ထိုင်းဘက် တရားမဝင် သွားရောက်မယ့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၁ ယောက် ဖမ်းမိ
မဲခေါင်၊ ဇန်နဝါရီ ၂၉
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုပ်ဖရမှာ မြန်မာဘက်က တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၁ ယောက်ကို ထိုင်းအဖွဲ့စုံက ဒီနေ့ (ဇန်နဝါရီ ၂၉) မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း မဲဆောက် သတင်းရင်းမြစ်တစ်ခုက အတည်ပြု ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ အထူးစီမံချက်အဖြစ် အဖွဲ့စုံပါတဲ့ ထိုင်းအာဏာပိုင်တွေက ဖုပ်ဖရမြို့၊ ဟွိုင်နမ်နက်ရွာက တဲတစ်လုံးထဲမှာ ထိုင်းနိုင်ငံဘက်ကို ဝင်မယ့် မြန်မာအမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၂၁ ယောက်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးရမိမှုမှာ မြန်မာအမျိုးသားတစ်ယောက်ဆီက စိတ်ကြွဆေး ၃၅ လုံးကိုပါ သိမ်းဆည်းရမိပြီး ကိုယ်တိုင် သုံးစွဲဖို့ မြန်မာဘက်ခြမ်းကနေ တစ်လုံး ဘတ် ၃၀ နဲ့ ဘတ် ၁၅၀၀ ဖိုးဝယ်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ခိုးဝင်လာသူအားလုံးဟာ ပွဲစားကို ဘတ် ၁၈၀၀၀ စီ ပေးခဲ့ကြရပြီး ဘန်ကောက်၊ ဆာမတ်ပရာကန်မှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ် ဖြတ်ကျော်လာကြတာဖြစ်တယ်လို့ ဖုပ်ဖရ ရဲစခန်းက ထုတ်ပြန်ထားပါတယ်။
Ref: AEC อาเซียน News
MKF-001
#MeKongNews








