ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

မဲခေါင် 30 Apr - 2024
တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

လင်းမောင်

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။ Sunning အုပ်စုရဲ့ ထိပ်သီး စူပါမားကတ်ကုန်တိုက်လုပ်ငန်းကြီး ၃ ခုစလုံး ပြိုလဲသွားခဲ့ပါပြီ။

ဒီသုံးခုကတော့ စူပါမားကတ် ကုန်တိုက်ခွဲလုပ်ငန်းတွေထဲမှာ ထိပ်ဆုံးအဆင့်ရှိတဲ့ Carrefour စတိုးဆိုင်များလုပ်ငန်း၊ RT Mart နဲ့ ၁၉၉၇ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တဲ့ Isetan ဂျပန် ကုန်တိုက်လုပ်ငန်းကြီး ၃ ခုစလုံး ရှန်ဟိုင်းနဲ့တီယန်ကျင်း မြို့ကြီးတွေမှာ အားလုံး ပိတ်လိုက်ရပြီဖြစ်ပါတယ်။ Metro China ရဲ့ Hutai Road စတိုးဆိုင်လုပ်ငန်းတွေ၊ နာမည် ကြီးလှတဲ့ရှန်ဟိုင်းစီးတီး ဟိုက်ပါမတ် စီးတီးရှော့ပ်ဆိုတဲ့ တန်ကြေးကြီး ကမ္ဘာ့ ထိပ်တန်းအမှတ်တံဆိပ်တွေ ရောင်းချတဲ့ လုပ်ငန်းကြီးလည်း လည်ပတ်မှုရပ်တန့်သွားလို့ နောက်ဆုံးပိတ်သိမ်းလိုက်ရပြီဖြစ်တယ်။

ဧပြီ ၁၆ ရက်မှာပဲ ရှန်းဟိုင်စီးတီး ဟိုက်ပါမတ် စီးတီးရှော့ပ်ဟာ သူတို့ ကုန်တိုက်အားလုံး ပိတ်လိုက်ပြီလို့ ကြေညာ သွားတယ်။ ဒီတစ်ရက်တည်းမှာပဲ တရုတ် ကွန်မြူနစ်ပါတီရဲ့ အမျိုးသားစာရင်းအင်း ဗျူရိုက နိုင်ငံရဲ့ ပထမ ၃ လ ပတ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ နှစ်ဆက်တိုးတက်မှုအဖြစ် ၅ . ၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ထုတ်ပြန်ကြေညာတယ်။ ဒါကြောင့် အရှိတရားမဟုတ်တဲ့ အလိမ်အညာ အချက်အလက် တွေကို တရုတ်ကွန်မြူနစ်ပါတီက အလံရှူးလုပ်ပြီး ကြေညာပြနေတာလို့ ဝေဖန်လာကြတယ်။

ဧပြီ ၁၆ ရက်က Shanghai City International Enterprise Development Company Limited ဟာ သူတို့ရဲ့ ရှန်ဟိုင်းစီးတီး စူပါ မားကတ်လုပ်ငန်းတွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်ဆယ်မှုအမျိုးမျိုးကိုနည်းလမ်းရှာလုပ်ဆောင်ခဲ့တာ နှစ်အနည်း ငယ်ကြာခဲ့ပြီဖြစ်ပေမယ့် ရေရှည်တည်တံ့အောင် မရပ်တည်နိုင်ခဲ့ဘူးလို့ ထုတ်ပြန်သွားခဲ့တယ်။

ဒါကြောင့် ကုမ္ပဏီဟာ လုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းပြီး ပိတ်လိုက်ရကြောင်း ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်တယ်။ ဝန်ထမ်းတွေကိုလည်း ကုမ္ပဏီဟာ ဆိုင်းငံခြင်းနဲ့ ဖျက်သိမ်းခြင်းဆိုင်ရာ အဆင့်ကို ရောက်နေပြီဖြစ်လို့ သာမန် ဝန်ထမ်းတွေကို ဧပြီ ၁၅ ရက်နေ့အထိပဲ လစာပေးတော့မှာဖြစ်ကြောင်း၊ လူမှုဖူလုံရေးအာမခံထားရှိတဲ့ ပရီမီယံ ကြေးတွေကိုတော့ ဧပြီလအတွက် ပေးမှာဖြစ်ပြီး လုပ်ငန်းဖျက်သိမ်းပြီးမှ သီးခြားလျော်ကြေးတွေကို ဥပဒေနဲ့ အညီ ပေးဆောင်သွားတော့မယ်လို့ ထုတ်ပြန်သွားတယ်။ ရှန်ဟိုင်းစီးတီး စူပါမားကတ် ကုမ္ပဏီဟာ ၁၉၉၅ ခုနှစ် ကတည်းက စတင်ထူထောင်ခဲ့ပြီး တန်ဖိုးကြီးသွင်းကုန်တွေကို အဓိက ရောင်းချတဲ့ စူပါမားကတ်လုပ်ငန်းကြီး ဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့မှာတင် ကုန်တိုက်ခွဲ ၁၀ ခုရှိတယ်။ ရှန်ဟိုင်းတစ်မြို့လုံးမှာသာမက ယန်ဇီမြစ်၀ ကျွန်ပေါ်ဒေသတစ်ခုလုံးအတွက် ပြည်ပကတင်သွင်းတဲ့ စားသောက်ကုန်နဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို ရောင်းချတဲ့ စတိုးကြီးဖြစ်လို့ ဒီလိုလုပ်ငန်းပိတ်သိမ်းလိုက်ရမှုဟာ လုပ်ငန်းရှင်တွေရော၊ စားသုံးသူတွေအတွက်ပါ ပြိုလဲဒုက္ခ ရောက်မှုကြီးဖြစ်သွားခဲ့ရတယ်။ ဆက်တိုက်ဆိုသလို ရှုံးပြီးရင်း အရှုံးပေါ်နေလို့ လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ရ တာဖြစ်တယ်လို့ ကုမ္ပဏီက အကြောင်းချက်ကို တစ်ပါတည်း ထုတ်ပြန်သွားတယ်။

တရုတ်ပြည်မကြီးပေါ်က ပြည်သူတွေဟာ ဒီအကြောင်းတွေကို လူမှုကွန်ရက်တွေပေါ်မှာ အုံးအုံးကြွက်ကြွက် ပြောဆိုရေးသား ထင်မြင်ချက်တွေ ပေးကြတယ်။ အွန်လိုင်းရှော်ပင် လုပ်ငန်းတွေ အုံကြွထွန်းကားလာခြင်းက ပင်မ စူပါမားကတ်စတိုးဆိုင်လုပ်ငန်းကြီးတွေကို ပြိုလဲစေတာလို့ တချို့က ထင်မြင်ကြတယ်။ ဒါပေမဲ့ လေ့လာ သုံးသပ်သူတချို့ကတော့ ၂၀၂၁ မှာ တရုတ်အစိုးရ ချမှတ်လိုက်တဲ့ ကိုဗစ်ကပ်ဆိုး မူဝါဒဆိုင်ရာ တားဖြစ်ချက် တွေကြောင့်လို့ သုံးသပ်ကြတယ်။ ရှန်ဟိုင်း စူပါမားကတ်စတိုးကြီးတွေရဲ့ အဓိက စားသုံးသူတွေဟာ မြို့ပြနေ နိုင်ငံခြားသားများစွာအပေါ် တည်မှီပြီး ရပ်တည်နေကြတာပါ။ တရုတ်အစိုးရရဲ့ ကိုဗစ်စည်းမျဉ်းချိုးဖောက်ရင် ပြင်းထန်တဲ့အရေးယူမှုလုပ်မယ်ဆိုတာတွေကြောင့် ဝယ်ယူသူတွေမရှိ၊ စျေးကွက်ပိတ်ပင်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းသွားတာ၊ လက်ကားစျေးနှုန်းကိုက အရမ်းမြင့်တက်လာတာ၊ နိုင်ငံရဲ့ အလုံစုံသော စီးပွားရေး ကဏ္ဍကကျဆင်းသွားတာ၊ အလုပ်လက်မဲ့အများအပြားဖြစ်ကုန်ကြရတာတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြတယ်။

ဧပြီ ၁၆ ရက်မှာပဲ တရုတ် စာရင်းအင်းဗျူရိုက ထုတ်ပြန်ချက်မှာ ၂၀၂၄ ပထမ ၃ လပတ်မှာပဲ နိုင်ငံ စုစုပေါင်းထုတ်ကုန်တန်ဖိုး ၅ . ၃ ရာခိုင်နှုန်း (ငွေအားဖြင့် ယွမ် ၂၉ . ၆ ထရီလီယံ) မြင့်တက်လာတယ်ဆိုပေမယ့် စတော့ရှယ်ယာစျေးကွက်တွေ ဒီလောက်ကျဆင်းနေတဲ့ကြားက ထုတ်ပြန်ချက်ဖြစ်လို့ ပြည်မကြီးက ပြည်သူတွေ ကိုယ်တိုင်လည်း ဘယ်လိုမှ မယုံကြည်နိုင်ဘဲ ဝေဖန်မှုတွေနဲ့ ဆူညံစေခဲ့ပါတယ်။ တချို့တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်။ စတော့စျေးကွက် ဒီလောက်ထိုးကျနေတဲ့ကြားက ဒီလောက် GDP အတက်ပြခဲ့တာဟာ ဘယ်သူ့ကို အပြစ်တင်ရတော့မှာလဲဆိုပြီး အစိုးရကို ခနဲ့သူတွေကလည်း ခနဲ့ကြတယ်။

တရုတ်စီးပွားရေးရပ်ဝန်းဟာ ဆက်ပြီးထပ်တိုး ကျဆင်းနေဦးမယ်ဆိုရင်တော့ ပြည်သူ စားသုံးနိုင်စွမ်းလည်း ကျသထက်ကျမှာပဲ။ စျေးဝယ်စင်တာကြီးတွေမှာ လူသူပြတ်လပ်မှုကလည်း ဆိုးသထက်ဆိုးလာမှာပဲ။ စီးပွား ရေးအချက်အခြာလမ်းမကြီးတွေပေါ် အရောင်းဆိုင်ပေါင်းများစွာ ပိတ်ပြီးရင်းပိတ်နေလို့ ကန္တာရဆန်သထက်ဆန်လာမယ်။ အားလုံး အတိတ်ရဲ့ စည်းစိမ်ဥစ္စာတွေကို ဆုံးရှုံးသထက်ဆုံးရှုံးလာမှာပဲ။

၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း တရုတ် စတိုးဆိုင်လုပ်ငန်းရှင်များအစည်းအရုံး၊ Feng group နဲ့ Feng Research Center တို့ ပူးပေါင်းလေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံ လက်လီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနက ထုတ်ပြန်ခဲ့မှုမှာ ကုန်တိုက်လက်လီကုမ္ပဏီများရဲ့ ၈၆.၃ ရာခိုင်နှုန်းဟာ စားသုံးသူဝယ်ယူမှုစွမ်းအားမလုံလောက်တဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင် နေရတယ်လို့ ပါရှိတယ်။ ၂၀၂၃ ခုနှစ်ဖောက်သည်စီးဆင်းမှုဟာ စတိုးဆိုင်တွေရဲ့ ၇၀ . ၁ ရာခိုင်နှုန်းမှာ ၂၀၁၉ ခုနှစ် က စီးဆင်းအားထက် ပိုတိုးမြင့်လာခြင်းမရှိဘူးလို့ ပါရှိတယ်။

အရောင်းဆိုင်ရာသတ်မှတ်ချက်မှာလည်း စတိုးဆိုင်အားလုံးရဲ့ ၆၄ . ၉ ရာခိုင်နှုန်းဟာ ၂၀၁၉ ခုနှစ်က ရောင်းအားကိုတောင် မမီနိုင်တော့ဘူးလို့ဆိုတယ်။။ အွန်လိုင်း ရှော်ပင် တစ်တည်းအားဖြင့် e-commerce ပလက်ဖောင်း စျေးရောင်းမှုတွေကြောင့် Offline စတိုးဆိုင်လက်လီ လုပ်ငန်းတွေကို နစ်နာစေမှုဟာ ၆၀ ရာခိုင်နှုန်းအထိ သက်ရောက်ခဲ့တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now