မဲခေါင်၊ အောက်တိုဘာ ၂၃
ရှမ်းတောင် ဒေသတွင်းက ရေဘေးကြောင့် စိုက်ခင်းတွေ ပျက်စီးကုန်ပြီး အထွက်နည်းလို့ အောင်ပန်းမှာ ကုန်စိမ်းတွေ စျေးအရမ်းတက်နေတယ်လို့ သိရပါတယ်။
လတ်တလောစျေးတက်နေတဲ့ ကုန်စိမ်းတွေကတော့ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်၊ ရွှေပဲ၊ ဘိစား၊ ငရုပ်ပွ၊ ခရမ်းသီးနဲ့ မုံညင်းတို့ဖြစ်တယ်လို့ အောင်ပန်း ကုန်ဒိုင်ကပြောပါတယ်။
“စျေးအရမ်းတက်တဲ့ထဲမှာ မုံညင်းကအတက်ဆုံးပဲ၊ အရင် ၁ ပိဿာ ၄၀၀ လောက်ကို ၆၅၀၀ ကနေ ၇၅၀၀ လောက်အထိ တက်နေတာ၊ ကျန်တာတွေလဲ အနည်းဆုံး ၈၀၀၊ ၁၀၀၀ တက်တယ်”လို့ အောင်ပန်း ကုန်စည်ဒိုင်တစ်ဦးက ပြောပါတယ်။
ရေဘေးကြောင့် စိုက်ခင်းတွေပျက်ကုန်လို့ အထွက်နည်းပြီး ရန်ကုန်က အဆွဲများတာတွေကြောင့် စျေးကွက်အဝင်နည်းနေလို့ စျေးတက်တာဖြစ်ပြီး နောက် ၂ လလောက်အတွင်း ပစ္စည်းအဝင်များလာရင် စျေးကျလာမယ်လို့ ပြောပါတယ်။
အလားတူ အထွက်နည်းသွားတဲ့ အာလူးနဲ့ ဂေါ်ဖီထုပ်၊ ပန်းပွင့်တွေဟာလဲ ၃ လ တစ်ခါထွက် ကုန်စိမ်းတွေဖြစ်တဲ့အတွက် နောက်တစ်ရာသီပေါ်တဲ့အခါ ပြန်စျေးကျလာမယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။
စျေးကွက်မှာ စျေးပုံမှန်ဖြစ်နေတဲ့ ကုန်စည်တွေကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့နနွင်းတက် တွေဖြစ်ပြီး ရေဘေးအတွင်း ကြက်သွန်ပိဿာ သိန်းချီဆုံးရှုံးရတဲ့ ပွဲရုံတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စျေးလုံးဝမတက်ပဲ ခွက်ပျောက်နေတဲ့ကုန်စည်ကတော့ ဂျင်းဖြစ်ပြီး အဓိကဆွဲတဲ့ ဘဂ်လားဒေ့ရှ် Export မရှိတာနဲ့ ပြည်တွင်းက အခြားလမ်းကြောင်းတွေ မပို့နိုင်လို့ လို့ သိရပါတယ်။
ပြီးတော့ အင်းလေးရေကြီးသွားလို့ အထွက်နည်းသွားတဲ့ ခရမ်းချဉ်ကတော့ ၅၀၀၀က နေ ၈၀၀၀ ကျပ်အထိ အစားစား ဖြစ်နေတာလို့ သိရပါတယ်။
လက်ရှိ တိုင်းပြည်အခြေအနေကြောင့် ကုန်သွယ်လမ်းကြောင်းတွေ မပွင့်တာ၊ နိုင်ငံခြားငွေ၊ စက်သုံးဆီ၊ ရာသီဥတု၊ အခွန်းနှုန်းစတာတွေကြောင့် နောက်၂ နှစ်အတွင်း အများကြီး စီးပွားဖြစ် ပုံအောပြီး မစိုက်ပျိုးသင့်ပဲ အနည်းငယ်သာ စိုက်ပျိုးသင့်တဲ့ ကုန်စည်တွေအနေနဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ပြောင်းဆံ CP၊ ပဲစင်းငုံ၊ ပဲကြီး၊ ငရုတ်သီးစိမ်း၊ မြေပဲကြား၊ နှမ်းတို့ကို ညွှန်းတယ်လို့ ဆိုပါတယ်။
ချိန်ဆပြီး မှ စိုက်ပျိုးသင့်သော ကုန်စည်တွေအနေနဲ့ကတော့ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းပွင့်၊ မုံညှင်း၊ အာလူး တို့ဖြစ်တယ်လို့ သိရပါတယ်။
MK-012








