မဲခေါင်၊ ဖေဖော်ဝါရီ ၉
ပေါက်မြို့နယ်၊ ဖလံကိုင်းဘက်ကနေပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူဖို့ ကင်းပုန်းလာစောင့်တဲ့ တွင်းမပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီနေ့မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မနက် ၇နာရီခွဲလောက်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂) -ဂဠုန်နဲ့ အလင်းတန်းပြောက်ကျားတပ်ဖွဲတို့ တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ဦး သေစေနိုင်လောက်တဲ့ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မနက် ၉နာရီခွဲခန့်ကလည်း ကမ္မကနေ သရက်ကန်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို စုံစမ်းနေတယ်လို့ မြိုင်ပကဖ က ဆိုပါတယ်။
မနက် ၁၁နာရီခန့်မှာ ဖလံကိုင်းက ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂) -ဂဠုန်၊ အလင်းတန်းပြောက်ကျားတပ်ဖွဲတို့ ပူးပေါင်းရာမှာ မိုင်းခွဲမရတာကြောင့် ဒရုန်းနဲ့ အီနာဂါချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီး စစ်ကောင်စီနဲ့ ပျူစောထီး စစ်ဆေးရေးဂိတ်ဟာ ခရီးသွားကားတွေဆီကနေ ငွေကြေးအတင်းအဓ္ဓမ ကောက်ခံနေတာကြောင့် မြိုင် ပကဖ တပ်ရင်း(၁)၊ YSO Urban Underground Revolution Force၊ 27 Revolution Force၊ Black Cobra နဲ့ Black Cheetah အဖွဲတို့ပူးပေါင်းပြီး အီနာကာ ၈လုံးချကျဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
#MeKongNews
#မြိုင်ပကဖ
#စစ်ကောင်စီ
#ပျူစောထီး