ဆောင်းပါး

ကိုလိုနီပြုခြင်း နှင့် ခေတ်သစ်ကိုလိုနီဝါဒ

မဲခေါင် 27 Apr - 2025
~ CWN ~ နိုင်ငံတခု သို့မဟုတ် နယ်မြေဒေသတခုကို အင်အားကြီးနိုင်ငံတခုက နိုင်ငံရေးအရထိန်းချုပ်ခြင်း( a country or area controlled politically by a more powerful country) ကို ကိုလိုနီပြုခြင်းဟု ခေါ်ကြောင်း အဘိဓါန်တွင် ဖော်ပြသည်။ မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီအဖြစ် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း(၁၂၄)နှစ်တိုင် ကျရောက်ခဲ့သည်။ ၁၉ရာစုအကုန်တွင် ဗြိတိသျှတို့သည် နေမဝင်အင်ပါယာဟု ခေါ်တွင်နိုင်သည်အထိ ကမ္ဘာအရပ်ရပ်တွင် ကိုလိုနီနိုင်ငံများ ထူထောင်ခဲ့သည်။ တနည်းအားဖြင့် နယ်ချဲ့ခဲ့သည်။ ဗြိတိသျှတို့ ထိုသို့ ကိုလိုနီပြုနယ်ချဲ့နိုင်ခြင်းမှာ စီးပွါးရေးနှင့် စစ်ရေးအင်အားသာလွန်၍ ဖြစ်သည်။ မြန်မာဘုရင်များ ပဒေသရာဇ်စနစ်အောက်တွင် မိန်းမောနေစဉ်

~ CWN ~

နိုင်ငံတခု သို့မဟုတ် နယ်မြေဒေသတခုကို အင်အားကြီးနိုင်ငံတခုက နိုင်ငံရေးအရထိန်းချုပ်ခြင်း( a country or area controlled politically by a more powerful country) ကို ကိုလိုနီပြုခြင်းဟု ခေါ်ကြောင်း အဘိဓါန်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီအဖြစ် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း(၁၂၄)နှစ်တိုင် ကျရောက်ခဲ့သည်။

၁၉ရာစုအကုန်တွင် ဗြိတိသျှတို့သည် နေမဝင်အင်ပါယာဟု ခေါ်တွင်နိုင်သည်အထိ ကမ္ဘာအရပ်ရပ်တွင် ကိုလိုနီနိုင်ငံများ ထူထောင်ခဲ့သည်။ တနည်းအားဖြင့် နယ်ချဲ့ခဲ့သည်။

ဗြိတိသျှတို့ ထိုသို့ ကိုလိုနီပြုနယ်ချဲ့နိုင်ခြင်းမှာ စီးပွါးရေးနှင့် စစ်ရေးအင်အားသာလွန်၍ ဖြစ်သည်။ မြန်မာဘုရင်များ ပဒေသရာဇ်စနစ်အောက်တွင် မိန်းမောနေစဉ် ဗြိတိသျှတို့မှာ ခေတ်မီလက်နက်များနှင့် လက်နက်ပိုင်တပ်ဖွဲ့များ ပိုင်ဆိုင်ထားပြီဖြစ်သလို ခေတ်မီကုန်သွယ်ရေး၊ပညာရေး၊ကျန်းမာရေး၊အုပ်ချုပ်ရေးစနစ်တွေကျင့်သုံးနေပြီဖြစ်သည်။

တနည်းအားဖြင့် လက်နက်အင်အား၊ စီးပွါးရေးအင်အား သာလွန်မှုဖြင့် ခေတ်နောက်ကျကျန်နေရစ်သော၊ မဖွံ့ဖြိုး မတိုးတက်သော ပဒေသရာဇ်နိုင်ငံတခုကို ကိုလိုနီပြုလိုက်ခြင်း ဖြစ်သည်။

ဗြိတိသျှတို့ မန္တလေးကိုသိမ်းပိုက်ပြီး သီပေါမင်းကို နန်းချလိုက်သည့် ၁၈၈၆ ခုနှစ်နောက်ပိုင်းမှအစပြု၍ ဗြိတိသျှအုပ်ချုပ်ရေးစတင်ပြီး အုပ်ချုပ်ရေး၊ ပညာရေးစနစ်များ ပြောင်းလဲသွားသည်။

နိုင်ငံတခု ကိုလိုနီပြုခံရခြင်းမှာ ထိုနိုင်ငံ စည်းလုံးညီညွတ်မှု မရှိ၍၊ အင်အားချိနဲ့နေ၍၊ အခြားနိုင်ငံများနှင့်ယှဉ်လျှင် စီပွါးရေး၊လူမှုရေး၊ ပညာရေး အဖက်ဖက်မှ နိမ့်ကျနေ၍ ဖြစ်သည်။ အင်အားကြီးမားသောနိုင်ငံများက အင်အားချိနဲ့ နိမ့်ကျနေသောနိုင်ငံများကို ၄င်းတို့အလိုကျ ၄င်းတို့အကျိုးစီးပွါးအတွက် အသုံးချရန် ကိုလိုနီပြုလိုက်သော်လည်း ၄င်းတို့ကိုယ်တိုင်ကမူ ကိုလိုနီပြုခြင်းအစား annexation ဟုသာ ခေါ်တွင်သုံးစွဲသည်။

မန္တလေးနန်းတော်ကို သိမ်းပြီးသောအခါ ဗြိတိသျှတို့သည် အုပ်ချုပ်ရေးစနစ်အတွက် အနောက်နိုင်ငံအတွေ့အကြုံရှိ ကင်းဝန်မင်းကြီး ဦးကောင်းကို ဆက်လက်တာဝန်ပေး အုပ်ချုပ်ခဲ့သည်။

ကိုလိုနီပြုခံရခြင်းမှာ မိမိတို့အင်အားချိနဲ့ ခေတ်နောက်ကျပြီး စည်းလုံးမှုမရှိသောကြောင့်ဖြစ်ပြီး ကိုလိုနီပြုသူတို့ကမူ အဖက်ဖက်က နောက်ကျကျန်နေသော မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလို၍ဟု အကြောင်းပြတတ်ကြသည်။ ဂျပန်တွေ ခေတ္တခဏသိမ်းပိုက် ကိုလိုနီပြုစဉ်ကလည်း “ နီပွန်-ဘီရူမာ ဘန်ဇိုင်း” ဟု ဂျပန်တွေကြွေးကြော်ခဲ့ကြသည်။ ကိုလိုနီပြုသူတို့သည် မိမိတို့ ကိုလိုနီပြုမှန်းမသိရအောင် စကားလုံးလှလှတွေကို သုံးစွဲတတ်ကြသည်မှာ ဓမ္မတာဖြစ်သည်။

ကိုလိုနီနယ်ချဲ့စနစ်က ၁၈/၁၉ရာစုမှာ အထွန်းကားဆုံးဖြစ်သည်။ အထူးသဖြင့် အနောက်ဥရောပတွင်စက်မှုတော်လှန်ရေးကြီးပေါ်ပေါက်လာခြင်းအကျိုးဆက်ဖြစ်သည်။

၁၉ရာစုအကုန် ဒုတိယစက်မှုတော်လှန်ရေးကာလမှာတော့ ကိုလိုနီပြုသည့် ဥရောပနိုင်ငံတွေ ပိုမိုများပြားလာသည်။ အထူးသဖြင့် သယံဇာတပေါကြွယ်ပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော အာဖရိကတိုက်ကို ဥရောပနိုင်ငံတွေ အလုအယက် ကိုလိုနီပြုကြသည်။ ထိုနိုင်ငံတွေထဲမှာ ဗြိတိန်သာမက ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်တို့လည်းပါဝင်သည်။ အာဖရိကတတိုက်လုံး ကိုလိုနီပြုခံရပြီး နယ်ချဲ့လက်သစ်ဝါဒ ( new imperialism) ထွန်းကားသည့်ကာလဟုလည်း ခေါ်တွင်သည်။

အရှေ့တောင်အာရှမှာ အိန္ဒိယ၊မြန်မာ၊ မလေးရှားတို့ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ပြီး ဗီယက်နမ်ပါဝင်သော အင်ဒိုချိုင်းနားက ပြင်သစ်၊ အင်ဒိုနီးရှားက ဒတ်ချ် စသည်ဖြင့် အသီးသီးကိုလိုနီပြုခံရသည်။
ထို ကိုလိုနီလှိုင်းသည် ဒုတိယကမ္ဘာစစ်အပြီးတွင် တဖြည်းဖြည်းကွယ်ပျောက်သွားသည်။

ကိုလိုနီပြုခံနိုင်ငံများ၏ နယ်ချဲ့ဆန့်ကျင်ရေးလွတ်လပ်ရေးကြိုးပမ်းမှုများနှင့်အတူ နိုင်ငံအများအပြား ကိုလိုနီဘဝမှ လွတ်မြောက်ပြီး လွတ်လပ်ရေးရလာကြသည်။

စင်စစ် ဒုတိယကမ္ဘာစစ်ကြီးပင်လျှင် အကျိုးစီးပွါးမတူညီသော နယ်ချဲ့ကိုလိုနီအုပ်စုအချင်းချင်း ဖြစ်ပွါးသည့်စစ်ပွဲကြီး ဖြစ်သည်။

“နယ်ချဲ့ကိုလိုနီစနစ်” က ဒုတိယကမ္ဘာစစ်အပြီးမှာပင် မှေးမှိန်ပျောက်ကွယ်သွားသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ နိုင်ငံကြီးတနိုင်ငံက အခြားတနိုင်ငံကို အင်အားအသုံးပြု နယ်ချဲ့ကိုလိုနီပြုမှု နည်းပါးသွားသည်။

ကိုလိုနီလက်သစ်ဝါဒ( Neo-colonialism)

စစ်အေးခေတ်လွန် ၂၀ရာစုနှောင်းပိုင်းမှာတော့ တိုက်ရိုက်နယ်ချဲ့ကိုလိုနီပြုမှု မရှိတော့သော်လည်း အင်အားကြီးမားလာသော နိုင်ငံများက မဖွံ့ဖြိုး မတိုးတက်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသော နိုင်ငံများကို စီးပွါးရေးအရ၊ ယဉ်ကျေးမှုအရ သွယ်ဝိုက် ဩဇာလွှမ်းမိုးမှုတွေ ရှိလာသည်။

အစစအရာရာ အင်အားချိနဲ့ပြီး ဖွံ့ဖြိုးမှုနောက်ကျနေသော နိုင်ငံများသည် ထိုနိုင်ငံများအပေါ်အလွန်အကျွံ မီခိုအားထားလာရသလို ထိုနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို လွန်ဆန်နိုင်ခြင်း မရှိတော့။ ထိုသို့ တိုက်ရိုက်နယ်မြေချဲ့ထွင် သိမ်းပိုက်ခြင်းမပြုဘဲ စီးပွါးရေး၊ စစ်ရေး၊ ယဉ်ကျေးမှုအရ သွယ်ဝိုက်ဩဇာလွှမ်းမိုးမှုပြုခြင်းကို ခေတ်သစ်နယ်ချဲ့ဝါဒ(သို့မဟုတ်) ကိုလိုနီလက်သစ်ဝါဒ (Neo-colonialism) ဟု ခေါ်တွင်သည်။

ယနေ့ ၂၁ ရာစုတွင် တိုက်ရိုက် ကိုလိုနီပြုနယ်ချဲ့ဝါဒမရှိတော့ပါ။ သွယ်ဝိုက်ကိုလိုနီပြုနယ်ချဲ့ဝါဒ Neo-colonialism ) သာ ရှိတော့သည်။ အင်အားချိနဲ့ပြီး ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံတနိုင်ငံသည် အခြားအင်အားကြီးမား၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတခုကို အလွန်အကျွံ မီခိုအားထားနေရပြီး စစ်ရေး၊စီးပွါးရေး၊ ယဉ်ကျေးမှု အစစအရာရာ ဩဇာလွှမ်းမိုးမှု ခံနေရပြီဆိုလျှင် ထိုနိုင်ငံသည် သွယ်ဝိုက်ကိုလိုနီပြုခံနေရပြီဖြစ်သည်။

ယနေ့ ဖွံ့ဖြိုးမှုနောက်ကျနေသော အာဖရိကတိုက်မှာ တိုက်ရိုက် သွားရောက်နယ်ချဲ့ကိုလိုနီပြုသည့် နိုင်ငံတွေ မရှိတော့ပါ။ ၁၉ရာစုက ကိုလိုနီပြုခံရသော နိုင်ငံတွေလည်း အသီးသီး လွတ်လပ်ရေး ရရှိသွားကြပြီဖြစ်သည်။ သို့သော် ကိုလိုနီစနစ်၏ ဆိုးမွေဟုဆိုကြသည့် ပဋိပက္ခများ နှင့်အတူ ဖွံ့ဖြိုးမှုနောက်ကျကျန်နေခဲ့မှုတွေလည်း ရှိနေသည်။

ယနေ့ ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲသော အာဖရိကနိုင်ငံများကို အကူအညီအထောက်အပံ့အများဆုံးပေးပြီး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး အစရှိသည့်အခြေခံအဆောက်အအုံများ တည်ဆောက်ပေးနေသောနိုင်ငံမှာ ပြင်သစ်မဟုတ်သလို ဘယ်လ်ဂျီယံလည်းမဟုတ်၊ ဗြိတိန်မဟုတ်သလို အမေရိကန်လည်း မဟုတ်တော့ပါ။

ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်နေသော နိုင်ငံတခုအဖို့ အားကိုးအားထားပြုရာ ကယ်တင်ရှင်တော့ လိုအပ်သည်။ သို့သော် ထိုကယ်တင်ရှင်က မိမိနိုင်ငံကို exploited ခေါင်းပုံဖြတ်၊ အမြတ်ထုတ်မသွားဖို့ အရေးကြီးပါသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now