ကမ္ဘောဒီးယားအမတ်ဟောင်း လုပ်ကြံခံရမှု ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံအမတ် ဝေဖန်
မဲခေါင်၊ ဇန်နဝါရီ ၉
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ အိမ်နီးချင်း အာဏာရှင်နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာ ဗဟိုချက်ဖြစ်နေခြင်းဟာ လက်ရှိဝန်ကြီးချုပ် ပေထောင်တန်မှာ တာဝန်ရှိကြောင်း ထိုင်းအတိုက်အခံပါတီ အမတ် ကန်နာဗီးက ဝေဖန်ပြောကြားသွားခဲ့ပါတယ်။
ဇန်နဝါရီ ၇ ရက်ညဦးပိုင်းက ဘန်ကောက်မှာ ကမ္ဘောဒီးယား ထိပ်တန်းအတိုက်အခံပါတီ အမတ်ဟောင်း ပစ်သတ်လုပ်ကြံပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ရာမှာ လုပ်ကြံသတ်ဖြတ်သူဟာ ထိုင်းရေတပ် တပ်ကြပ်ကြီးဟောင်းဖြစ်ကာ ပြစ်မှု ၂ ကြိမ် ကျူးလွန်ခဲ့ဖူးသလို တပ်စည်းကမ်းမလိုက်နာလို့ ထုတ်ပယ်ခံခဲ့ရသူဖြစ်ကြောင်း ဘန်ကောက်ရဲချုပ်ကိုယ်တိုင်က ထုတ်ပြန်ကာ ထွက်ပြေးလွတ်မြောက်နေသူကို ဖမ်းဆီးရမိဖို့ ၀ရမ်းထုတ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်ရဲ့ အဓိကအတိုက်အခံလုပ်ခဲ့ပြီး နောက်ဆုံးမှ ပါတီဖျက်သိမ်းပေးလိုက်ရသူ ဘန်ကောက်မှာ လုပ်ကြံခံရခြင်းက ထိုင်းနိုင်ငံအတွက် အရှက်ရစရာဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အသုံးချခံနိုင်ငံ မဖြစ်သင့်လို့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေထောင်တန် တာဝန်ယူရမယ့် ကိစ္စဖြစ်ကြောင်း ထိုင်းအတိုက်အခံ Fair ပါတီ လွတ်တော်အမတ် ကန်နာဗီးက တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
Ref: Khaosod
MKF-001
#MeKongNews








