မဲခေါင်၊ ဇူလိုင် ၁၇
ဇူလိုင် ၁၆ ရက် ညအစောပိုင်းက ဘန်ကောက်မြို့လယ် အဆင့်မြင့်ဟိုတယ် ၅ လွှာအခန်းထဲ အမေရိကန်နိုင်ငံသား ခံယူခွင့်ရသူ ၂ ယောက်အပါ စုစုပေါင်း ဗီယက်နမ်နိုင်ငံသူ/သား အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၃ ယောက် ထူးဆန်းစွာ သေဆုံးနေခဲ့တာကို ထိုင်းမှုခင်းရဲတပ်ဖွဲ့က စစ်ဆေးနေရာမှာ အားလုံး ဆိုင်ရာနိုက် အဆိပ်သင့်သေဆုံးကြောင်း ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
အခင်းဖြစ်စဉ်ကို မှတ်တမ်းတွေ လေ့လာမှုအရ တခြားရာဇဝတ်ကျူးလွန်မှုတဲ့ တခြား လူပုဂ္ဂိုလ် ဝင်မလာခဲ့သလို ထူခြားဖြစ်စဉ် မရှိတာကြောင့် ကော်ဖီသောက်ရင်း သေဆုံးနေကြသူ အားလုံးထဲက တစ်ယောက်ကသာ ပုဂ္ဂိုလ်ရေးပဋိပက္ခကြောင့် အဆိပ်ခတ်တဲ့တရားခံ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ကနဦး ထုတ်ပြန်ပါတယ်။
Ref: The Reporters
MKF-001











