မဲခေါင်၊ စက်တင်ဘာ ၂၅
စစ်ကောင်စီနဲ့ လက်ပွန်းတတီးဆက်ဆံနေတဲ့ အိန္ဒိယနိုင်ငံ အစိုးရစပွန်ဆာပေး အိန္ဒိယကမ္ဘာရေးရာကောင်စီ (ICWA) က လာမယ့် နိုဝင်ဘာလလယ် နယူးဒေလီမှာကျင်းပမယ့် ဆွေးနွေးပွဲမှာ NUGနဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ ချင်း၊ ရခိုင်၊ ကချင်က တိုင်းရင်းသား လက်နက်ကိုင်တွေကို တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်နဲ့ အိန္ဒိယဘက်က ရင်းမြစ်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောဆိုသွားပါတယ်။
ဒီအစည်းအဝေးပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာလည်း ဦးဆောင်ပါဝင်မှာဖြစ်ပြီး လက်ရှိမှာတော့ ဒီ သတင်းကို နာမည်နဲ့တကွ အတည်ပြုထုတ်ပြန်ဖို့ မဖြစ်သေးဘဲ လျှို့ဝှက်အနေအထားမို့ အမည်မဖော်လိုတဲ့ အတည်ပြုမှုအဖြစ် ပြောဆိုခဲ့တာဖြစ်ကြောင်း ရိုက်တာက ဖော်ပြခဲ့ပါတယ်။
ဒီဆွေးနွေးပွဲရဲ့ အဓိက ဆွေးနွေးမယ့်ခေါင်းစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်အတွက်ဖြစ်ပြီး စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကို ဖိတ်ကြားခြင်းရှိမရှိတော့ မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ ဖြစ်လာခဲ့ပြီးလက်ရှိမှာ စစ်ကောင်စီဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေထဲ နယ်မြေတွေ စွန့်လွှတ်ပေးအပ်မှု များပြားလာခဲ့တာကြောင့် အိန္ဒိယဟာ တော်လှန်အင်အားစုတွေကို မကြုံစဖူး နိုင်ငံတော်အဆင့် ဆွေးနွေးပွဲ မှာ ဖိတ်ကြားလာခြင်းဖြစ်လို့ စစ်ကောင်စီအတွက် ခံရခက်တဲ့ ဖြစ်ရပ်မျိုးလို့ သုံးသပ်နေကြပါတယ်။
Ref: reuters
MKF-001








