အာစီယံဒေသတွင်း

၂၀၂၄ နဲ့ ၂၀၂၅ ဘတ်ဂျက်ကနေ ထိုင်းနိုင်ငံသား သန်း ၅၀ အတွက် ဒစ်ဂျစ်တယ်ပိုက်ဆံ ဘတ် ၅၀၀ ဘီလီယံ ထုတ်ပေးဖို့ အတည်ပြု

မဲခေါင် 17 Jul - 2024
ထိုင်းနိုင်ငံဆိုင်ရာအေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၅ ရက်နေ့က ကျင်းပ ပြုလုပ်အပြီး အစိုးရက ၂၀၂၄ နဲ့ ၂၀၂၅ နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ရနိုင်မယ့် ထိုင်းပြည်သူ သန်း ၅၀ အတွက် တစ်ယောက် ဘတ် ၁၀၀၀၀ နှုန်းနဲ့ ဘတ် ဘီလီယံ ၅၀၀ ကို ထုတ်ပေးသွားမယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၇

ထိုင်းနိုင်ငံဆိုင်ရာအေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၅ ရက်နေ့က ကျင်းပ ပြုလုပ်အပြီး အစိုးရက ၂၀၂၄ နဲ့ ၂၀၂၅ နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ရနိုင်မယ့် ထိုင်းပြည်သူ သန်း ၅၀ အတွက် တစ်ယောက် ဘတ် ၁၀၀၀၀ နှုန်းနဲ့ ဘတ် ဘီလီယံ ၅၀၀ ကို ထုတ်ပေးသွားမယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

ဒီအစီအစဉ်အစဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းရွေးကောက်ပွဲမှာ ဖွေထိုင်းပါတီ မဲဆွယ်စည်းရုံးပြီး တင်သွင်းခဲ့တဲ့ အဆိုဖြစ်ပေမယ့် နိုင်ငံဗဟိုဘဏ် အကြီးအကဲတွေက ဘဏ္ဍာရေးတာဝန်မဲ့မှုဖြစ်လို့ အရင်အစိုးရက ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် အခု ဖွေထိုင်းပါတီက အာဏာရလာပြီး ဝန်ကြီးချုပ် ဆရတ်သာကိုလည်း သူတို့ပါတီကပဲ တင်မြှောက်လို့ အစိုးရသစ်ဖွဲ့ခဲ့ပြီးနောက် ကတိအတိုင်း ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ခေါ် ဒစ်ဂျစ်တယ်ငွေကြေး ပလက်ဖောင်းကနေ ရပိုင်ခွင့်ရှိတဲ့ပြည်သူ သန်း ၅၀ ကို ထုတ်ပေးသွားဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေး ထုတ်ပေးမှုဟာ ငွေသားပေးတာမဟုတ်ဘဲ ဖုန်းထဲက ဒစ်ဂျစ်တယ်ငွေ Application မှာ ဘတ် ၁၀၀၀၀ ထုတ်ပေးသွားမှာဖြစ်ပြီး ဒီငွေသားကို သတ်မှတ်ထားတဲ့ ကိုယ်နေထိုင်ရာ ဒေသအတွင်းက စတိုးဆိုင်နဲ့ ကုန်တိုက်တွေမှာသာ လိုအပ်တဲ့ပစ္စည်းတွေကို ၆ လအတွင်း ဝယ်ဖို့ ပေးဆောင်သွားမှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရတ်သာက ဩဂုတ် ၁ ရက်နေ့မှာ ပူးပေါင်းပါဝင်မှတ်ပုံတင်မယ့် စတိုး၊ ကုန်တိုက်နဲ့ စျေးဝယ် စင်တာတွေကို ဖိတ်ခေါ် မှတ်ပုံတင်မှု စတင်မှာဖြစ်တယ်လို့လည်း ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်သွားပါတယ်။

ထိုင်း ဗဟိုဘဏ်အပါအဝင် အစိုးရအဖွဲ့အစည်းအဝေးမှာ ငွေကြေးကို အစိုးရဘဏ်တွေက ထုတ်ပေးသွားဖို့ အစီအစဉ် မဟုတ်ဘဲ ၂၀၂၄ စတုတ္ထသုံးလပတ်ဘတ်ဂျက်ရယ် ၂၀၂၅ ခုနှစ်အတွင်း အစိုးရအသုံးစားရိတ် ဘတ်ဂျက်ထဲကနေ ပေးသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း အတည်ပြု ထုတ်ပြန်သွားပါတယ်။

ဒါကြောင့် ထိုင်းပြည်သူ သန်း ၅၀ အတွက် စုစုပေါင်း ထုတ်ပေးသွားမယ့် ငွေပမာဏဟာ ဘတ် ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၈ ဘီလီယံ) ရှိပြီး အစိုးရဘတ်ဂျက်ထဲကနေ ပေးဖို့ လောက်ငှတဲ့ ငွေဖြစ်လို့ ၂၀၂၄ နှစ် ကုန်ပိုင်းမှာ စတင်ပေးသွားနိုင်ဖို့ မျှော်လင့်ထားကြောင်း ထိုင်းဘဏ္ဍာရေးဒုဝန်ကြီး ဂျူလာပန်က မီဒီယာတွေနဲ့ တွေ့ဆုံပြောကြား သွားခဲ့ပါတယ်။

Ref: vnexpress
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now