မဲခေါင်၊ မေ ၃
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။
တစ်နေ့အနိမ့်ဆုံးလုပ်ခ တိုးပေးခြင်းအားဖြင့် အာဆီယံ ဒုတိယ စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံ ထိုင်းအတွက် စားသုံးမှု နှုန်း ပိုမိုမြင့်တက်လာပြီး နိုင်ငံ စီးပွားရေး ပြန်လည်မြင့်တင်နိုင်စေဖို့လည်း မူဝါဒချမှတ်တိုးပေးတာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝက်ချာရွန်ကီကထုတ်ပြန်သွားတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ ၂၀၂၂ ခုနှစ်မှာ တစ်နေ့အနိမ့်ဆုံးလုပ်ခကို ၅ . ၂ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့ပြီး မနှစ်က တစ်ရက် ဘတ် ၃၃၀ ကနေ ၂ . ၃၇ ရာခိုင်နှုန်း (ဘတ် ၃၇၀) အထိ တိုးပေးခဲ့ပါသေးတယ်။
လက်ရှိ ဖွေထိုင်းပါတီ တင်တဲ့ ဝန်ကြီးချုပ် ဆရတ်သာအစိုးရက အောက်တိုဘာမှာ တစ်ရက်အနည်းဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးပေးခဲ့တဲ့ အပြင် ၂၀၂၇ ခုနှစ်မှာ ဘတ် ၆၀၀ အထိ တိုးပေးသွားဖို့ ကတိပြုထားပါတယ်။
ဒါပေမဲ့လည်း အနိမ့်ဆုံးတစ်ရက်လုပ်ခတိုးပေးမှုတွေကို နိုင်ငံတစ်ဝန်း အလုပ်နယ်ပယ်တိုင်းအတွက် ချက်ချင်း တိုးပေးနိုင်တာမျိုးမဟုတ်ဘဲ နိုင်ငံဝင်ငွေအတွက် အဓိကကျတဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းက ကြယ် ၄၊ ၅ ပွင့်အထက် ဟိုတယ်ဝန်ထမ်းတွေကို စတင်တိုးပေးသွားမှာဖြစ်ပြီး ကျန်နယ်ပယ်တွေကို အဆင့်ခွဲသတ်မှတ်ပြီး ရာခိုင်နှုန်းနဲ့အချိန်အပိုင်းအခြားအရသာ တိုးမြှင့်သွားမယ်လို့ သိရပါတယ်။
Ref: investing
MKF-001








