်းဖြစ်စေသည်။

ဘက်ပေါင်းစုံ သက်ရောက်မှုများဖြင့် တစ်ဖက်သတ်လုပ်ဆောင်မှုများ

တရုတ် ဆည်များစွာတည်ဆောက်နေခြင်းသည် ပထဝီဝင်နိုင်ငံရေးမူဘောင်ကို ကျော်လွန်ကာ အာရှဒေသကြီးအတွက် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များကို ဆိုးရွားထိခိုက်စေသည်။ ဗြဟ္မာပုတ္တရ၊ မဲခေါင်နှင့် သံလွင်မြစ်များ၏ မြစ်ညှာပိုင်းက တရုတ်ပိုင်နက်များတွင် စတင်သည်။ ဂေဟ စနစ်ပျက်စီးလွယ်ဇုန်းများကို ဖြတ်သန်းစီးဆင်းရသည်။ ထိုနေရာများတွင် တရုတ်က ဆည်များ ပိတ်ဆို့ တည်ဆောက်ခြင်းကြောင့် သဘာ၀ရေစီးရေလာစနစ်ကို ပျက်စီးစေသည်။ အနည်များသယ်ယူပို့ဆောင် ခြင်း၊ ရာသီအလိုက် ရေလွှမ်းမိုးမှုဇုန်များကိုပါ ပြောင်းလဲ ပျက်စီးစေသည်။ ထိုဖြစ်စဉ်များသည် မြစ် အောက်ပိုင်း မြစ်ဝှမ်းလွင်ပြင်ဒေသများရှိ စိုက်ပျိုးရေး၊ ငါးဖမ်းရေလုပ်ငန်းနှင့် မြစ်၀ကျွန်းပေါ် ထိမ်းသိမ်းခြင်းများအတွက် မရှိမဖြစ် လိုအပ်သော သဘာ၀ဂေဟစနစ်များဖြစ်သည်။

၂၀၂၀ ပြည်နှစ်က ထုတ်ပြန်သည့် စစ်တမ်းတွင် မြစ်ညှာပိုင်း တရုတ်ဆည်များကြောင့် ၂၀၁၉ မုန်သုံကာလ မဲခေါင် မြစ်ဝှမ်းသို့ စီးဆင်းသည့် ရေပမာဏသည် များစွာ ထိန်းချုပ်ခံရပြီး လျော့နည်း သွားကြောင်း သိရသည်။ မိုးရေချိန်သည် ပျမ်းမျှ၏ အထက်တွင်ရှိသည်အထိ ရွာသွန်းခဲ့သော်လည်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် မဲခေါင်မြစ်ဝှမ်းဒေသမှ နိုင်ငံများသို့ စီးဆင်းရေပမာဏ သည် စံချိန်တင် နည်းပါးခဲ့သည်။ ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းတစ်ရပ်ဖြစ်သော မဲခေါင် မြစ်ကော်မရှင် (MRC) က မြစ်ညှာရှိတရုတ်ရေကာတာများ၏ လည်ပတ်မှုသည် ဇလဗေဒ လည်ပတ်မှု ကို ပြောင်းလဲစေကာ အဆိုပါမြစ်ကို မှီခိုနေရသော မြစ်အောက်ဘက်မှ လူသားသန်းပေါင်း ၆၀ ကျော် အတွက် စားနပ်ရိက္ခာဖူလုံမှုကို ကြီးမားစွာ ခြောက်လှန်နေသည်ဟု စိုးရိမ်ပူပန်မှုများအား ထပ်ကာ တလဲလဲ ထုတ်ပြန် သတိပေးခဲ့သည်။

ဗြဟ္မပုတ္တရမြစ်နှင့်ပတ်သက်လျှင် တရုတ်သည် မြစ်ညှာဒေသရှိ ကျယ်ပြန့်လှသော အချက်အလက်များ ကို ထိန်းချုပ် ကွယ်ဝှက်ထားသည်။ အိန္ဒိယ ရေရင်းမြစ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အစိုးရ အာဏာပိုင် များ တိဗက်တွင် တည်ဆောက်ထားသော Zangmu ဆည်ကြီးနှင့် နောက်ထပ် ထပ်မံတည်ဆောက်ရန် စီမံကိန်းချမှတ်ထားသော ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ် ဆည်ကြီးကြောင့် အထူး စိုးရိမ်ပူပန် နေကြရသည်။ ဆည်သစ်ကြီးမှာ အိန္ဒိယနယ်စပ် အရူနာချယ်ပရာဒက်ရှ်ပြည်နယ်နှင့် ကပ်လျှက်တွင် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ရာ အနည်းပိုချခြင်းများပြားလာနိုင်မှု၊ ငလျင်ဒဏ်ခံနိုင်ရည် နည်းပါး မှုနှင့် ဆည်ရေကာတာများ ရေဖွင့်ချခြင်းမှသည် မြစ်အောက်ပိုင်းဒေသများ ရေကြီးရေလွှမ်းမိုးမှုဒဏ်ကို ဖြစ်လာစေမည်မှာ အထူး စိုးရိမ်ရာဖြစ်နေသည်။ အနည်းချခြင်းများလျှင် ရေစီရေလာနှုန်း ကျဆင်းသွား မည်သာဖြစ်သည်။ မြစ်ဝှမ်းဒေသ ကျယ်ပြန့်မှုလုံလောက်ခြင်းမရှိခြင်း၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုယန္တရားမရှိခြင်းများတွင် မြစ်အောက်ပိုင်း ပျက်စီးနိုင်မှုများသည် အလွန်များပြားနိုင်ပြီး လျော်ကြေး၊ ညှိနှိုင်းမှု၊ လျော့ပါးသက်သာစေမှုများသည်လည်း အကျုံးဝင်စေတော့မည်မဟုတ်ခြင်းမှာ အိန္ဒိယကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။

မဟာဗျူဟာမြောက် စွန့်စားမှုများနှင့် ရေကို ဩဇာလွှမ်းမိုးနိုင်ရေး လက်နက်အဖြစ် အသုံးချခြင်း

ထိုကဲ့သို့သော နည်းဗျူဟာများကြောင့် တရုတ်အစိုးရ၏ ဆည်များတည်ဆောက်နေမှုများသည့် ထင်ထားသည်ထက်ပိုမိုသော အမူအကျင့်များရှိသည်ကို နားလည်နိုင်ရမည်ဖြစ်သည်။ ဆည်များနှင့် မြစ် များကို တရုတ်သည် ဩဇာလွှမ်းမိုးနိုင်ရေး တူရိယာများအသွင်ဖြင့် အသုံးချပြီး အများ အကျပ်ရိုက်စေ ရန် ရည်ရွယ်သည်။ ရန်ဘက်နိုင်ငံများအပေါ် အကြပ်ကိုင်ခြိမ်းခြောက်ခြင်းမျိုး ထင်သာမြင်သာမဖြစ်စေ သလို တင်းမာမှုကိုလည်း မျက်မြင်ထင်ရှားမဖြစ်စေရန် ထိန်းသိမ်းနိုင်ပြီး နောက်ကွယ်မှသာ ဆည်နှင့် မြစ်များကို ထိန်းချုပ်ထားခြင်းဖြင့် ဩဇာလွှမ်းမိုးရန် မဟာဗျူဟာမြောက် ကြံစည်ခြင်းသာဖြစ်တော့ သည်။ ဦးဆောင် Think – Tank အဖွဲ့အစည်းတစ်ခု၏ ၂၀၂၁ ခုနှစ် အစီရင်ခံစားတွင် မြစ်ညှာဒေသကို ပိုင်စိုးထားသူသည် မြစ်အောက်ဒေသရှိ ရန်သူ သို့မဟုတ် ပြိုင်ဘက် နိုင်ငံများနှင့် ပဋိပက္ခများရှိနေလျှင် မြစ်ညှာ၌ ရေအားလျှပ်စစ်ထုတ် ဆည်တည်ဆောက်ထားခြင်းကိုသာ ရှေးရှုပြီး ပွင့်လင်းမြင်သာမှုမရှိ၊ ကြိုတင်သတိပေးအကြောင်းကြားခြင်းများမရှိဘဲ ရုတ်တရက် ဆည်ရေးများကို ဖွင့်ချခြင်း သို့မဟုတ် လုံး၀ ပိတ်ဆို့ ထိန်းသိမ်းထားလိုက်ခြင်းများဖြင့် မြစ်အောက်ဒေသအား နိုင်ငံရေး စစ်ရေးအသာစီရယူ မှုကို လုပ်နိုင်ကြောင်း၊ ထည့်တွက်စရာမလို၊ တာဝန်ခံစရာမလိုသည့် အနေအထားတစ်ရပ်ကို ဖော်ဆောင်နိုင်ခြင်းဖြင့် အိန္ဒိယနှင့် နိုင်ငံရေး စီးပွားရေးပွတ်တိုက်မှုတွင် အကျပ်ကိုင်ခွင့် ရယူနိုင်ရန် အစောကတည်းက စီစဉ်ခြင်းဖြစ်သည်ဟု သတိပေး ထုတ်ပြန်ခဲ့သည်။

ထို့ထက်ပိုဆိုးရွားသည်မှာ တရုတ်၏ ရေ ဒီပလိုမေစီသည် မကြာခဏဆိုသလို အပြန်အလှန် လေးစား နားလည်မှုမရှိခြင်းဖြစ်သည်။ Lancang-Mekong Cooperation Mechanism ကဲ့သို့သော နိုင်ငံပေါင်းစုံ ဖိုရမ်များတွင် မြစ်အောက်ပိုင်းပြည်နယ်များမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို မျှော်လင့်ထားသော်လည်း မြစ်ညှာပိုင်း လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့် အားသာချက်ဖြင့် ပေးသင့် သည့် ကတိကဝတ်များကို မပေးဘဲ နေသည်။ ဤအချိုးမညီသောချဉ်းကပ်နည်းသည် မြစ်ကြောင်း တစ်လျှောက် မှီခိုနေထိုင်သော နိုင်ငံများ၏ ယုံကြည်မှုကို ပျက်ပြားစေသည်။ အထူးသဖြင့် အိန္ဒိယကဲ့သို့ သာတူညီမျှအင်အားကြီးသောနိုင်ငံမျိုးမှ ၎င်းမြစ်အောက်ပိုင်းဒေသ နိုင်ငံများထံ ပူးပေါင်းဆောင်ရွက် ရေးမက်လုံးများပေးခြင်းကို အရာမထင်စေရန်လည်း လုပ်ထားနှင့်ပြီးဖြစ်နေသည်။

တရုတ်၏ နယ်နိမိတ်ဖြတ်ကျော် ရေစီမံခန့်ခွဲရေး မူဝါဒသည် ဥရောပနှင့် အာဖရိကတချို့သော ဒေသ များတွင်ကဲ့သို့မဟုတ်ဘဲ အာရှ၏ နယ်နိမိတ်ဖြတ်ကျော် ရေစီမံခန့်ခွဲမှုတွင် အဖွဲ့အစည်းဆိုင်ရာ လစ်ဟာမှုမျိုး ဖြစ်နေစေသည်။ ဥရောပနှင့် အာဖရိက ဒေသတချို့တွင် ဒနူဘီမြစ် ကော်မရှင်၊ နိုင်းမြစ် ကော်မရှင် များကဲ့သို့ ကျယ်ပြန့်သော မြစ်ဝှမ်းဒေသများ ထိန်းသိမ်းရေး တရားဝင် အဖွဲ့အစည်းများ ထိန်းသိမ်းခြင်းဖြင့် ဥပဒေတည်သည်။ အာရှတွင်မူ မြစ်များ မျှဝေစီမံခန့်ခွဲရေးအတွက် ညီညွတ်သော ဥပဒေမူဘောင် အဖွဲ့အစည်းများ မရှိသလောက် အားနည်းသည်။ ထိုအားနည်းချက်ကို ကောင်စွာ အသုံး ချပြီး ပြည်ပဝင်ရောက်စွက်ဖက်ဝေဖန်ခံရမှုကို ရှောင်ကြဉ်နိုင်ကာ တရုတ်သည် ၎င်းတို့၏ ပြည်တွင်း ရည်မှန်းချက်များ ပြည့်၀နိုင်ရေးကိုသာ မည်သူ့မျက်နှာမျှ မကြည့်ဘဲ စိုးမိုး ဗိုလ်ကျ လုပ်ဆောင်သည်။ မဲခေါင်မြစ်ကော်မတီ (MRC) ကဲ့သို့သော အဖွဲ့အစည်းများက ဒေသတွင်း ရေခွဲရေသုံးစွဲရေး ညီမျှမှု မူဘောင်များချမှတ်ရန် တင်ပြမှုအကြိမ်ကြိမ်လုပ်သော်လည်း တရုတ်က နှစ်နိုင်ငံ သဘောတူဝါဒနှင့် မရေရာသော ဗျူဟာများဟု အကြောင်းပြကာ တည်တံ့သော စည်းမျဉ်းမူဘောင်များ ထုတ်ပြန်နိုင်ရေး ကို အကြိမ်ကြိမ် ပယ်ချမျက်ကွယ်ပြုခဲ့သည်။ အပြန်အလှန် မှီခိုအားထားမှုဖြင့် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရန်အရေးများကို တရုတ်၏ ငြင်းဆိုခြင်းသည် လက်ငင်းအိမ်နီးချင်းများအတွက်သာမက အာရှတစ်တိုက်လုံးရှိ ဒေသဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ ခိုင်ခံနိုင်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုနေသည်။

ထို့ကြောင့် တရုတ်၏ ရေးအားလျှပ်စစ်အပြုအမူသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်း အမျိုးသားလုံခြုံ ရေးနှင့် မဟာဗျူဟာမြောက် တွက်ချက်ခြင်းများအပေါ်တွင်ပါ စိုးရိမ်စရာ ဖြစ်နေသည်။ ပေကျင်းအစိုး ရ၏ ဆည်းများတည်ဆောက်နေမှုသည် ပြည်တွင်း စွမ်းအင်လုံလောက်မှု၊ ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ရိုးရိုးရှင်းရှင်းတည်ရှိနေခြင်းမျိုးမဟုတ်တော့ပေ။ ဒေသဆိုင်ရာ အကျိုးဆက်များနှင့် ပထဝီနိုင်ငံရေး ဆိုင်ရာ အသာရမှုအတွက် စီမံလုပ်ကြံနေခြင်းများသာဖြစ်သည်။ နိုင်ငံတကာစံနှုန်းများ၊ ဂေဟစနစ် ဆိုင်ရာ အန္တရာယ်များကို လျစ်လျူရှုကာ ဩဇာလွှမ်းမိုးနိုင်ရေးတစ်ခုတည်းအတွက် ရေကို လက်နက် အဖြစ် အသုံးချနေခြင်းသာဖြစ်တော့သည်။ ထိုလုပ်ရပ်များသည် သဘာ၀ပတ်ဝန်းကျင် ရေရှည်တည်တံ့ နိုင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးများကိုပါ ဆိုးရွားစွာ ထိခိုက်စေသည်မှာ မုချဧကန် မလွဲပေ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now