မဲဆောက် Lotus ကုန်တိုက်က ရွှေဆိုင်ကို တစ်ကိုယ်တော် ဓားပြတိုက်၊ ဘတ် ၄၇ သန်းကျော် ရွှေများ ပါသွား
မဲခေါင်၊ မတ် ၃
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Lotus ကြီး ကုန်တိုက်မှ ရွှေဆိုင်ကို ယမန်နေ့ (မတ် ၂) ညပိုင်းက ဆိုင်ကယ်စီးဦးထုပ်အမဲဆောင်းထားပြီး ကျောပိုးအိတ်လွယ် လူတစ်ဦး သေနတ်ကိုင်ဆောင် ပစ်ဖောက်ကာ ရွှေဆိုင်မှ ရွှေ ၁၀၂ ဘတ် ယူဆောင်ပြီး အမြန်ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။
Scoppy အမဲရောင်စီးထားကာ Lineman အကျီဝတ်ဆင်ထားသူသည် ရွှေ ၆၀ ကျပ်သားကျော်ကို ယူဆောင်ထွက်ပြေးသွားသူသည် ဆိုင်ကယ်မောင်းနှင်ထွက်ပြေးရာတွင် မြန်မာနယ်စပ်ဘက်သို့ ဦးတည်မောင်းနှင်သွားပြီး ဖမ်းမိ၊ မမိ မသိရသေးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ဓားပြတိုက်သွားသည့် ရွှေတန်ဖိုးသည် ဘတ် ၄၇ သန်းကျော်ရှိပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
Ref: Addy Chaiyadech
ကိုကလင်း
#MeKongNews









