စစ်ရေးသတင်း

“ဝ”တပ်ဖွဲ့တပ်စွဲထားတဲ့ နယ်စပ်စခန်း ၉ ခု ဆုတ်ခွာပေးဖို့ ထိုင်းဘုရင့်တပ်မတော် နယ်စပ်ရေးရာဗိုလ်ချုပ် ကိုယ်တိုင် ၃ကြိမ်လာရောက်ဆွေးနွေးပေမယ့် ညှိနှိုင်းမရလို့ ထိုင်းဘက်က စစ်ရေးပြင်

မဲခေါင် 26 Nov - 2024
UWSA “ဝ”တပ်ဖွဲ့ စစ်ဒေသ ၁၇၁ တပ်စွဲထားတဲ့နေရာတွေ ၉ နေရာကို ပြန်လည်ဆုတ်ခွါပေးဖို့ ထိုင်းဘုရင့်တပ်မတော်၊ စစ်ဘက်နယ်စပ်ရေးရာဌာန လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ယုသာဖူမိ ဘူယာရစ် ကိုယ်တိုင် မြန်မာနိုင်ငံဘက်ကို ၃ကြိမ်တိုင်တိုင် လာရောက်ဆွေးနွေးခဲ့ပေမယ့် ညှိနှိုင်းလို့မရတာကြောင့် ထိုင်းနိုင်ငံဘက်က စစ်ရေးပြင်နေတာဖြစ်တယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

“ဝ”တပ်ဖွဲ့တပ်စွဲထားတဲ့ နယ်စပ်စခန်း ၉ ခု ဆုတ်ခွာပေးဖို့ ထိုင်းဘုရင့်တပ်မတော် နယ်စပ်ရေးရာဗိုလ်ချုပ် ကိုယ်တိုင် ၃ကြိမ်လာရောက်ဆွေးနွေးပေမယ့် ညှိနှိုင်းမရလို့ ထိုင်းဘက်က စစ်ရေးပြင်

မဲခေါင် ၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံထိစပ်နေတဲ့ နေရာတွေက UWSA “ဝ”တပ်ဖွဲ့ စစ်ဒေသ ၁၇၁ တပ်စွဲထားတဲ့နေရာတွေ ၉ နေရာကို ပြန်လည်ဆုတ်ခွါပေးဖို့ ထိုင်းဘုရင့်တပ်မတော်၊ စစ်ဘက်နယ်စပ်ရေးရာဌာန လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ယုသာဖူမိ ဘူယာရစ် ကိုယ်တိုင် မြန်မာနိုင်ငံဘက်ကို ၃ကြိမ်တိုင်တိုင် လာရောက်ဆွေးနွေးခဲ့ပေမယ့် ညှိနှိုင်းလို့မရတာကြောင့် ထိုင်းနိုင်ငံဘက်က စစ်ရေးပြင်နေတာဖြစ်တယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

ထိုင်းဘုရင်တပ်မတော်က ဗိုလ်ချုပ်က မြန်မာနိုင်ငံ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်နယ်ထဲအထိ ၃ကြိမ်တိုင် လူကိုယ်တိုင်လာရောက်ဆွေးနွေးရာမှာ မြန်မာစစ်တပ်နဲ့ “ဝ”တပ်ဖွဲ့ဘက်က အပြန်အလှန် လွှဲချနေပြီး ညှိနှိုင်းနိုင်ခြင်းမရှိတာကြောင့် ထိုင်းဘက်က စစ်ရေးနဲ့ တိုက်ဖို့အထိ အခြေအနေတင်းမာနေတာလို့ မိုင်းဆတ်နယ်မြေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

“ဘုရင်ကိုယ်တိုင်က တောင်းလို့မရရင် တိုက်ဆိုပြီး ဘုရင့်အနီးကပ် နန်းတော် တော်ဝင်တပ်က ဗိုလ်ချုပ်ကြီးတစ်ယောက်ကို ညွှန်ကြားထားတယ်။ ထိုင်းဘက်က အခြေအနေအတော်တင်းမာနေတာ။ သူတို့ဘက်က အစည်းအဝေးတိုင်း တောင်းတာ၊ အဲ့ဒီဗိုလ်ချုပ်ကိုယ်တိုင်လဲ မြန်မာဘက်ကိုလာကြည့်သွားတယ်”လို့ သူကကိုပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ထိစပ်နေတဲ့ နေရာတွေထဲက “ဝ”တပ်ဖွဲ့ UWSA တပ်စွဲထားတဲ့နေရာတွေကို ထိုင်း-မြန်မာ နယ်ခြားမကော်မတီ(TBC)နဲ့ ဒေသဆိုင်ရာ နယ်ခြားကော်မတီ(RBG) အစည်းအဝေးအဆင့်ဆင့်မှာ ထိုင်းဘက်က စစ်စခန်းတွေဆုတ်ပေးဖို့ စစ်ကောင်စီထံကို အကြိမ်ကြိမ်ဆွေးနွေး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ထိုင်းဘုရင့်တပ်မတော်က တာဝန်ရှိသူတွေနဲ့ “ဝ”တပ်ဖွဲ့ UWSA က အရာရှိတွေဟာ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်က ချင်းမိုင်မြို့မှာလည်း အစည်းအဝေးပြုလုပ်ထားပြီး ထိုင်းဘက်ကတောင်းဆိုတာကို “ဝ”တပ်ဖွဲ့ဘက်က ပန်ဆန်းဌာနချုပ်ကို ပြန်လည်တင်ပြထားတယ်လို့ သိရပါတယ်။

“ဝ”ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသထဲမှာရှိတဲ့ စစ်စခန်း ၉ ခုကို ထိုင်းဖက်က ဖယ်ရှားခိုင်းတာ မှန်ကန်ပြီး ထိုင်းဘက်က အင်အားတိုးတယ်လို့ သိရကြောင်း “ဝ” တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်းက Wa News Land သတင်းဌာနကို ပြောထားပါတယ်။

ဒီလိုကိစ္စမျိုးဟာ “ဝ”တပ်ဖွဲ့နဲ့တင်မပြီးတာကြောင့် နိုင်ငံတော်ခေါင်းဆောင်ပိုင်း (စကစခေါင်းဆောင်ပိုင်း) ကို အကြောင်းကြားထားတယ်လို့ ဦးညီရမ်းက ပြောကြောင်း Wa News Land မှာ ဖော်ပြထားပါတယ်။

UWSA “ဝ”တပ်ဖွဲ့က တောင်ပိုင်း စစ်ဒေသ ၁၇၁ ဖွဲ့စည်းပြီး မိုင်းဆတ်မြို့နယ်ကနေ မိုင်းတုံမြို့နယ်တစ်လျောက် ဝမ်ဟုန်၊ ဟွေအော၊ ပုံပါကျင်နဲ့ နယ်ခြားအမှတ် BP1 တစ်လျောက် ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေမှာ စစ်စခန်းတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံနယ်စပ် မိုင်းတုံမြို့နယ်အတွင်းက UWSA “ဝ”တပ်ဖွဲ့က တပ်စွဲထားတဲ့ စစ်စခန်းတွေထဲမှာ ဗမာကွန်မြူနစ်ပါတီ ခေတ်ကတည်းက စစ်ဒေသ ၁၇၁ အဖြစ်သတ်မှတ်ပြီး တပ်စွဲထားတဲ့ စစ်စခန်းတွေရှိသလို ၂၀၀၁ ခုနှစ် RCSS ရှမ်းတပ်ဖွဲ့ တပ်စွဲထားတဲ့ စစ်စခန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းအထိုင်ချထားတဲ့ နေရာတွေလဲရှိပါတယ်။

MK-002
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now