၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို ခရီးသွား ၃၅ သန်းကျော် လာရောက်ခဲ့
မဲခေါင်၊ ဇန်နဝါရီ ၂
၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို ခရီးသွား ၃၅ သန်းကျော် လာရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အဓိကဝင်ငွေဖြစ်တဲ့ ပြည်ပ ခရီးသွားလုပ်ငန်းဟာ ၂၀၂၄ ခုနှစ်မှာ တိုးတက်ခဲ့ပြီး ၃၅ . ၃၂ သန်းလာရောက်လည်ပတ်ရာက ပြည်တွင်းမှာ ဘတ် ၁ . ၆၆ ထရီလီယံ သုံးစွဲသွားခဲ့ကြောင်းလည်း ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး ထီယန်တောင်က ထုတ်ပြန်ခဲ့ပါ တယ်။
အများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားစာရင်းမှာ တရုတ်က ၆ . ၇၀ သန်းနဲ့ အများဆုံးဖြစ်ပြီး မလေးရှားက ၄ . ၉၃ သန်း၊ အိန္ဒိယက ၂ . ၁၂ သန်း၊ တောင်ကိုရီးယားက ၁ . ၈၆ သန်း၊ ရုရှား ၁ . ၇၂ သန်း ပါဝင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံသားတွေ ပြည်တွင်း ခရီးသွားလာလည်ပတ်မှုကလည်း ခရီးစဉ် ပေါင်း ၁၉၇ . ၅၃ သန်းရှိခဲ့ပြီး ဘတ် ၉၅၂ . ၇၇ ဘီလီယံ သုံးစွဲခဲ့ကြောင်းလည်း သိရှိရပါတယ်။
နှစ်ကူးပွဲတော်ရက်ကာလ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း လာရောက်လည်ပတ်မှုဟာ ၉၄၃၂၆၉ ယောက်ရှိခဲ့ပြီး ၂၀၂၀ နောက်ပိုင်း တစ်ပတ်အတွင်း ပြည်ပခရီးသွားလာရောက်လည်ပတ်မှု အများဆုံးလည်းဖြစ်ခဲ့ကြောင်း၊ နောက်ဆုံး ၂ ပတ်အတွင်း မလေးရှားကချည်း လူပေါင်း ၁၀၀၀၀၀ လာရောက်ခဲ့ကြောင်း ဝန်ကြီး ထီယန်ထောင် က ထုတ်ပြန်သွားပါတယ်။
Ref:Bangkokpost
MKF-001
#MeKongNews








