မဲခေါင်၊ မတ် ၁၃
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီဟာ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ် ဖျက်ဆီးနေတယ်လို့ PNLA က မတ်လ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၁ ရက် မနက် ၆ နာရီကနေ ၁၁ နာရီထိ ဆီဆိုင်မြို့တွင်းကို လက်နက်ကြီးချက်ရေ ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို နေ့လည် ၂ နာရီကနေ ၄ နာရီထိ ဆီဆိုင်မြို့ရဲ့မြောက်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နေ့စဉ် ဆီဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာတွေကြောင့် ဆီဆိုင်မြို့မဈေးလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီဟာ မဲနယ်တောင်ဒေသကို လက်နက်ကြီး ချက်ရေ ၂၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီက ကုလသမဂ္ဂနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေက အပြောမဟုတ်ဘဲ လက်တွေ့ထိထိရောက်ရောက် အရေးယူဖို့လိုအပ်နေတယ်လို့ဖော်ပြ ပါရှိပါတယ်။
MK-012