စီးပွားရေး

တောင်ကြီးမှာ ရွှေဆိုင်တွေက စစ်ကောင်စီ ဖြတ်တဲ့စျေးနှုန်းနဲ့ ဝယ်ယူနေပြီး အရောင်းကို ဒေါ်လာအတက်စျေးနဲ့ ပြန်ရောင်းချနေ

မဲခေါင် 26 Jun - 2024
တောင်ကြီးမြို့၊ မြို့မစျေးနဲ့ အနီးတဝိုက်က ရွှေဆိုင်တွေဟာ ‌ရွှေရောင်းချလိုသူတွေကို စစ်ကောင်စီဖြတ်တဲ့စျေးနှုန်းနဲ့ ဝယ်ယူနေပြီး ပြန်လည်ရောင်းချရာမှာတော့ ဒေါ်လာအတက်စျေးနဲ့ ရောင်းချနေတယ်လို့ ပန်းတိမ်လုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၆

မေလ နောက်ဆုံးပတ်အတွင်း ရွှေနဲ့ ဒေါ်လာစျေးတွေ စံချိန်တင်မြင့်တက်လာတာကြောင့် စစ်ကောင်စီက ရွှေစျေးကို သူတို့သတ်မှတ်စျေးနဲ့ ရောင်းချ/ဝယ်ယူရမယ်လို့ ထိန်းချုပ်ထားပေမယ့် ရွှေဆိုင်တွေဘက်ကတော့ ၄၅ သိန်းကျပ်နဲ့ ဝယ်ယူနေပြီး ၅၃ သိန်းကျပ်နဲ့ ပြန်လည်ရောင်းချနေတာပါ။

“ပုံမှန်ဆိုရင် အလျော့စျေးက ၅ သောင်း၊ ၁ သိန်းလောက်ပဲ ကွာတာလေနော်။ အခုက အရောင်းတစ်မျိုး အဝယ်တစ်မျိုးဆိုတော့ ၈ သိန်းလောက် နာသွားတာပေါ့။ မတွက်တတ်တဲ့သူတွေ ခံရမှာစိုးလို့ စေတနာနဲ့ပြောပေးတာ” လို့ ရွှေရောင်းချခဲ့သူတစ်ဦးက ပြောပါတယ်။

အခုလို ရောင်းစျေးနဲ့ ဝယ်စျေး မတန်တဆကွာဟပြီး ရောင်းချနေတဲ့ရွှေဆိုင်တွေဟာ တောင်ကြီးမြို့မှာ ၁၀ ဆိုင်ထက်မနည်းရှိပြီး ရွှေစျေးစံချိန်တင်တက်လာတုန်းကလည်း အရောင်းရပ်ဆိုင်းကာ အဝယ်သီးသန့်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရွှေဆိုင်တွေကို သတ်မှတ်စျေးနှုန်းနဲ့ ရောင်းချနေတာမျိုးရှိမရှိ လှည့်လှည် စစ်ဆေးနေပေမယ့် ရွှေဆိုင်တွေက အဝယ်စျေးနှုန်းကိုသာ လိုက်နာပြီး အရောင်းကို ဒေါ်လာစျေးအပေါ် မူတည်ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။

“စာရေးမတွေကတော့ မျက်နှာခပ်မာမာပဲ။ အစက ပိုင်ရှင်မသိဘဲ စာရေးမတွေ လုပ်တယ်ထင်နေတာ။ ဆိုင်ရှင်သွားမေးလိုက်တော့မှ သူကပါ အဲ့ဒီစျေးအတိုင်း ပြောလာတယ်” လို့ အခုရက်ပိုင်းအတွင်း ရွှေဆိုင်သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ဆန်ဆိုင်တွေရဲ့ ဂို‌ဒေါင်တွေကိုလည်း သူတို့သတ်မှတ်နှုန်းထက် ဆန်အိတ်အရေအတွက် ပိုရောင်းချနေတာမျိုး ရှိ/မရှိ စစ်ဆေးနေတာကြောင့် ဆန်ဆိုင်အများစုက ဆန်အိတ်တွေကို နေရာရွှေ့ထားရတယ်လို့ စုံစမ်းသိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now