မဲခေါင်၊ ဇူလိုင် ၂၄
ဘန်ကောက်မြို့က ဟက်ပီးလန်းစင်တာစျေးဝယ်စင်တာထဲမှာ ဇူလိုင် ၂၂ ရက်နေ့ညနေပိုင်းက ဆေးခြောက် ရောင်းတဲ့ အသက် ၂၇ နှစ်အရွယ် အစ္စရာဆစ်သီခမ်း ဓားနဲ့ထိုးလို့ ၃၄ နှစ်အရွယ် မြန်မာဆေးသုတ်အလုပ်သမား ခွန်ရှင်းမွန်ဆိုသူ သေဆုံးခဲ့ရပါတယ်။
ဘန်ကောက်ရဲတပ်ဖွဲ့က လမ်းပေါ်က ရန်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားရဲ့ ဘယ်ဘက် လည်ပင်းနဲ့ ရင်ဘတ်ကို အိတ်ဆောင်ဓားနဲ့ နှစ်ချက်ထိုးခဲ့ရာက သေမှုသေခင်းဖြစ်ပွားခဲ့ကြောင်းနဲ့ တရားခံကို သိရှိတယ်လို့ ချက်ချင်း ထုတ် ပြန်ခဲ့ပါတယ်။
နောက်တစ်နေ့မနက်မှာ ဆေးခြောက် ရောင်းတဲ့ အလုပ်လုပ်သူ တရားခံ အစ္စရာဆစ်သီခမ်းဟာ ရဲစခန်းကို ကိုယ်တိုင်လာရောက် ဖမ်းခံပြီး သူဆိုင်ကယ်နဲ့ လာရာလမ်းကို ခွန်ရှင်မွန်နဲ့သူငယ်ချင်းတွေက ပိတ်ရပ်တားဆီးခဲ့သလို ပြန်တောင်းပန်ခြင်းလည်းမပြုတဲ့အပြင် စော်ကားမှုလုပ်လို့ ရန်ဖြစ်ရာက အမြဲဆောင်ထားလေ့ရှိတဲ့ ဓားနဲ့ ထိုးမိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က လူသတ်မှု၊ သေစေနိုင်တဲ့ လက်နက်ကိုင်ဆောင်မှု နှစ်ခုနဲ့ စွဲချက်တင်ထားပြီး အခင်း ဖြစ်ပွားမှုမှာ မျက်မြင်သက်သေတွေ ထပ်မံစုဆောင်းပြီး အမှုကို စုံစမ်းမှု ဆက်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
Ref:Bangkokpost
MKF-001








