မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ် လားရှိုးမြို့နယ်၊ တပ်မဟာ ၆ စစ်ဒေသမှာရှိတဲ့ မိုင်းကျက်တပ်စခန်းကို ရှင်းလင်းသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ အလောင်းမြှုပ်နှံထားတဲ့နေရာ ၅၀ ကျော်ကိုတွေ့ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်ပါတယ်။
မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ စတင်တိုက်ခိုက်ခဲ့ရာ သီတင်းပတ် ၄ ပတ်ကြာပြီးနောက် မနေ့က နိုဝင်ဘာ ၂၄ ရက် မနက် ၁၂ နာရီမှာ တအာင်းတပ်မတော် က ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ တပ်စခန်းထဲမှာ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်ပေါင်းများစွာ၊ စစ်ကောင်စီတပ်သား အလောင်းမြှုပ်နှံထားတဲ့ နေရာ ၅၀ ကျော်နဲ့ စစ်အသုံးအဆောင်တွေများစွာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းကို တိုက်ခိုက်နေစဉ်အတွင်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု Jet Fighter နဲ့ ၉၅ ကြိမ်၊ Y8/ Y12 လေယာဉ်နဲ့ ၁၂ ကြိမ်၊ Mi 35 နဲ့ ၁၅ ကြိမ်၊ Mi 17 နဲ့ ၁၅ ကြိမ်ထက်မနည်း အသုံးပြုခဲ့တယ်လို့ PSLF/ TNLA က ဆိုထားပါတယ်။
MK – 009
#MeakongNews
#မိုင်းကျက်
#TNLA
#ရှင်းလင်း
#ဟောင်ဝှစ်ဇာ