မဲခေါင်၊ အောက်တိုဘာ ၂၃
ထိုင်းအစိုးရက စတင်အဆိုပြုထားတဲ့ အာဆီယံ ၆ နိုင်ငံကို ဗီဇာ ၁ ခုတည်းနဲ့ နိုင်ငံခြားခရီးသွားတွေ သွားလာနိုင်မယ့် အစီအစဉ်ကို ကမ္ဘောဒီးယားအစိုးရက လက်ခံကြောင်း အောက်တိုဘာ ၂၁ ရက်က ဖနွမ်ပင်မှာ ကျင်းပတဲ့ ကမ္ဘောဒီးယား နိုင်ငံတကာခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးမှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဒီအစည်းအဝေးကို နှစ်နိုင်ငံ နိုင်ငံတကာခရီးသွားလာရေးဝန်ကြီးတွေနဲ့အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အတိုင်ပင်ခံတို့ ပူးပေါင်းပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားဘက်က မူအားဖြင့်သဘောတူညီကာ ပြည်ထဲရေး၊ အကောက်ခွန် ဌာနတွေနဲ့ ဆက်လက်ညှိနှိုင်းသွားပြီး ထိုင်းဝန်ကြီးချုပ် ပေထောင်တန် လာရောက်လည်ပတ်မယ့်အချိန် လက်မှတ်ရေးထိုးအတည်ပြုနိုင်မယ်လို့ ကမ္ဘောဒီးယား အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။
6 Countries, 1 Destination ဆိုတဲ့ ပြည်ပခရီးသွားလုပ်ငန်းမြှင့်တင်ရေး ထိုင်းအစိုးရ စီမံကိန်းသစ် တင်ပြမှုမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နဲ့ ထိုင်း နိုင်ငံ ၆ နိုင်ငံကို ပြည်ပခရီးသွားတွေ ဗီဇာ တစ်မျိုးတည်းနဲ့ သွားလာလည်ပတ်နိုင်စေဖို့ စီစဉ်မှာ ဖြစ်ပါတယ်။
ဒီ ၆ နိုင်ငံမှာ ယူနက်စ်ကိုအမွေအနှစ် အဆောက်အအုံတွေဆီ ပြည်ပခရီးသွားလာရောက်မှု များပြားခြင်း၊ ထိုင်း-လာအို-ခမာ နှစ်သစ်ကူးနဲ့ တရုတ်နှစ်သစ်ကူးကာလတွေမှာ ခရီးသွားလာမှု အထူးများပြားလို့ နိုင်ငံအားလုံး ချိတ်ဆက်ပြီး ခရီးသွားကဏ္ဍ တိုးမြှင့်သွားရေး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Ref:Bangkokpost
MKF-001








