မဲခေါင်၊ မတ် ၁၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် ဦးထွန်းထွန်းလင်း ဆိုသူနဲ့ ဖခင်ဖြစ်သူ ဦးထွန်းရွှေ တို့ မတ်လ ၈ ရက်နေ့က ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
မတ္တရာနယ်၊ ဆည်တော်လေးကျေးရွာမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ဦးထွန်းထွန်းလင်း ကို အမည်မသိ သေနတ်သမား ၆ ဦးက ဆိုင်ကယ် ၃ စီးနဲ့ မတ်လ ၈ ရက်က လာရောက်ပစ်ခတ်ရာ ထွက်ပြေးပေမဲ့ ဆိုင်ရှေ့ ကိုက် ၅၀ အကွာမှာ ကျည်ဆံ ၃ ချက်မှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ အမည်မသိ သေနတ်သမား ၆ ဦးဟာ ဆည်တော်လေးကျေးရွာက ဦးထွန်းထွန်းလင်း နေအိမ်မှာ ပြည်သူ့စစ် အဖွဲ့ဝင်တွေ အတွက် စစ်ကောင်စီ ထုတ်ပေးထားတဲ့ လက်နက် သွားရှာရာမှာ ဖခင် ဖြစ်သူ ဆည်မြောင်း ဝန်ထမ်းဟောင်း ဦးထွန်းရွှေ က လက်နက်ယူဆောင် ထွက်ပြေးလို့ လိုက်လံ ပစ်ခတ်လို့ သေနတ် ဒဏ်ရာ ၂ ချက်ထိမှန်ပြီး နေအိမ် အနောက်ဘက်မှာ သေဆုံးနေတယ်လို့ သိရပါတယ်။
သေနတ်သမားတွေက ပြည်သူ့စစ်အဖွဲ့ဝင်တွေ အတွက် ထုတ်ပေးထားတဲ့ သေနတ်နဲ့ ကျည်တွေကို ဦးထွန်းရွှေ ထံကနေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်တပ် ဝါဒဖြန့် မီဒီယာတွေကတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ လက်ချက်လို့ စွပ်စွဲပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
MK-007