ဆောင်းပါး

ဆက်လက်ကျဆင်းနေတဲ့ တရုတ်လက်နက်စျေးကွက်

မဲခေါင် 28 Dec - 2024
~ လင်းမောင် ~ လက်နက်အင်အား ဘယ်သူသာသလဲပြိုင်ဆိုင်ကြတဲ့ Arms Race မှာ တရုတ်ဟာ မဟာကမ္ဘာ့ လက်နက်အင်အားကြီး အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပ၊ အစ္စရေးတို့ကို နည်းပညာထွန်းကားမှု မှာကအစ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအတောင့်တင်းဆုံးပါဆိုတဲ့ တရုတ်ဆီက ထုတ်လုပ်တဲ့ လက်နက်တွေ၊ နည်းပညာပိုင်းဘယ်လောက် စိတ်ချရသလဲ၊ အမေရိကန်နဲ့ တခြားသော ကာကွယ်ရေးလက်နက်ထုတ် ထိပ်တန်း ကုမ္ပဏီကြီးတွေရဲ့ နည်းပညာ ကို မီသလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အဖွဲ့ ((SIPRI) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ တရုတ်

~ လင်းမောင် ~

လက်နက်အင်အား ဘယ်သူသာသလဲပြိုင်ဆိုင်ကြတဲ့ Arms Race မှာ တရုတ်ဟာ မဟာကမ္ဘာ့ လက်နက်အင်အားကြီး အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပ၊ အစ္စရေးတို့ကို နည်းပညာထွန်းကားမှု မှာကအစ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအတောင့်တင်းဆုံးပါဆိုတဲ့ တရုတ်ဆီက ထုတ်လုပ်တဲ့ လက်နက်တွေ၊ နည်းပညာပိုင်းဘယ်လောက် စိတ်ချရသလဲ၊ အမေရိကန်နဲ့ တခြားသော ကာကွယ်ရေးလက်နက်ထုတ် ထိပ်တန်း ကုမ္ပဏီကြီးတွေရဲ့ နည်းပညာ ကို မီသလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အဖွဲ့ ((SIPRI) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ တရုတ် စစ်လက်နက်ထုတ်လုပ်မှုနဲ့ စျေးကွက်အနေအထားဟာ ထင်သလို ဖြစ်မလာခဲ့တာ တွေ့ရပါပြီ။ ပြီးခဲ့တဲ့ ၄ နှစ်တာ စစ်တမ်းကောက်ခံတင်ပြမှုကို ဒီဇင်ဘာ ၂ ရက်နေ့က SIPRI က ထုတ်ပြန်ရာမှာတော့ ကမ္ဘာ့ ထိပ်တန်း စစ်လက် နက်ထုတ် ကုမ္ပဏီကြီး အခု ၁၀၀ ရဲ့ စုစုပေါင်း လက်နက်တင်ပို့ရောင်းချခြင်းက ရတဲ့ ဝင်ငွေဟာ ၂၀၂၃ ခုနှစ်မှာ ရှေ့တစ်နှစ်ကထက် ၄ . ၂ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၆၃၂ ဘီလီယံ ရှိခဲ့တယ်လို့ သိရှိရတယ်။
ဒီထိပ်တန်း စစ်လက်နက်နဲ့ စစ်ရေးဝန်ဆောင်မှုပစ္စည်းတွေ ထုတ်လုပ်ရောင်းချနိုင်ဆုံး ကုမ္ပဏီ ၁၀၀ မှာ အမေရိကန်ကုမ္ပဏီ ၄၁ ခုထိပါဝင်ပြီး နံပါတ် (၁) နေရာ ချိတ်ပါတယ်။ ၂၀၂၂ ကထက် ရောင်းရနှုန်း ၂ . ၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ဝင်ငွေ ဒေါ်လာ ၃၁၇ ဘီလီယံ ရရှိခဲ့တယ်။ ဒီ ကုမ္ပဏီ ၁၀၀ စာရင်းထဲ တရုတ် ကုမ္ပဏီ ၉ ခုသာ ပါဝင်နိုင်ပြီး ဒီထဲက ၅ ခုဟာ တစ်နှစ်တာ ရောင်းရငွေ စံချိန်တင်ကျဆင်းသွားခဲ့တယ်လို့ SIPRI က ဖော်ပြ နိုင်ခဲ့ပါတယ်။

ဆီဒင်အခြေစိုက် SIPRI ရဲ့ သုံးသပ်ချက်မှာတော့ တရုတ်ရဲ့ လက်နက်တင်ပို့ ရောင်းချမှုဟာ ၂၀၁၃-၁၇ ကနေ ၂၀၁၈-၂၂ ကြား ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းခြင်းဟာ လက်နက်ထုတ်လုပ် ရောင်းချနိုင်စွမ်းကိုပါ ကျဆင်းစေဆဲ့ အဓိက အကြောင်းတရားလို့ ဖော်ပြတယ်။ တရုတ်ကို စောင့်ကြည့်လေ့လာ သူတွေကလည်း ဒါသုံးသပ်ချက်ဟာ အမှန်တရားဖြစ်ပြီး တရုတ်ဟာ နည်းပညာ အရည်အသွေးအဆင့်မြင့်တဲ့ လက်နက်တွေကို မထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ကမ္ဘာ့ လက်နက်စျေးကွက်မှာ ရောင်းရနှုန်း ဆုတ်ယုတ်ကျ ဆင်းသွားရတာလို့ ဆိုပါတယ်။ တရုတ်ထုတ်တဲ့ လက်နက်နဲ့ စစ်ရေးပစ္စည်းတွေရဲ့ အားလုံးနီးပါးက နည်းပညာ ဒိတ်အောက်၊ အနောက်နိုင်ငံတွေက နည်းပညာတွေကို ခိုးချ၊ အတုအပအသွင်းလိုက်လုပ်တာကြောင့်လည်း အဆင့်မမီတော့တာဖြစ်ပါတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြတယ်။ တရုတ်မှာ စစ်ဘက်နဲ့ ကာကွယ်ရေးဌာနတွေကိုယ်တိုင်မှာကိုက အကျင့်ပျက် ခြစားမှုတွေ အရမ်းပေါ့များလွန်းနေခဲ့တာကလည်း အရည်အသွေးမြင့် နည်းပညာမြင့် Mide In China လက်နက်တွေ မထုတ် နိုင်တော့တဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။တရုတ်ဟာ အမေရိကန်ကို ပုခုံးတန်းတင် ယှဉ်ဖို့ ရည်မှန်းချက်ကြီးစွာထားပြီး ပြိုင်ဆိုင်နေပေမယ့် အမေရိကန်က တရုတ်ကို ပိတ်ဆို့အရေးယူလိုက်တယ်။ ကာကွယ်ရေး နည်းပညာတွေ တရုတ်ဆီ မရောက်ဖို့ ပိတ်ပင်လိုက်နိုင် ခြင်းကလည်း ခိုးမရတော့တဲ့ နည်းပညာ တွေကို ကိုယ်တိုင် ထပ်ဆန်းသစ်ဖန်တီးနိုင်မှုကို ပပျောက်သွားစေခဲ့တယ်။

ဒီနှစ်စပိုင်းကပဲ တရုတ်ရဲ့ တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကြီးဟာ ၀ူဟမ်မြို့ Wuchang Shipyard ဆိပ်ကမ်းမှာပဲ နစ်မြုပ်ပျက်စီးသွားခဲ့တယ်လို့ Wall Street Journal က အစော ဆုံးအခိုင်အမာဖော်ပြခဲ့ပါတယ်။ ဒီသင်္ဘောကို တရုတ်အစိုးရပိုင် China State Shipbuilding Corporation (CSSC) က တီထွင် တည်ဆောက်ခဲ့တာပါ။ နောက်ဆုံးအပြီးသတ်လု အဆင့်ရောက်မှာ မတော်တဆမှုနဲ့ ၂၀၂၄ မေလနဲ့ ဇွန်လကြားထဲ နစ်မြုပ်ပျက်စီးသွားခဲ့ရတာလို့ သိရတယ်။ ဒီဖြစ်စဉ်ကပဲ တရုတ် ကာကွယ်ရေး နည်းပညာ နဲ့ ထုတ်လုပ်နိုင်စွမ်းဟာ တော်တော်လေး နိမ့်ကျဆိုးရွားနေပြီဆိုတာကို သက်သေပြပါတယ်။ မြန်မာ စကစ ခေါင်း ဆောင်တွေအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား အစရှိတဲ့ တရုတ်လက်နက် အဓိကထား ဝယ်ကြသူတွေတောင် သူတို့ဝယ်တဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်းတွေဟာ အဆင့်မမီလို့ ပူပန်သောက ရောက်ရ ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဆိုရင် တရုတ်ဆီက ဝယ်ခဲ့တဲ့ အစောင့်တာဝန်ယူ စစ်သင်္ဘောငယ်တွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ကုန်းတွင်းပိုင်းကင်းလှည့် ယာဉ်တွေအတွက် အပိုပစ္စည်းတွေကို ဝယ်ယူရာမှာ မှားယွင်းပြီး အဆင့်မမီတဲ့ အပို ပစ္စည်းတွေပဲ ရခဲ့လို့ ပေါက်ကွဲခဲ့ပါတယ်။ အရင်ကလည်း တရုတ်ထုတ် K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်တွေ၊ FM-90 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ MBT 2000 တင့်ကားတွေလည်း အဆင့်မမီ၊ အသုံးပြုလို့ ထိ ရောက်မှု မရှိခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ပေါက်ကွဲဒေါသထွက်ခဲ့ရတာလည်း ရှိခဲ့ဖူးပါတယ်။ ဝယ်ခဲ့တဲ့ တရုတ်တိုက်သင်္ဘော ၂ စီး ဘာမှ သုံးမရလို့ ဘင်္ဂလားဒေ့ရှ်ဟာ ဒီသင်္ဘောပေါ်က တိုက်ခိုက်ရေး လက်နက်တွေ နေရာမှာ တူရကီထုတ် T-300 Tiger ခေါ်တဲ့ Multi Launch Rocket Systems တွေကို ဝယ်ပြီး အစားထိုး တပ်ဆင်ခဲ့ကြပါတယ်။ ဒီမတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်လေတပ်ဟာ တရုတ်ဆီက ဝယ်ထားတဲ့ F-7 ဖိုက်တာဂျက်လေယာဉ်တွေနဲ့ တာတိုပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်တွေဟာ အသုံးပြုနိုင်ဖို့ အခက် အခဲများစွာနဲ့ တိုင်ပတ်နေခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

F-7 တိုက်လေယာဉ်ဟာ စွယ်စုံသုံး လေယာဉ်အမျိုးအစားဖြစ်ပြီး Chengdu Aircraft Corporation ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ပို့ကုန်ဗားရှင်းအဖြစ်ဆိုရင် J -7 နာမည်နဲ့ ထုတ်ပြီး ဆိုဗိယက်ခေတ် Mig-21 ကို တုပပြီး ထုတ်လုပ်ခဲ့တာသာ ဖြစ်ပါတယ်။ ၂၀၂၂ ဇွန်လက J- 7 လေယာဉ်ဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ရှင်းကျန်း ဒေသမှာ စမ်းသပ်လေ့ကျင့်မောင်းနှင်တုန်း လူနေအဆောက်အအုံပေါ် ပျက်ကျပြီး တစ်ယောက်သေ၊ ၂ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။ ၂၀၂၂ မေ ၂၄ ရက်ကလည်း အန်ကာရာမြို့ အရှေ့ဘက် ၂၀၀ ကီလိုမီတာအကွာမှာ တရုတ်ထုတ် F-7 လေယာဉ် ပျက်ကျလို့ အီရန် လေယာဉ်မောင်း ၂ ယောက် အသက်သေဆုံးခဲ့ရပြန်တယ်။ အီရန် အအစိုးရပိုင် IRNA သတင်းအေဂျင်စီက ဘင်္ဂလားဒေ့ရှ်ဟာလည်း F-7 ဖိုက်တာဂျက်လေယာဉ်တွေကို စစ်ရေး လေ့ကျင့်မှုမှာ အသုံးပြုခဲ့ရာက များစွာသော ပျက်ကျမှု၊ အဆင်မပြေမှုတွေ ရှိခဲ့ကြောင်း ဆက်စပ်ဖော်ပြခဲ့တယ်။

၂၀၁၅ ဇွန်လကလည်း ဘင်္ဂလားဒေ့ရှ် ရေတပ်ဌာနချုပ် Zahurul Haque ကနေ ပျံသန်းခဲ့တဲ့ F-7 လေယာဉ်ဟာ ပင်လယ်ထဲ ပျက်ကျခဲ့ပြန်တယ်။ ၂၀၀၈ ဧပြီလတုန်းကလည်း တရုတ်ထုတ် ဖိုက်တာဂျက်လေယာဉ် တစ်စီး ဒါကာ မြို့အနီး ပျက်ကျမှု ဖြစ်ခဲ့ပြန်တယ်။ နိုင်ဂျီးရီးယားလည်း တရုတ်ဆီက ဝယ်ခဲ့တဲ့ F-7 ဖိုက်တာဂျက်လေယာဉ်တွေ နည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲများစွာနဲ့ ကြုံတွေ့ပြီး အသုံးမပြုနိုင်လို့ တရုတ် အပေါ် တော်တော်လေး စိတ်ပျက်ခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်က နိုင်ဂျီးရီးယားဟာ တရုတ်ထုတ် ဂျက်လေယာဉ် တွေကို ဝယ်ယူရရှိခဲ့တာဖြစ်ပြီး အစီးပေါင်းမနည်းမနောဟာ ပျက်ကျတာ၊ မတော်တဆဖြစ်တာတွေနဲ့ ပျက်စီး ဆုံးရှုံးမှုပမာဏများခဲ့ရတာဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ်က အမေရိကန်အခြေစိုက် think tank အဖွဲ့ Rand Corporation ဖော်ပြတဲ့သတင်းမှာ နိုင်ဂျီးရီးယားဟာ တရုတ်ဆီက ဝယ်ထားခဲ့တဲ့ ဂျက်လေယာဉ် ၉ စီးသာ ကျန်တော့ပြီး ဒီအထဲက ၇ စီးကို သုံးမရလို့ တရုတ်ကိုပြန်ပို့ မွမ်းမံပြင်ဆင်ခိုင်းခဲ့ရတယ်လို့ ပါရှိခဲ့တယ်။

တောင်အာရှနိုင်ငံတွေထဲမှာ ပါကစ္စတန်ဟာလည်း ဘင်္ဂလားဒေ့ရှ်လိုပဲ တရုတ်ဆီက ကာကွယ်ရေး နည်းပညာတွေ ကို အဓိကထားဝယ်ယူခဲ့တဲ့ နိုင်ငံပါ။ သူတို့မှာလည်း F-7 လေယာဉ်တွေ လေ့ကျင့်ရင်း ပျက်ကျခဲ့ရတာ မနည်း မနောရှိခဲ့ကြောင်း မျက်မြင်သက်သေတွေ အများကြီး ရှိခဲ့ပါတယ်။ သတင်းတစ်ပုဒ်မှာ ၂၀၁၀ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း လေ့ကျင့်ရေး မစ်ရှင်တွေမှာတင် F-7 တိုက်လေယာဉ် ၈ စင်းပျက်ကျခဲ့ရလို့ ပါကစ္စတန် စစ်တပ် ဟာ ဒီလေယာဉ်တွေကို အနားပေးချောင်ထိုးဖို့အထိ စီစဉ်နေခဲ့ကြကြောင်းလည်း ဖော်ပြခဲ့ဖူးတယ်။ ပါကစ္စတန် စစ်တပ် အားကိုးတကြီးနဲ့ တရုတ်နဲ့ ပေါင်းပြီး ထုတ်လုပ်ခဲ့တဲ့ JF-17 တိုက်လေယာဉ်တွေဟာလည်း နည်းပညာ ပိုင်း အားနည်းချက်များစွာကြောင့် ပါကစ္စတန်လေတပ်ကို အကြီးအကျယ် ခေါင်းခြောက်စေခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇွန် ၅ ရက်နေ့က JF-17 Thunder ဖိုက်တာဂျက်လေယာဉ်ဟာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၊ ဂျန်းအရပ်မှာ ပျက်ကျသွားကြောင်း Flight Safety Foundation’s Aviation Safety Network က ဖော်ပြ ခဲ့တယ်။ ပါကစ္စတန် လေတပ်အတွက် ဒီ ပျက်ကျမှုဟာ ၁၃ နှစ်အတွင်း ၅ စင်းမြောက်သော JF-17 Thunder ဖိုက်တာဂျက်လေယာဉ် ပျက်ကျမှုလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဟာလည်း ၂၀၁၆ နှစ်ဆန်းပိုင်းကတည်းက တရုတ်ဆီက JF-17 လေယာဉ် ၁၆ စီးကို တစ်စီး ဒေါ်လာ ၂၅ သန်းနဲ့ ဝယ်ယူခဲ့ကြောင်းနဲ့ အားလုံးနီးနီးဟာ နည်းပညာအခက်အခဲကြောင့် အသုံးမပြုနိုင်ဘဲ မြေပြင် မှာသာ ဂိုထောင်ထဲ ထားရတဲ့ အရုပ်တွေလို့ ဖြစ်နေခဲ့ရတယ်လို့ The Irrawaddy သတင်းဌာနက ဖော်ပြခဲ့တယ်။ မြန်မာစစ်ကောင်စီဟာ တရုတ်နဲ့ ပါကစ္စတန် ပူးပေါင်းထုတ်လုပ်တဲ့ JF-17 လေယာဉ်တွေကို ပထမဆုံး ဝယ်ယူ တဲ့ ပြည်ပနိုင်ငံဖြစ်ပါတယ်။ လေယာဉ်အသုံးပြုမောင်းနှင်နိုင်ဖို့ နည်းပညာ အခက်ကြုံမှုသာမက တက်ဆင်ထား တဲ့ တရုတ်ထုတ် ရေဒါစနစ်ကလည်း မြင်နိုင်တဲ့ ဒုံးကျည်တွေ အနီးကပ် ပစ်ခတ်ခံရတာမျိုးကို ဝေဟင်ကြားဖြတ် ရေဒါစနစ်မှာ မမြင်နိုင်ဘူးလို့ ထိုင်းအခြေစိုက် မီဒီယာ တစ်ခုက ဖော်ပြခဲ့ပါသေးတယ်။

Rand Corporation ရဲ့ လက်ထောက် သုတေသန ပညာရှင် Cindy Zheng က ရေးသားပြုစုခဲ့တဲ့ ဘာကြောင့် ချိုးယွင်းချက်များတဲ့ တရုတ်စစ်ဘက်သုံး ပစ္စည်းတွေ ဝယ်ယူနေကြသလဲ ဆိုတဲ့ စာတမ်းမှာ မြန်မာလို နိုင်ငံမျိုး အပါအဝင် လူ့အခွင့်အရေး စံနှုန်း အချိုးဖောက်ဆုံး အာဏာရှင်တွေအုပ်ချုပ်တဲ့ နိုင်ငံတွေဟာ အနောက်နဲ့ အမေရိကန်အင်အားစုတွေဆီက ခေတ်မီလက်နက်တွေ ဝယ်ယူဖို့ ပိတ်ပင်အရေးယူခံရမှုတွေကြောင့်သာ တရုတ် က ဒီလို နိုင်ငံမျိုးတွေဆီ ဂျင်းထည့်တဲ့ အဆင့်မမီ စစ်လက်နက်၊ ကာကွယ်ရေး ထုတ်လုပ်မှုတွေကို ပစ်မှတ်ထား ရောင်းချနေတာသာဖြစ်တယ်လို့ သုံးသပ်ရေးသားခဲ့တယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ စစ်ရေးထုတ်ကုန် Hardware တွေနဲ့ယှဉ်ရင် တရုတ်ထုတ်တွေက အရမ်း စျေးပေါနေလို့လည်း တရုတ်အတွက် ဒီလို စျေးကွက်မျိုးဟာ အမြဲရှိနေတယ်လို့ Cindy Zheng က ဆိုတယ်။ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ နှစ်ပေါင်းများစွာ ဒုက္ခရောက်နေရတဲ့ ပါကစ္စတန်ဟာ တရုတ်ထုတ် လေယာဉ်တွေ အဆင့်မမီတာ သိရှိခံစားခဲ့တာအကြိမ်ပေါင်း မနည်းတော့လို့ မတတ်နိုင်လည်း တရုတ် လေယာဉ် တွေမဝယ်ဖို့ ၂၀၂၃ မှာ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်မတိုင်ခင် တရုတ်ရဲ့ ကိုယ်ပျောက် ဂျက်လေယာဉ် J-35A ကို ဝယ်ဖို့ စဉ်းစားခဲ့သေးပေမယ့် မယုံဝံ့တော့လို့ လက်လျှော့သွားတာဖြစ်ပါတယ်။ ဒီလေယာဉ်ကို တရုတ် ဟာ နိုဝင်ဘာလတုန်းက Zhuhai လေကြောင်းပြပွဲမှာ စတင်ပျံသန်း မိတ်ဆက်ခဲ့ပါတယ်။

စစ်ရေးကျွမ်းကျင်သူတွေက ဒီ J-35A ကိုယ်ပျောက်ဖိုက်တာဂျက်လေယာဉ်ရဲ့ အစွမ်းဘယ်လောက်ရှိသလဲ လေ့လာသိရှိနိုင်မှု သိပ်မရှိသေးလို့ မသိလှပေမယ့် ထုတ်လုပ်ထားတာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော် ကတည်းကလို့ သိထားလို့ သိပ် ထူးခြားကောင်းမွန်စရာမရှိကြောင်း ထင်မြင်ထားကြပါတယ်။ ဒါကြောင့် တရုတ် ထုတ် စစ်လက်နက်ပစ္စည်းနဲ့ စစ်ရေးထုတ်ကုန်တွေဟာ နည်းပညာပိုင်းဆိုင်ရာမှာ အားနည်းလွန်းနေသေးပြီး စစ်ပွဲ လက်တွေ့ အသုံးမချဖူးသေးတာတွေ များနေလို့ အစွမ်းထက်စရာမရှိနိုင်ပါဘူး။ ပါကစ္စတန်ဟာ ၂၀၀၉ ခုနှစ်က တရုတ်ထုတ် 22P တိုက်သင်္ဘော ၄ စီး ဝယ်ခဲ့ပါသေးတယ်။ ဒီ တိုက်သင်္ဘောတွေအားလုံးမှာလည်း များစွာသော နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေခဲ့ပါတယ်။ ရေဒါစနစ်၊ ဆင်ဆာ စနစ်၊ ဒုံးကျည်စနစ်တွေဟာ ပစ်မှတ်ကို Lock ချ ပစ်ခတ်နိုင်စွမ်း မရှိကြပါဘူး။

တရုတ်အစိုးရကိုယ်တိုင်ဟာလည်း နာမည်ပျက်ချင်းမလှ ပျက်လာတဲ့ သူတို့ စစ်လက်နက် ထုတ်ကုန်တွေ အရည် အသွေးမမီတော့တာကို အကြီးအကျယ် စိတ်ပျက်နေကြပါပြီ။ အမြဲ တရုတ်ရဲ့ သစ္စာရှိ ဝယ်လက်တွေဖြစ်တဲ့ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ အီရန်နဲ့ သီရိလင်္ကာလို နိုင်ငံတွေကတောင် ဒီကနေ့ တရုတ်ဆီက ဝယ်ယူမှုတွေကို ရပ်တန့်လိုက်ကြပြီဖြစ်ပါတယ်။ နာမည်ပျက်ရတဲ့အထဲက တစ်ခုကတော့ ဂျော်ဒန်နဲ့ ပတ်သက်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားဦးဆောင်တဲ့ အစိုးရဟာ ဂျော်ဒန်က ဝယ်ဖို့ ကမ်းလှမ်းတဲ့ MQ-1 ဒရုန်း တွေကို ရောင်းပေးဖို့ ငြင်းဆန်လိုက်တော့ ၂၀၁၆ မှာ တရုတ်ထုတ် CH-4 ဒရုန်း ၆ စီး ဝယ်ယူလိုက်ပါတယ်။ တစ်နှစ်ပဲ ကြာချိန်မှာ ဂျော်ဒန်ဟာ ဒီ CH-4 ဒရုန်း ၆ လုံးစလုံး သုံးစားမရလို့ ပြန်ရောင်းထုတ်လိုက်တဲ့ လူသိရှင်ကြား ကိစ္စ က တရုတ်ကို အရှက်တကွဲဖြစ်စေခဲ့ပါတယ်။

CH-4 ဒရုန်းတွေကို တရုတ် အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်း (CASC) လက်အောက် အဖွဲ့အစည်းဖြစ် တဲ့ China Aerospace Long-March International က တီထွင်ထုတ်လုပ်ခဲ့တာပါ။ အီရတ်လည်း CH-4 ဒရုန်း ၁၀ စီး ဝယ်ယူခဲ့ပါသေးတယ်။ ဒီ ၁၀ စီးမှာ တစ်စီးသာ တာဝန်ထမ်းဆောင်နိုင်ပြီး ကျန်တဲ့ ၉ စီးစလုံးက ပြင်လို့ မပြီး သုံးလို့မရတဲ့ အဆင့်မှာပဲ အလဟသ ဖြစ်ကုန်ကြရပါတယ်။

အယ်လ်ဂျီးရီးယားဆိုရင်လည်း CH-4 ဒရုန်း ၂ စီး ပျက်ကျသွားပြီးနောက် ဘယ်တော့မှ တရုတ်ရဲ့ CH-4 ဒရုန်း ကို မဝယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒရုန်း တစ်စီးက ၂၀၁၃ က Tindouf Airbase လေတပ်စခန်းအနီး ပျက်ကျခဲ့တာဖြစ်ပြီး နောက်တစ်စီးက ၂၀၂၀ ဇွန် ၂၆ ရက်မှာပဲ Bir Rogga လေတပ်စခန်းအနီး ပျက်ကျသွား တာပါ။ ဒီလိုတွေကြောင့်ပဲ တရုတ်ရဲ့ နည်းပညာအဆင့်မြှင့်တင် ထုတ်လုပ်နိုင်စွမ်းအပေါ် ဖြစ်နိုင်ဖွယ် ဝယ်လက် တွေတိုင်း မယုံကြည့်ကြတော့ဘဲ Made In China လက်နက်ဆိုတာနဲ့ နှစ်ခါပြန်စဉ်းစားခန်းဖွင့်ရတဲ့ အခြေအနေ ကို ရောက်ရှိသွားစေတော့တာပဲဖြစ်ပါတော့တယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

China’s Marriage Crisis Fuels Demand for Brides, Trafficking Risks

~ Linn Maung ~ China’s shrinking marriage market, deep-rooted gender imbalance and
ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer limited to trade agreements, railway projects and investment

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now