အာစီယံဒေသတွင်း

ထိုင်းမှာ ဆေးခြောက် တရားမဝင်ပြန်သတ်မှတ်တာ မကျေနပ်လို့ ၆ ရက်ကြာ အစာငတ်ခံဆန္ဒပြအပြီး အုန်းရေနဲ့ရေသာဆက်သောက် ဆန္ဒပြဦးမယ်လို့ဆို

မဲခေါင် 17 Jul - 2024
အရင်အစိုးရလက်ထက်က ဆေးခြောက်ကို ရာဇဝတ်ပြစ်မှုမြောက်တဲ့ မူးယစ်ဆေး စာရင်းကနေ ပယ်ဖျက်ပေးထားတာကို ဝန်ကြီးချုပ် ဆရတ်သာရဲ့ အစိုးရသစ်လက်ထက်မှာ မူးယစ်ဆေးဝါးစာရင်းပြန်သွင်းဖို့ စီစဉ်နေတာကြောင့် ဆေးခြောက်ချစ်တဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးဟာ ဆရတ်သာရဲ့ နေအိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေခဲ့တာ ဇူလိုင် ၁၆ ရက်မှာ ၆ ရက်ပြည့်သွားပြီဖြစ်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၇

ဒါကြောင့် အနီးအနားက အရပ်သားတွေ၊ စိတ်တူကိုယ်တူ တက်ကြွလှုပ်ရှားသူတွေက အကရာဒက်ချာကင်ဒါနဲ့ ပရာဆစ်ချိုင်နျူနျန်းတို့ကို မုန့်ကြွပ်၊ ကြက်ကြော်၊ အစရှိတဲ့ အစားအသောက်တွေ စားဖို့တိုက်တွန်းပြီး ဝယ်ကျွေးနေကြပေမယ့် ဝန်ကြီးချုပ်အနေနဲ့ ဆေးခြောက်ကို တရားဝင်အဖြစ် ဆက်သတ်မှတ်ပေးထားဖို့ မစဉ်းစားမချင်း အိမ်ရှေ့ကနေ မခွာဘဲ အုန်းရေနဲ့ ရေကိုသာသောက်ပြီး ခန္ဓာကိုယ် နောက်ဆုံးခံနိုင်ရည်ရှိတဲ့အထိ အစာငတ်ခံ ဆန္ဒပြသွားဦးမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဆေးခြောက်ချစ်သူ တက်ကြွလှုပ်ရှားသူ ပရာဆစ်ချိုင်က အရက်နဲ့ စီးကရက်တောင် တရားဝင်ထုတ်လုပ်ရောင်းချ သောက်သုံးစေတဲ့ အစိုးရက အစာစားချင်စိတ်ကို ပိုဖြစ်ပေါ်စေပြီး အကျိုးရှိတဲ့ ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် သတ်မှတ်တာ လက်မခံနိုင်ကြောင်း၊ ဆေးခြောက်ဟာ လူကိုအကျိုးရှိစေတာတွေ အများကြီး ရှိတာကို သိပ္ပံနည်းကျ မလေ့လာဘဲ ပိတ်ပင်တာ သဘာ၀မကျကြောင်း၊ အရင်လို မူးယစ် ဆေးဝါးစာရင်းပြန်သွင်းရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်တဲ့ ဥပဒေကလည်း မတရားကြောင်း ဝေဖန်ပြော ကြားသွားပါတယ်။

ထိုင်းအစိုးရသစ်က စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှုတွေ မြင့်တက်အကျိုးရှိလာချိန်မှ ဆေးခြောက်ကို မူးယစ်ဆေးစာရင်းပြန်သွင်းဖို့ စီစဉ်နေလို့ နိုင်ငံတစ်ဝန်း ဆန္ဒပြသူ ဒါဇင်နဲ့ချီပြီး ဆန့်ကျင်မှုတွေ လုပ်ခဲ့ကြပေမယ့် မထူးခြားခဲ့လို့ ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ အစာငတ်ခံဆန္ဒပြကြရင်း နောက်ဆုံး အကရာဒက်ချာကင်ဒါနဲ့ ပရာဆစ်ချိုင် တို့ ဆက်လက် အစာငတ်ခံဆန္ဒပြနေကြတာဖြစ်ပါတယ်။

Ref: france24
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now