ဆောင်းပါး

အာစီယံခေါင်းဆောင်ကြီးများနဲ့ စည်းကမ်းပြည့်ဝသော ပီအာလ်မြန်မာနိုင်ငံတော်သစ်

မဲခေါင် 29 Oct - 2022
မင်္ဂလာဒုံလေဆိပ်ကို အာစီယံတံဆိပ်ချိတ်ထားတဲ့ နိုင်ငံတကာလေယာဉ်ပျံကြီးတစ်စင်း ဆိုက်ရောက်လာပါတယ်။ လေယာဉ်ပေါ်မှာ အာစီယံခေါင်းဆောင်တွေ လိုက်ပါလာပါတယ်။ သူတို့ဟာ မြန်မာပြည်ကို အာစီယံက ထုတ်သင့်မထုတ်သင့် ငြင်းခုံကြပြီးနောက် မြန်မာပြည်အခြေအနေကို မျက်မြင်ကိုယ်တွေ့ လေ့လာဖို့ ဆုံးဖြတ်ပြီးခုလို လာရောက်ကြတာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုခွေတွေကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ သူတို့လေ့လာခဲ့တဲ့ ဗွိဒီယိုခွေ တခုမှာ တော့ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်အကြောင်းရိုက်ကူးထားတဲ့ ဗွီဒီယိုပါ။ အဲဒီ ဗွီဒီယိုထဲမှာ မြန်မာပြည်ကလွှတ်တော် အမတ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပုတ်ချ ရန်ဖြစ်နေတဲ့ပုံတွေ ကို အသေးစိပ်ရိုက်ကူးပြသထားပါတယ်။ သတင်းစာတွေထဲမှာလည်း အမတ်တွေ အစိုးရအဖွဲ့ဝင်တွေ လဒ်ပေးလဒ်ယူလုပ်တဲ့အကြောင်း စာလုံးမဲကြီးတွေနဲ့ရေးသားထားကြပါတယ်။ လမ်းတွေပေါ်မှာလည်း ဆန္ဒပြသူတွေ ဟိုတစု အုပ်စုဖွဲ့ကာ အစိုးရကို ဆဲဆိုအော်ဟစ်နေတာကို တွေ့ကြရပါတယ်။ နောက်ဗွီဒီယိုခွေ

မင်္ဂလာဒုံလေဆိပ်ကို အာစီယံတံဆိပ်ချိတ်ထားတဲ့ နိုင်ငံတကာလေယာဉ်ပျံကြီးတစ်စင်း ဆိုက်ရောက်လာပါတယ်။ လေယာဉ်ပေါ်မှာ အာစီယံခေါင်းဆောင်တွေ လိုက်ပါလာပါတယ်။ သူတို့ဟာ မြန်မာပြည်ကို အာစီယံက ထုတ်သင့်မထုတ်သင့် ငြင်းခုံကြပြီးနောက် မြန်မာပြည်အခြေအနေကို မျက်မြင်ကိုယ်တွေ့ လေ့လာဖို့ ဆုံးဖြတ်ပြီးခုလို လာရောက်ကြတာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုခွေတွေကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

သူတို့လေ့လာခဲ့တဲ့ ဗွိဒီယိုခွေ တခုမှာ တော့ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်အကြောင်းရိုက်ကူးထားတဲ့ ဗွီဒီယိုပါ။ အဲဒီ ဗွီဒီယိုထဲမှာ မြန်မာပြည်ကလွှတ်တော် အမတ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပုတ်ချ ရန်ဖြစ်နေတဲ့ပုံတွေ ကို အသေးစိပ်ရိုက်ကူးပြသထားပါတယ်။ သတင်းစာတွေထဲမှာလည်း အမတ်တွေ အစိုးရအဖွဲ့ဝင်တွေ လဒ်ပေးလဒ်ယူလုပ်တဲ့အကြောင်း စာလုံးမဲကြီးတွေနဲ့ရေးသားထားကြပါတယ်။ လမ်းတွေပေါ်မှာလည်း ဆန္ဒပြသူတွေ ဟိုတစု အုပ်စုဖွဲ့ကာ အစိုးရကို ဆဲဆိုအော်ဟစ်နေတာကို တွေ့ကြရပါတယ်။

နောက်ဗွီဒီယိုခွေ တခုမှာတော့ စည်းကမ်းပြည့်ဝသော ပီအာလ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အကြောင်း လို့ခေါင်စဉ်တပ်ထားတာတွေ့ရပါတယ်။ အဲဒီဗွီဒီယိုထဲမှာတော့ မင်းဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗန္ဓုလ ဝတ်စုံဝတ်ထားတဲ့ ဇော်မဲလုံးတို့ နှစ်ယောက်သား ဓါတ်ရထားစီးပြီး တိုင်းခန်းလှည့်လည်နေပုံ၊ နတ်သမီးဝတ်စုံဝတ်ထားပြီး ဏှာဗူးထ မိန်းမအရုပ်(Sex Doll) များသဖွယ် အလှပြင်ဆင်ထားတဲ့ ဗိုလ်ကတော်များက ပန်းကုံးစွပ်နေကြပုံ၊ မီးများထိန်ထိန်လင်းနေသော လမ်းမကြီးများပေါ်မှာ အမည်မသိလူအုပ်ကြီးက လိမ္မော်ရောင်ယူနီဖေါင်းများ ဝတ်ကာ DJ ပွတ်လျှက် က ခုန်နေကြပုံများကို ရိုက်ကူးပြသခဲ့ပါတယ်။

လေယာဉ်မှူးက ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကို ရောက်ပြီးမို့ လေယာဉ်ပေါ်မှ ဆင်းနိုင်ပြီးဖြစ်ကြောင်း ကြေညာပါတယ်။ အာစီယံသံအမတ်ကြီးများမှာ စည်းကမ်းပြည့်ဝသော ပီအာလ်မြန်မာနိုင်ငံတော်ကြီးကို လေ့လာလိုစိတ်ပြင်းထန်ကာ လေယာဉ်ပေါ်က အပြေးဆင်းကြပါတယ်။

သူတို့ လေယာဉ်လှေခါးတံခါးဝ အရောက်မှာတော့

“အားလုံးခေါင်းတွေငုံ့ထား၊ လက်တွေခေါင်းပေါ်တင်ထား” ဟု

ဟိန်းဟောက်အမိန့်ပေးသံကြီးပေါ်ထွက်လာကာ သူတို့ခေါင်းပေါ်ကို ဒုတ်အချက်ပေါင်းများစွာ ကျရောက်လာပါတော့တယ်။

သူတို့ အားလုံး မြေပြင်ပေါ် နင်းမိသည်နှင့် တပြိုင်ထဲ

“အားလုံး ပုံစံ”

ဟုသော အသံနက်ကြီးထွက်ပေါ်လာကာ ဒူးတုတ်၊ လက်ကိုခေါင်းပေါ်တင်၊ စောင့်ဆောင့် မထိုင် မချင်း နွားရိုက်တဲ့ကြိမ်လုံးကြီးများဖြင့် ဆွမ်းကြီးလောင်းပါတော့တယ်။

အာစီယံခေါင်းဆောင် ဖိလစ်ပိုင် သံအမတ်ကြီးမှာ မိမိတို့နိုင်ငံမှား ဆင်းမိပြီအထင်နဲ့ ထိုင်းသံအမတ်ကြီးကို မျက်ရိပ်ပြကာ မေးမြန်းလိုက်ပါတယ်။ ထိုင်းသံအမတ်ကြီးမှာ နိုင်ငံ မ မှားကြောင်း ဒါဟာ စည်းကမ်းပြည့်ဝသော ပီအာမြန်မာနိုင်ငံတော်စစ်စစ်ဖြစ်ကြောင်း မျက်ရိပ်ပြ ဖြေကြားပါတယ်။

ဖိလစ်ပိုင် သံအမတ်ကြီးမှာ မနေသာတော့ပဲ
ကျွန်ပ်သည် အာစီယံအဖွဲ့ကို ဦးဆောင်သော ဖိလစ်ပိုင် သံအမတ်ကြီးဖြစ်ကြောင်း ပြောပါတယ်။ ထိုင်းသံအမတ်က မြန်မာပြည်မှာ ဝန်ထမ်းများဖြင့် စကားပြောရင် ပုံစံ ရပ်ပြောရကြောင်း သတိပေးလိုက်သဖြင့် ဖိလစ်ပိုင် သံအမတ်ကြီးမှာ ချက်ချင်း လက်နှစ်ဖက်ဖြင့် ငယ်ပါကိုအုပ်ကာလျှက် ပုံစံရပ်ကာ မိမိကိုယ်ကို မိမိ မိတ်ဆက်လိုက်ပါတယ်။

“ကျွန်ပ်တို့ လေယာဉ်ပေါ်တွင် ကြည့်ခဲ့ရသော စည်းကမ်းပြည့်ဝသော ပီအာလ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးနဲ့ လက်ရှိတွေမြင်နေရသော စည်းကမ်းပြည့်ဝသော ပီအာလ် မြန်မာနိုင်ငံတော်ကြီးမှာ ဘာကြောင့်ခုလိုကွာခြားနေရပါသလဲ အဆွေတော်များခင်ဗျား”
ဟု အသံတုန်တုန်ဖြင့်မေးခွန်းထုတ်လိုက်ပါတယ်။

“ဒါကတော့ သံအမတ်ကြီးရယ် ခင်ဗျားတို့ လေယာဉ်ပေါ်မှာ ကြည့်ခဲ့ရတာက ကျုပ်တို့ သတင်းမှန်ပြန်ကြားရေး မြဝတီက ရိုက်ထားတဲ့ ဗီဒီယို ကိုး ဗျာ့” ဟု မစ်စတာ ဇော်မဲလုံး အသံကြီး ထွက်ပေါ်လာလေတော့မှ သံအမတ်ကြီးခင်မျာ သက်ပြင်းရှည်ကြီးချမိလေတော့သတည်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now