အိမ်မွေးခွေးများ ကိုက်ချီလာသည့်အထုပ် စိတ်ကြွဆေးပြားများဖြစ်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၂
ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်၊ နောင်ဘွားခရိုင်ခွဲတွင် ဇနီးမောင်နှံနှစ်ယောက် ခြံထဲမွေးထားသည့် ခွေး ၇ ကောင်က အထုပ်တွေချီလာပြီး ကိုက်ဖွနေမှုကို တွေ့ရှိရာ စိတ်ကြွဆေးပြားတွေဖြစ်နေလို့ ရဲထံအကြောင်းကြားခဲ့ရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းတွင် ခြံဝန်းထဲ ခွေးများက အထုပ်များကို ကိုက်ချီဆော့ကစားနေရာမှာ ပေါက်ပြဲပြီး ပန်းရောင်စိတ်ကြွဆေးပြားများ ခြံထဲ ပြန့်ကျဲနေခြင်းအား ထိုင်းဇနီးမောင်နှံ တွေ့ရှိပြီးနောက် အထိတ်တလန့်ဖြစ်ကာ ရဲခေါ်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့သည်။
ရဲထပ်ဖွဲ့ရောက်လာပြီးနောက် ခြံထဲ ပြန့်ကျဲနေသော ဆေးပြားများနှင့် အိတ်ထဲကျန်ရှိသော ဆေးပြားများ လိုက်ကောက်ရေတွက်ရာမှာ စိတ်ကြွဆေးပြား ၄၀၀ တိတိ တွေ့ရှိရကြောင်းနှင့် တရားခံကို စုံစမ်းဖော်ထုတ်နိုင်ရေး ရဲတပ်ဖွဲ့ ခေါင်းခြောက်နေရကြောင်း ထိုင်းဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
Ref:Khaosod
ကိုကလင်း
#MeKongNews









