နေ့စဥ်သတင်း

ဟတ်ရိုင်တွင် ဘတ် ၇ သန်းဖိုး ရွှေများ ဓားပြတိုက်သွားသူ မလေးရှားသားမှာ ရာဇဝတ်မှုများစွာ ကျူးလွန်ထားသူဖြစ်၊ ဆုကြေး ဘတ် ၁ သိန်းထုတ်

မဲခေါင် 10 Apr - 2025
မဲခေါင်၊​ ဧပြီ ၁၀ ဧပြီ ၈ ရက်နေ့က ထိုင်းနိုင်ငံ ဟတ်ရိုင်ခရိုင် Thai Udom 2 ရွှေဆိုင်ကို အသက် ၆၁ နှစ်ရှိပြီဖြစ်သော မလေးရှားနိုင်ငံသား Yee Bun Long ဓားပြတိုက်ကာ ဘတ် ၇ သန်းတန် ရွှေဆွဲကြိုးများယူဆောင်သွားပြီး ၎င်းမှာ ယခင်ကာလရှည်ကြာ ရာဇဝတ်မှုခင်းပေါင်းများစွာ ကျူးလွန်ခဲ့သည့် မှတ်တမ်းရှိသူဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးနိုင်ပါက ဆုတော်ငွေဘတ် ၁ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း အမှတ် (၉) ဒေသ ရဲတပ်ဖွဲ့က ကြေညာသွားခဲ့သည်။ သေချာစီစဉ်ကာ ပစ်မှတ်ထား ဓားပြတိုက်ခဲ့သော Thai Udom 2 ရွှေဆိုင်၏ မျက်နှာချင်းဆိုင်ရှိ Thai Yindee

မဲခေါင်၊​ ဧပြီ ၁၀

ဧပြီ ၈ ရက်နေ့က ထိုင်းနိုင်ငံ ဟတ်ရိုင်ခရိုင် Thai Udom 2 ရွှေဆိုင်ကို အသက် ၆၁ နှစ်ရှိပြီဖြစ်သော မလေးရှားနိုင်ငံသား Yee Bun Long ဓားပြတိုက်ကာ ဘတ် ၇ သန်းတန် ရွှေဆွဲကြိုးများယူဆောင်သွားပြီး ၎င်းမှာ ယခင်ကာလရှည်ကြာ ရာဇဝတ်မှုခင်းပေါင်းများစွာ ကျူးလွန်ခဲ့သည့် မှတ်တမ်းရှိသူဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးနိုင်ပါက ဆုတော်ငွေဘတ် ၁ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း အမှတ် (၉) ဒေသ ရဲတပ်ဖွဲ့က ကြေညာသွားခဲ့သည်။

သေချာစီစဉ်ကာ ပစ်မှတ်ထား ဓားပြတိုက်ခဲ့သော Thai Udom 2 ရွှေဆိုင်၏ မျက်နှာချင်းဆိုင်ရှိ Thai Yindee ရွှေဆိုင်ကိုလည်း Yee Bun Long သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က ဓားပြတိုက်ခဲ့သေးပြီး ဘတ် ၂.၃ သန်းတန် ရွှေဆွဲကြိုးများ ယူဆောင်သွားခဲ့သေးကြောင်း၊ ၂၀၁၇ ဇန်နဝါရီ ၂၄ ရက် တွင် ၎င်းကို ဖမ်းဆီးရမိကာ ထောင်တွင်း ၁၈ လ နေထိုင်ပြီး ပြန်လွှတ်သွားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် မေ ၂၂ ရက်နေ့က ဆောင်ခလာခရိုင်၊ ခို့ယော်ရွာ နေအိမ်တစ်လုံး၌ ထိုင်းနိုင်ငံသား ညီအစ်ကိုနှစ်ဦး သတ်ဖြတ်ခံရမှုတွင်လည်း Yee Bun Long သည် သံသယတရားခံဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မလေးရှားနိုင်ငံအတွင်းရှိ ပီနန်းပြည်နယ်တွင်းရှိ ဘတ်တားဝေါ့သ်မြို့ ဆီဘာရန်းပါရိုင်းအရပ်မှ ရွှေဆိုင်ကိုလည်း ဓားပြတိုက်ခဲ့ပြီး ထိုင်းသို့ မထွက်ပြေးမီ မလေးရှားနိုင်ငံအတွင်း ရွှေဆိုင်ဓားပြတိုက်မှုမှလည်း ဘတ် သန်း ၅၀ ကျော် ရယူသွားသူဖြစ်သည်ဟု သိရှိရသည်။

ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုတွင် Yee Bun Long သည် မလေးရှားရဲတပ်ဖွဲ့ အထူးအလိုရှိသူဖြစ်နေပြီး ၎င်းအမည်နှင့်ပတ်သက်ပြီး လုပ်ကြံသတ်ဖြတ်ခံရမှုပေါင်း ၁၀ ဦးမက ရှိနေခဲ့ကြောင်းနှင့် ထိုင်းသို့ရောက်ပြီးနောက် ချင်းမိုင်ရှိ ချိုင်ပရာကန်အရပ်၌ ဘတ် ၂၅၀၀၀၀ ပေးပြီး ထိုင်းမှတ်ပုံတင်အတု ကိုင်ဆောင်ကာ ထိုမှတ်ပုံတင်တွင် အမည်အားဖြင့် Anucha Saeyow သို့ ပေးထားသူဖြစ်သည်ဟုလည်း သိရှိရသဖြင့် ဟတ်ရိုင်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိနိုင်လျှင် ဘတ် ၁ သိန်း ပေးမည်ဟု ဆုတော်ငွေပါကြေညာခဲ့ခြင်းဖြစ်သည်။

ကိုကလင်း
Ref:Khaosodenglish
#MeKongNews
#ဟတ်ရိုင်
#ရွှေဆိုင်
#ဓားပြတိုက်
#မလေးရှားနိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now