ဆောင်းပါး

ဆင်မဖြူရှင် မအလ

မဲခေါင် 7 Nov - 2022
ဆင်ဖြူတော်ပေါ်တယ်တဲ့။ တလောတုန်းက သဲ့သဲ့ကြားခဲ့ရတဲ့သတင်း။ သိပ်တော့ ထူးထွေဆန်းပြားတဲ့ သတင်း မဟုတ်။ ပြောရရင် ဒါဟာ ကိုရင်တို့ဆီမှာ ရိုးနေပြီဖြစ်တဲ့ မဆန်းတော့တဲ့ဖြစ်ရပ်လို့တောင် ပြောလို့ရပါတယ်။ ဟုတ်တယ်လေ။ လွန်လေပြီးသောကာလတစ်ခုဆီတုန်းက ဒီလိုပဲ ဆင်ဖြူတွေ့ပြီ။ ဆင်ဖြူတော်ပေါ်ပြီနဲ့ တောထဲက နေ ဆင်တွေ သယ်သယ်လာခဲ့တာ နည်းမှမနည်းတော့တာကိုး။ အာဏာရှင်စီနီယာကြီးသန်းရွှေ လက်ထက်ကပေါ့။ ဆင်ဖြူတွေကို သယ်တာများ အဆောင်ဆောင်အခမ်းခမ်းတွေ၊ အိုးစည်ဒိုးပတ်၊ အတီးအမှုတ်၊ အကအခုန်တွေအပြင် အစောင့်အရှောက်တွေတောင် ပါလိုက်သေး။ ဒီနေရာမှာတစ်ဆက်တည်း တရားရစရာတစ်ခုထည့်ပြောရရင် အဲဒီ အဆောင်ဆောင်အခမ်းခမ်းတွေ၊ အတီးအမှုတ်တွေ၊ ရေစင်သွန်းလောင်းခံရမှုတွေနဲ့ တစ်ချိန်က တည်ရှိခဲ့တဲ့ ဆင်ဖြူ ဆိုတာတွေဟာ ဒီနေ့ကာလမှာတော့ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ဘဝတွေနဲ့ ပိန်လှီရွတ်တွနေကြလေရဲ့။ ဆင်တွေခမျာ အငတ်ငတ်အပြတ်ပြတ်နဲ့ အာဟာရတွေ

ဆင်ဖြူတော်ပေါ်တယ်တဲ့။ တလောတုန်းက သဲ့သဲ့ကြားခဲ့ရတဲ့သတင်း။ သိပ်တော့ ထူးထွေဆန်းပြားတဲ့ သတင်း မဟုတ်။ ပြောရရင် ဒါဟာ ကိုရင်တို့ဆီမှာ ရိုးနေပြီဖြစ်တဲ့ မဆန်းတော့တဲ့ဖြစ်ရပ်လို့တောင် ပြောလို့ရပါတယ်။

ဟုတ်တယ်လေ။ လွန်လေပြီးသောကာလတစ်ခုဆီတုန်းက ဒီလိုပဲ ဆင်ဖြူတွေ့ပြီ။ ဆင်ဖြူတော်ပေါ်ပြီနဲ့ တောထဲက နေ ဆင်တွေ သယ်သယ်လာခဲ့တာ နည်းမှမနည်းတော့တာကိုး။ အာဏာရှင်စီနီယာကြီးသန်းရွှေ လက်ထက်ကပေါ့။

ဆင်ဖြူတွေကို သယ်တာများ အဆောင်ဆောင်အခမ်းခမ်းတွေ၊ အိုးစည်ဒိုးပတ်၊ အတီးအမှုတ်၊ အကအခုန်တွေအပြင် အစောင့်အရှောက်တွေတောင် ပါလိုက်သေး။ ဒီနေရာမှာတစ်ဆက်တည်း တရားရစရာတစ်ခုထည့်ပြောရရင် အဲဒီ အဆောင်ဆောင်အခမ်းခမ်းတွေ၊ အတီးအမှုတ်တွေ၊ ရေစင်သွန်းလောင်းခံရမှုတွေနဲ့ တစ်ချိန်က တည်ရှိခဲ့တဲ့ ဆင်ဖြူ ဆိုတာတွေဟာ ဒီနေ့ကာလမှာတော့ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ဘဝတွေနဲ့ ပိန်လှီရွတ်တွနေကြလေရဲ့။ ဆင်တွေခမျာ အငတ်ငတ်အပြတ်ပြတ်နဲ့ အာဟာရတွေ ချို့တဲ့နေကြရှာလေရဲ့။ “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ကြသူတွေကြောင့် လည်း အငတ်ဘေးပိုစိုက်ကြထင်ပါရဲ့။

အဲဒီ့ဆင်တွေသာ လူလိုသိ၊ လူလိုတွေးတတ်ကြမယ်ဆို စိတ်ကျရောဂါတွေတောင် အကြီးအကျယ်ရနေလောက် ပါပြီ။ အာဏာရှင်စီနီယာကြီးသန်းရွှေ၊ ဆင်ဖြူရှင်ရူးစီနီယာကြီးသန်းရွှေ၊ ဘုရင်ရူးစီနီယာကြီးသန်းရွှေပေးခဲ့တဲ့ ဝေဒနာတွေပေါ့။ ရှိစေတော့ … ရှိစေတော့ ဇာတ်လမ်းဆက်ကြဦးစို့ရဲ့။

အဲဒီသန်းရွှေလက်ထက်ကစပြီး တွေ့လာခဲ့၊ ဖြူလာခဲ့လိုက်တဲ့ ဆင်တွေ အခုဆို နေပြည်တော်မှာ ခြောက်ကောင်နဲ့ ရန်ကုန်မှာ သုံးကောင် ပေါင်းကိုးကောင်ကြီးများတောင် ဖြူခဲ့ကြပြီးကိုးဗျ။ ကမ္ဘာမှာ ဆင်ဖြူအထွက်ဆုံးနိုင်ငံရယ်လို့ တောင် ဂရင်းနစ်စံချိန်ဝင်လောက်ပါရဲ့။ ဒါတောင် အခုတွေ့တဲ့ လက်တောက်လောက်အဖြူကောင် မပါသေးဘူး နော်။ ဒီကောင်နဲ့ပါဆို ၁၀ ကောင်ဖြူဗျ။ ဒီတော့လည်း ကိုရင်တို့လူထု ရိုးမယ်ဆိုလည်း ရိုးစေပြီပေါ့။

အဲ့ဒီလို ဆင်ဖြူဆိုတာတွေ ပေါ်တာ၊ တွေ့တာများလို့ ရိုးနေပြီဆိုတော့ အခုတွေ့တဲ့ ဆင်ဖြူတော်ဆိုသဟာ အကြောင်း ကြားလာတုန်းကလည်း လူထုက စိတ်မဝင်စားကြပါဘူး။ ဒါပေသိ မအလပိုင်မီဒီယာတွေကနေ အဲဒီ ဆင်ဖြူအကြောင်း ချီးမွမ်းခမ်းဖွင့်ကြွားလုံးဝါးလုံးတွေထုတ် တင်ဆက်လာတဲ့အခါကျမှပဲ လူတွေ စိတ်ဝင်စားလာ ကြတာများ Facebook တစ်ခွင် ဝက်ဝက်ကွဲတဲ့အထိဆိုပါတော့။

ဖြစ်စဉ်ကတော့ မအလပိုင် ကြေးမုံနဲ့ မြန်မာ့အလင်း နှစ်စောင်ပြိုင်တင်ဆက်လာကြတဲ့ ဆင်ဖြူဆိုတဲ့ ဓာတ်ပုံ တွေကို တွေ့လိုက်ကြရလို့ပါပဲ။ ရှေ့မျက်နှာစာကြီးမှာ “ဆင်ဖြူတော်ပေါ်ထွန်းကြောင်း သတင်းထုတ်ပြန်ချက်” ဆိုတဲ့ သတင်းခေါင်းစီးကြီးနဲ့ တခမ်းတနား ဖော်ပြလာတဲ့ဓာတ်ပုံမှာ ကြေးမုံဘက်က ဖော်ပြတဲ့ဆင်ဟာ ဖြူနေပြီး မြန်မာ့အလင်းဘက်က ဖော်ပြတဲ့ ဆင်ကတော့ မည်းနေလို့ပါတဲ့။

ဖိုတိုရှော့အစွမ်း အံ့မခန်းပေါ့။ ဒင်းတို့အစွမ်းကြောင့် ဆင်ကလေးခမျာ တစ်ကောင်တည်းပဲဖြစ်လင့်ကစား တစ် စောင်မှာ မည်းရှာပြီး တစ်စောင်မှာသာ ဖြူရှာရတဲ့ဘဝရောက်ရတော့တာပါပဲ။ တောင်ကုတ်က မှောင်ကြုတ်နေတဲ့ ဆင်ဖြူတော်ရယ်လို့တောင် Facebook တစ်ခွင် နာမည်ကြီးခဲ့လေတာပေါ့။ အဲဒီ့လိုပုံထွက်လာပြီးနောက် ဖိုတို မော်ဒယ်လ်တွေတောင် ကြေးမုံက ဖိုတိုရှော့ဆရာကို အသည်းအသန်၊ အပူတပြင်းလိုက်ရှာနေကြပါသတဲ့။

ဒီလိုနဲ့၊ ဒီလိုနဲ့ပေါ့။ တောထဲက ဆင်ကလေးခမျာ မြို့ပေါ်ရောက်ရရှာတယ်ပေါ့။ သူ့သဘာဝအတိုင်း နေခွင့်မရရှာ တော့ဘူးပေါ့။ နောက်ဆက်တွဲထပ်မံကြားသိရတဲ့ သတင်းတွေအရ ဘုရင်ရူးသူတစ်ခေတ်ဆန်းသမို့ တောထဲနေ ဆင်တွေခမျာလည်း အပြင်ကို ရဲရဲထွက် အစာမရှာရဲ၊ ခရုသင်းအစရှိတဲ့ အရေပြားရောဂါတောင် မဖြစ်ရဲအောင် ကြောက်နေကြရရှာပါသတဲ့။ ဆေးကုမ္ပဏီကြီးတွေဆီကနေ အရေပြားဆိုင်ရာလိမ်းဆေး၊ သောက်ဆေးတွေတောင် လှမ်းမှာကြတဲ့အထိပါပဲတဲ့။ ရှိစေတော့ … ရှိစေတော့ ဇာတ်လမ်းဆက်ကြဦးစို့ရဲ့။

အနှီအဖမ်းခံလိုက်ရတဲ့ ဆင်ကလေးဟာ အခုဆို ဖမ်းဆီးခံရရုံသာမက နေပြည်တော်အထိတောင် သယ်ဆောင်လာ တာ ခံရပြန်ပါတယ်။ သူ့ဟာသူ ဖြူဖြူ၊ မဖြူဖြူ ဆင်ဖြူလို့သမုတ်ကာ ရေစင်သွန်းဆိုလား၊ ဘိသိက်ခံဆိုလား အစီအရင်ပွဲတော် နွှဲပျော်ဖို့လို့ဆိုပါတယ်။ သူနဲ့အတူ သူ့မိခင်ဆင်မကြီးပါ ဖမ်းဆီးခံရပြီး နေပြည်တော်ကို ပါလာရ တော့တာပေါ့။ ကြီးလိုက်တဲ့ဝဋ်ပါပဲ။

ပြောလို့မှမဆုံးသေးဘူး။ တောထဲကနေ ဖမ်းဆီးခံ၊ နေပြည်တော်ကို ခေါ်ဆောင်လာခံလိုက်ရတဲ့ ဆင်သားအမိကို အဝတ်အစားတွေနဲ့ တန်ဆာဆင်လို့ လူရှေ့သူရှေ့ ထွက်ပြလာစေပါတယ်။ ရေစင်သွန်းလောင်းပွဲ၊ ဘိသိက်ခံပွဲ ကျင်းပကြပြီပေါ့။

အဲဒီအဝတ်အစားအဆင်တန်ဆာတွေနဲ့ ရှေ့ထွက်လာတဲ့ ဆင်လေးကို မြင်လိုက်ရတဲ့ ကိုရင်တို့လူထု အတော့်ကို အံ့အားသင့် မှင်တက်မိသွားကြပါရောလား။ ကိုရင်တို့တွေ ဆင်မည်းကြီး၊ ဆင်မှောင်ကြုတ်ကြီးနဲ့ တောက်လျှောက် ဝေဖန်ရှုတ်ချခဲ့ကြတဲ့ တောင်ကုတ်ဆင်လေးဟာ မှောင်ကြုတ်မနေဘဲ ဖြူဖွေးဥအက်နုထွက်နေတာကြောင့်မို့ပါပဲ။ ကိုရင်တို့တော့ ဝေဖန်စော၊ ပြစ်တင်စောခဲ့ကြပြီထင်ပါ့။

အခုလိုမျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ လိုင်းပေါ်မှာတွေ့၊ သတင်းစာပေါ်မှာ တွေ့ရုံနဲ့ တကယ့်အဟုတ်အမှန် ဆင်ဖြူ ကိုမှ ဆင်မည်းကြီး၊ ဆင်မှောင်ကြုတ်ကြီးလို့ ကဲ့ရဲ့ပြစ်တင်ဝေဖန်မိခဲ့ကြပြီလေ။

ဟောဒီ့မှာ လာကြည့်ကြပါဦး အမျိုးတို့။ တောင်ကုတ်က မှောင်ကြုတ်နေတဲ့ဆင်လို့ ကိုရင်တို့ပြောခဲ့တဲ့ဆင်ဟာ ဖြူတာမှ ဖြူစွတ်ဥထွက်နေပါပကောလား။ ကိုရင့် မျက်စိနဲ့တပ်အပ်မမြင်ရရင် အခုလို ပြောစကား ယုံမိမယ်တောင် မထင်ဘူး။ တကယ့်ကို ဖြူတဲ့ ဆင်ဖြူလေးပါလား။ မသိရင်ထုံးသုတ်ထားတဲ့အတိုင်းပါပဲလား။ ဘယ်သို့ ဘယ်သို့ ကြောင့် အွန်လိုင်းပေါ်နဲ့ မြန်မာ့အလင်းတို့မှာ မည်းနေခဲ့ပါလိမ့်။ တွေးရ ခေါင်းခြောက်လိုက်တာ။

ကိုရင်တို့ မျက်မြင်တွေ အံ့သြမှင်တက်မိနေချိန်မှာပဲ ဆင်ဖြူတော်လေးအနားကို ပုတက်၊ ပုတက်နဲ့ လူတစ်ယောက် လျှောက်လာတာကို တွေ့လိုက်ရပါတယ်။ အနှီပုဂ္ဂိုလ်ကတော့ မြန်မာ့သတ်မတော်ကာကွယ်ရေးဦးစီးချုပ် (သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီးမအလပါပဲ။ တောထဲသူ့ဟာသူနေတဲ့ ဆင်ကို မြို့ပေါ်အတင်းခေါ် ဖမ်းချုပ်စေရာမှာ အဓိကပါဝင်ပတ်သက်နေသူကြီးပေါ့။

သတ်ချုပ်မအလ ရောက်လာတယ်ဆိုရင်ပဲ ဘိသိက်ခံပွဲ စပါပြီ။ မအလဟာ ဘုရင်တွေ ခေါင်းမှာဆောင်းတဲ့ မကိုဋ် အဖြစ် ယက်တောင်စုတ်တစ်ချောင်းကို ခေါင်းမှာ ကြိုးချည်ထိုး၊ သမ္မတအဆောင်အယောင်ရွှေစလွယ်အဖြစ် နို့ဆီ ခွက်အဖုံးတွေကို ကြိုးနဲ့သီချည်လို့ ပခုံးထက်သိုင်းလွယ်၊ ချိတ်ထဘီကို ဝတ်၊ စစ်ဖိနပ်ကိုစီး၊ အင်္ဂတေကိုင်ရာမှာ သုံး တဲ့ သံလက်ကို ညာလက်မှာ ကိုင်လို့ ရှေ့ကနေ ခြေထောက်လေး ကွကာ ကွကာ၊ လက်ကလေးဘယ်ညာ ကြွကာ ကြွကာနဲ့ စလျှောက်ပါတယ်။ (ဘိသိက်က ဆင်ခံတာလား။ သူခံတာလား မသဲကွဲဘူးရယ်။)

အနှီသတ်ချုပ်မအလနောက်ကနေ ဆင်ပေါက်လေးမှောင်ကြုတ်တစ်ဖြစ်လည်း ဆင်ဖြူတော်လေးဟာ ဆင်ဖြူ တော်တို့ရဲ့ အဆောင်အယောင်အဆင်တန်ဆာတွေ ဆင်ယင်လျက် တစ်လှမ်းချင်း လျှောက်လို့ တအိအိလိုက်ပါလာ ပါတယ်။ ဆရာတပည့်တွေ ရှေ့သွားနောက်လိုက် ညီလှပါတယ်။ ပုတက် … ပုတက်နဲ့ လှမ်းနေကြတာမို့ပါ။ ဆင်ဖြူ လေးက အခုတော့ဖြင့် အနီးက ကြည့်ကြည့်၊ အဝေးက ကြည့်ကြည့်၊ ဘေးတစ်စောင်း ကြည့်ကြည့်၊ အပေါ်က စီးပြီးပဲ ကြည့်ကြည့် ဖြူဖွေးဥအက်ထွက်နေတော့တာပါပဲ။

သူတို့ဟာ အာဏာရှင်စီနီယာကြီးသန်းရွှေ၊ ဆင်ဖြူရှင်ရူးစီနီယာကြီးသန်းရွှေ၊ ဘုရင်ရူးစီနီယာကြီးသန်းရွှေ တည် ထားပေးခဲ့တဲ့ ဥပ္ပါတသန္တိစေတီကို လက်ယာရစ်လှည့်လည်ပူဇော်ကြမှာပါ။

တိုက်ဆိုင်စွာပဲ သူတို့စတင် လှည့်လည်ချိန်မှာ မိုးက တဖျောက်ဖျောက်၊ တပေါက်ပေါက်နဲ့ ရွာလာပါတယ်။ ဆင်ဖြူ တော်လေးအတွက် ရွှေမိုး၊ ငွေမိုးထင်ပါရဲ့။ အဲဒီတစ်ပေါက်ချင်းကျလာနေတဲ့ ရွှေမိုး၊ ငွေမိုးတွေဟာ ထီးဖြူမိုးထားတဲ့ ဆင်ဖြူတော်လေးအပေါ်ကိုလည်း တစ်စက်ချင်းလာရောက် ထိမှန်ပါတယ်။

အဲဒီ့လိုထိမှန်လိုက်တဲ့နေရာတချို့မှာတော့ မည်းခနဲ၊ မည်းခနဲ ဖြစ်ဖြစ်သွားတာကို သတိပြုမိလိုက်ပါတယ်။ မိုးပေါ် ကို ကိုရင် မော့ကြည့်လိုက်ပါတယ်။ ရွှေမိုး၊ ငွေမိုးတွေက ဘာလို့ အဲဒီလောက် ညစ်ပတ်နေရတာလဲဆိုတဲ့ အတွေးနဲ့ ပေါ့။ မဟုတ်သေးပါဘူးလေဆိုပြီး ဆင်လေးဆီအကြည့်ရွှေ့ သေချာစိုက်ကြည့်လိုက်တော့ ကိုရင်တင်မက ဒီပွဲကို လာရောက်အားပေးသူအားလုံး ပါးစပ်အဟောင်းသားနဲ့ မျက်လုံးကြီးတွေ ပြူးပြဲလို့သွားပါတော့တယ်။ အား…လား… လား…ဆင်လေးဟာ ကိုရင်တို့ထင်သလို နဂိုဖြူမှမဟုတ်ဘဲ။ ဆင်လေးကိုယ်ပေါ်က အဖြူတွေက ထုံးတွေ … ထုံးတွေ ပါလား။

မိုးစက်က ဖောက်ဆို ဆင်လေး တင်ပါးပေါ်ကျလိုက် သုတ်ထားတဲ့ ထုံးဖတ်က ဖတ်ဆို ကွာကျလိုက်။ မိုးစက်က ဖောက်ဆို ဆင်လေး ကျောကုန်းကို မှန်လိုက် သုတ်ထားတဲ့ ထုံးဖတ်က ဖတ်ဆို ကွာကျလိုက်။ မိုးစက်က ဖောက်ဆို ဦးကင်းကို မှန်လိုက် သုတ်ထားတဲ့ ထုံးဖတ်က ဖတ်ဆို ကွာကျလိုက်နဲ့ပေါ့။

မအလကတော့ ဒီအခြေအနေမှန်ကိုမသိ ရှေ့ကနေ ခေါင်းကိုမော့၊ ရင်ကိုကော့၊ တံတောင်နှစ်ဖက်ကို အစွမ်းကုန် ကား၊ ခြေထောက် နှစ်ဖက်ကို ကွကာ … ကွကာ၊ ချိတ်ထဘီကို မကာ … မကာ၊ ရာဇအိန္ဒြေ ၂၅ ကျပ်သားနဲ့ ဆင်ဖြူရှင်ဆိုတဲ့မာန်အပြည့်ထည့်လို့ မိုးရွာထဲ ဆက်လက်လျှောက်လှမ်းလို့နေပါတယ်။ သူ့အနောက်က ဆင်ဖြူ တော်လေးကတော့ အခုဆို ရွှေမိုး၊ ငွေမိုးအစွမ်းနဲ့ ဆင်မည်းတော်လေးဖြစ်လို့နေပါပြီ။

ဒီလိုအခြေအနေမှာပဲ သူတို့နှစ်ဦးနောက် ခပ်လှမ်းလှမ်းကနေ ပြေးလိုက်လာတဲ့ လူတစ်ယောက်ကိုလည်း ကိုရင်တို့ တွေ့လိုက်ကြပါတယ်။ သူကတော့ မလိမ်ရမနေနိုင်၊ လိမ်စရာမရှိ ကိုယ့်ပေါင်ကိုလှန်ပြီး လိမ်နေတတ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဇော်မဲလုံးပဲဖြစ်ပါတယ်။ ချွေးသံရွှဲရွှဲ၊ ဗိုက်ရွှဲရွှဲနဲ့ ဝတ်ထားတဲ့ ချိတ်ထဘီကို စွန်တောင်ဆွဲလို့ ဆင်လေးနောက်ကို အသည်းအသန်ပြေးလိုက်နေပါတော့တယ်။

သူ့ရဲ့ ညာဘက်လက်နဲ့ ထုံးသုတ်တံကိုကိုင်၊ ဘယ်ဘက်လက်မှာတော့ ထုံးအိုးကြီးကို ပွေ့ပိုက်လို့ပေါ့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Xi’s Purge Enters New Phase as CCP Braces for Mass Central Committee Expulsions

~ Linn Maung ~ China’s ruling Communist Party is preparing for one
ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဝါဒဖြန့် တရုတ်နိုင်ငံပိုင် သတင်းများ ကျောင်းသင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်း ဖြစ်လာသည့်အခါ

~ လင်းမောင် ~ တရုတ်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများအနေဖြင့် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန၏ အဓိက ညနေခင်းသတင်းအစီအစဉ်ကို နေ့စဉ်ကြည့်ရှုရန် သတ်မှတ်ထားသည်ဟူသော သတင်းကြောင့် အွန်လိုင်းတွင် ပြင်းထန်သော ကန့်ကွက်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံရေးသတင်းစကားများကို ပညာရေး၏ နေ့စဉ်လုပ်ငန်းစဉ်များအတွင်း မည်သို့ထည့်သွင်းလာသည်ဆိုသည့်အပေါ် စိုးရိမ်မှုများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

When Chinese State News Becomes Part of the School Curriculum

~ Linn Maung ~ A Chinese high school’s reported requirement that students watch the state broadcaster’s flagship evening news programme

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြုတ်ကျသွားခြင်းအလွန် တရုတ်စစ်တပ် အသွင်ကူးပြောင်းမှု

~ လင်းမောင် ~ တရုတ်နိုင်ငံတော် ဗဟိုစစ်ကော်မရှင် (CMC) မှ ကျန်းယိုရှားနှင့် လျူကျန်းလီတို့အား တရားဝင်ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှီကျင့်ဖျင်၏ အသွင်ကူးပြောင်းမှုတွင် အရေးပါသော အဆင့်သစ်တစ်ခုကို ညွှန်ပြနေသည်။ သို့သော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Environmental Risks of China’s Yarlung Tsangpo Mega-Dam

By Khedroob Thondup China’s proposed mega-dam on the Yarlung Tsangpo River, located approximately 50 miles from the Indian border, represents

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Xi Jinping’s Military Purge Enters a New Phase: What the Fall of Zhang Youxia Means for China’s PLA

~ Linn Maung ~ The formal removal of Zhang Youxia and Liu Zhenli from China’s state Central Military Commission (CMC)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now