အာစီယံဒေသတွင်း

သက်ဆင်နဲ့ ယင်းလတ်တို့ ဝန်ကြီးချုပ်ဖြစ်တုန်းက စစ်အာဏာသိမ်းတဲ့ ကာချုပ်ဟောင်း ပရာဝစ်ပါတီကို မဟာမိတ်အဖြစ်က ပယ်ဖျက်လိုက်ပြီလို့ ဖွေထိုင်းပါတီထုတ်ပြန်

မဲခေါင် 29 Aug - 2024
ထိုင်းနိုင်ငံသမိုင်းမှာ ဖွေထိုင်းပါတီက တင်မြောက်တဲ့ ဝန်ကြီးချုပ် ၂ ဆက်ကို စစ်အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ စစ်တပ်နဲ့ တော်ဝင်ဘုရင်ထောက်ခံ ကာချုပ်ဟောင်း ပရာဝစ် ဦးဆောင်တဲ့ ပါလန်းပရာချာရတ် ပါတီကို မဟာမိတ် ပါတီ ၁၁ ပါတီထဲက ထုတ်ပယ်လိုက်ပြီး အစိုးရသစ်ဖွဲ့စည်းမှုမှာ ထည့်သွင်းတော့မှာမဟုတ်ကြောင်း အာဏာရ ဖွေထိုင်းပါတီက ဩဂုတ် ၂၇ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မဲခေါင်၊ သြဂုတ် ၂၉

ထိုင်းနိုင်ငံသမိုင်းမှာ ဖွေထိုင်းပါတီက တင်မြောက်တဲ့ ဝန်ကြီးချုပ် ၂ ဆက်ကို စစ်အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ စစ်တပ်နဲ့ တော်ဝင်ဘုရင်ထောက်ခံ ကာချုပ်ဟောင်း ပရာဝစ် ဦးဆောင်တဲ့ ပါလန်းပရာချာရတ် ပါတီကို မဟာမိတ် ပါတီ ၁၁ ပါတီထဲက ထုတ်ပယ်လိုက်ပြီး အစိုးရသစ်ဖွဲ့စည်းမှုမှာ ထည့်သွင်းတော့မှာမဟုတ်ကြောင်း အာဏာရ ဖွေထိုင်းပါတီက ဩဂုတ် ၂၇ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုင်းစစ်တပ်နဲ့ ရာဇဝင်နဲ့ချီပြီး ပြင်းထန်တဲ့အတိုက်အခံဖြစ်ခဲ့တဲ့ သက်ဆင်ရဲ့ ဖွေထိုင်းပါတီဟာ မဲအနိုင်ရလို့ ဝန်ကြီးချုပ်တာဝန်ယူစဉ်မှာလည်း ပရာဝစ်ဟာ စစ်အာဏာသိမ်းဖို့ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သလို သက်ဆင်ရဲ့ညီမ ယင်းလတ် ဝန်ကြီးချုပ်ဖြစ်စဉ်မှာလည်း စစ်အာဏာထပ်သိမ်းခဲ့ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

မနှစ်က ရွေးကောက်ပွဲအပြီး MFP ပါတီအနိုင်ရမှုကို အသိအမှတ်မပြုဘဲ စစ်တပ်နဲ့ တော်ဝင်ဘုရင်ထောက်ခံ ကွန်ဆာဗေးတစ်တွေက ဝိုင်းတိုက်ခိုက် ကန့်ကွက်ပြီးနောက် ဖွေထိုင်းပါတီသာ ဒုတိယမဲအများဆုံးအနိုင်ရပါတီအဖြစ် အစိုးရဖွဲ့ခွင့်ရရေး ကြိုးပမ်းမှုအစမှာ စစ်တပ်ထောက်ခံပါတီတွေနဲ့ မပူးပေါင်းဘူးပြောခဲ့ပေမယ့် အမတ်နေရာ ၄၀ အနိုင်ရထားတဲ့ ပရာဝစ်ပါတီကို မဟာမိတ်ပါတီ ၁၁ ခုထဲ အံ့အားသင့်ဖွယ်ရာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အခုဖွေထိုင်းပါတီ အထွေထွေအတွင်းရေးမှူးက ပါတီတွင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက် သက်ဆင်ရဲ့သမီး ပေထောင်တန်ကို ထိုင်းရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ မဲပေးရာမှာ ပရာဝစ်ဟာ မဲပေးဖို့ ပျက်ကွက်ခဲ့လို့ မဟာမိတ်အဖြစ်ကနေ ရပ်ဆိုင်းပြီး ထုတ်ပယ်ကာ စက်တင်ဘာလလယ် အစိုးရသစ် ရွေးချယ်တင်မြှောက်မှုမှာလည်း ပါလန်းပရာချာရတ်ပါတီ ပါဝင်တော့မှာမဟုတ်ဘူးလို့ အတည်ပြု ထုတ်ပြန်သွားပါတယ်။

ဒီအခြေအနေအရ နိုင်ငံရေးဩဇာကြီးတဲ့ ဖွေထိုင်းနဲ့ ထိုင်းစစ်တပ်ထောက်ခံပါတီတွေအကြား သဘောထားကွဲလွဲနေမှုကို မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး ပါလန်းပရာချာရတ်ပါတီ ပြောရေးဆိုခွင့်ရှိသူက သူတို့ပါတီ လွှတ်တော်အမတ်အားလုံး ပေထောင်တန်ကို မဲပေးခဲ့ပြီး ပရာဝစ်တစ်ယောက်သာ မဲမပေးခြင်းမှာ သဘောတူထားတဲ့ ကတိကဝတ်တွေကို ဖွေထိုင်းပါတီက ချိုးဖောက်လိုက်တာဖြစ်တယ်လို့ တုံ့ပြန် ဖြေရှင်းသွားပါတယ်။

ဖွေထိုင်းပါတီကတော့ အစိုးရသစ်ဖွဲ့မှုမှာ ပါလန်းပရာချာရတ်ပါတီ အမတ်နေရာတွေ လျော့သွားပေမယ့် လွှတ်တော်အမတ် ၅၀၀ ထဲမှာ ၃၀၀ ကျော်ကို ကျန်မဟာမိတ်ပါတီဝင်တွေနဲ့ ဆက်လက် ရယူထားနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: asahi
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now