မဲခေါင်၊ မတ် ၂၇
အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ဒီမိုကရေစီ အပေါ်မှာ သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဘယ်နိုင်ငံ အစိုးရကမှ ခွင့်ပြုမှာ မဟုတ်တဲ့ အပြင် ဒီမိုကရေစီကို အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ရရှိမှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ် အနေနဲ့ ဆူပူမှုတွေနဲ့သာ ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ အကြမ်းဖက် သမားတွေက အပစ်မဲ့ ပြည်သူတွေ၊ စစ်ရေး ပစ်မှတ် မဟုတ်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတယ်လို့ ပြောပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းခဲ့တဲ့ NUG ကတစ်ဆင့် ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ အဲ့ဒီ အဖွဲ့တွေကို ကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေက နိုင်ငံ အပေါ်မှာ ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုပါတယ်။
အခုလို လုပ်ရပ်တွေကြောင့် NUG နဲ့ အခြား အကြမ်းဖက် အဖွဲ့အစည်းတွေ သူတို့ကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ထပ်လောင်း ပြောဆိုပါတယ်။
စစ်အာဏာသိမ်း ၂ နှစ် ကာလ အတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အပစ်မဲ့ ပြည်သူ ၃,၁၆၀ ဦး သေဆုံးထားပြီး ဖမ်းဆီခံထားရသူ ၂၀,၈၄၆ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။
MK-006
#MeKongNews
#မင်းအောင်လှိုင် #NUG/PDF #အကြမ်းဖက်