ကမ္ဘာ့သတင်း

ဆူနာမီသတိပေးချက် ဂျပန်ရုပ်သိမ်း၊ ငလျင်ကြောင့် သေဆုံးသူ ၄၇ ယောက်အထိ မြင့်တက်လာ

မဲခေါင် 2 Jan - 2024
ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မနက်အစောပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်း ဟွန်းရှူးကျွန်းမကြီးရဲ့ အဓိကကျွန်းဖြစ်တဲ့ အစ်ရှီကာဝါကျွန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အပြင်းဆုံးငလျင်အဖြစ် ပြင်းအား ၇.၆ အထိ လှုပ်ခဲ့သလို ထပ်ဆင့်ငလျှင်ငယ်ပေါင်း ၁၅၅ ကြိမ်ပါ လှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူပေါင်း ၄၈ ယောက် ရှိလာပြီလို့ ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂

ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မနက်အစောပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်း ဟွန်းရှူးကျွန်းမကြီးရဲ့ အဓိကကျွန်းဖြစ်တဲ့ အစ်ရှီကာဝါကျွန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အပြင်းဆုံးငလျင်အဖြစ် ပြင်းအား ၇.၆ အထိ လှုပ်ခဲ့သလို ထပ်ဆင့်ငလျှင်ငယ်ပေါင်း ၁၅၅ ကြိမ်ပါ လှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူပေါင်း ၄၈ ယောက် ရှိလာပြီလို့ ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျပန်ပြည်တွင်းမီဒီယာတွေ ဖော်ပြမှုအရ ပျက်ဆီးပြိုလဲခဲ့တဲ့ အိမ်ပေါင်း သောင်းချီရှိပြီး နေအိမ် ၄၅၀၀၀ ဟာ လျှပ်စစ်မီးမရနိုင်ဘဲ လူပေါင်း ၆၂၀၀၀ ကို ရွှေ့ပြောင်းနေထိုင်ဖို့ အမိန့်ထုတ်ပြန်နေရာချထားပေးရကြောင်း သိရှိရပါတယ်။

ပြင်းထန်လွန်းတဲ့ ငလျှင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီလှိုင်းငယ်တွေဟာ အန္တရာယ်ကြီးမားနိုင်တဲ့ အဆင့်လှိုင်းမျိုး မတွေ့ရတော့လို့ အရေးပေါ် ဆူနာမီသတိပေးချက်ကို ဇန်နဝါရီ ၂ ရက်မှာ အလုံးစုံ ပြန်လည် ရုပ် သိမ်းလိုက်ပေမယ့် ပျက်ဆီးမှုများလွန်းခဲ့ပြီး ဝါဂျီးမား ဆိပ်ကမ်းမြို့ဆိုရင် ဇန်နဝါရီ ၂ ရက်နေ့အထိ မီးမငြိမ်းသတ် နိုင်သေးပါဘူး။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ဂျပန်စစ်သား ၁၀၀၀ ကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ထည့်ပေးထားပြီး နေအိမ်အဆောက်အအုံတွေ ပျက်ဆီးမှုက အကြီးစားပျက်ဆီးမှုဖြစ်လို့ ပျက်ဆီးဆုံးရှုံးမှုပမာဏကို ချက်ချင်း မတွက်ချက်နိုင်သေးကြောင်း၊ အပျက်အဆီးတွေကြားမှာ ပိတ်မိနေသူတွေရဲ့ အသက်ကို ကယ်တင်နိုင်ရေးက ကနဦး အရေးအကြီးဆုံး ရည်မှန်းချက်ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ပစ္စိဖိတ်သမုဒ္ဒရာရဲ့ မီးတောင်များစွာရှိတဲ့ Ring of Fire ဇုန်ထဲမှာ ရှိနေလို့ နှစ်စဉ် ငလျင်ရာနဲ့ချီ လှုပ်ခတ်လေ့ရှိပေမယ့် အပျက်အဆီးများတဲ့ ငလျင်ရှားပါတယ်။

ဆိုးဝါးလွန်းတဲ့ငလျင်တွေကတော့ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြင်းအား ၉ .၀ နဲ့လှုပ်သွားတဲ့ ငလျှင်ဖြစ်ပြီး ဆူနာမီလှိုင်းကြောင့် လူပေါင်း ၁၈၅၀၀ ပျောက်ဆုံးသွားခဲ့ရပါတယ်။

ဖူကူရှီးမား နျူကလီးယားစက်ရုံ ဓာတ်ပေါင်းဖို ၃ ခုထဲ ရေစိမ့်ဝင်ပြီး ချာနိုဘိုင်း နျူကလီးယားစက်ရုံပေါက်ကွဲမှုနောက် အဆိုးရွားဆုံး နျူကလီးယားကပ်ဘေးဆိုက်ခဲ့ရပါသေးတယ်။

ခုငလျင်ကတော့ အစ်ရှီကာဝါကျွန်းမှာရှိတဲ့ ရှီကာနျူကလီးယားဓာတ်အားပေးစက်ရုံကို ထိခိုက်ပျက်ဆီးမှု တစ်စုံ တစ်ရာမရှိဘူးလို့ သိရပါတယ်။

Ref: thenationalnews
MKF-001

#MeKongNews

#ဂျပန်

#ငလျင်

#ဆူနာမီ

#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now