မဲခေါင်၊ ဖေဖော်ဝါရီ ၁
ရုရှားသမ္မတပူတင်အတွက် ဒေါသထွက်ပေါက်ကွဲစရာ ဆုံးရှုံးမှုအဖြစ် ယူကရိန်းလက်ချက်ကြောင့် ပေါင်သန်း ၄၀ တန် SU-34 မဟာဗျူဟာ ဗုံးကျဲလေယာဉ်တစ်စီး မီးလောင်ပေါက်ကွဲပျက်စီးသွားခဲ့ရပြန်ပါတယ်။
ဇန်နဝါရီ လဆန်းပိုင်းကပဲ ယူကရိန်းရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဇော့ပင်လယ်ပေါ်မှာ ပျံသန်းနေတဲ့ ရုရှားရဲ့ ပေါင်သန်း ၂၆၀ တန် စပိုင်လေယာဉ်နဲ့ ပေါင်သန်း ၃၀ တန် ဗုံးကျဲလေယာဉ် ၂ စီး မီးလောင်းပေါက်ကွဲခဲ့ရပြီး အခုလည်း ဇန်နဝါရီ ၃၀ ရက်မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူးဟန့်ခ်စ်ဒေသပေါ် ပျံသန်းတဲ့ SU-34 ဗုံးကျဲလေယာဉ်ကို ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့ကြောင်း မီးလောင်ပေါက်ကွဲနေတဲ့ ရုပ်သံမှတ်တမ်းတွေနဲ့တကွ ယူကရိန်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ အန်ဒရေးကိုဗယ်လ်ယော့ဗ်က ထုတ်ပြန်သွားပါတယ်။
ဒီလေယာဉ် ပေါက်ကွဲပျက်ကျမှုမှာ လေယာဉ်ပေါ်ပါသူတွေ သေဆုံးမှုအခြေအနေကိုတော့ မသိရဘဲ အခုမှသာ ရုရှားရဲ့ SU-34 လေယာဉ်ပျက်ကျတာမဟုတ်ဘဲ အစင်းပေါင်းများစွာ ပစ်ချခံခဲ့ရပြီးဖြစ်ပါတယ်။ ယူကရိန်းတပ်တွေ ရဲ့ တိုက်ခိုက်မှုကြောင့် ဝေဟင်ပေါ်ပျံနေတဲ့ ရုရှားလေယာဉ်တွေသာမက လေယာဉ်ကွင်းမှာ ဆိုက်နားထားတဲ့ စစ်လေယာဉ်များစွာ ပျက်စီးခဲ့ရပြီး ယူကရိန်းဘက်က ထုတ်ပြန်မှုအရ ကျူးကျော်စစ်ကာလအတွင်း ရုရှား လေယာဉ်ပေါင်း ၃၃၂ စင်း ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ တစ်ဆက်တည်းဆိုသလို ရုရှားဘက်က ယူကရိန်းနိုင်ငံ Zmiiv ဒေသကို အီရန်ထုတ် Shahed-type ကာမီကာဇီ ဒရုန်း ၆ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လူနေအဆောက်အအုံတွေ ပျက်စီးမီးလောင်မှုတွေ ရှိခဲ့ကြောင်း၊ ရုရှားက ယူကရိန်းရဲ့ ဆီသိုလှောင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုပေမယ့် တကယ် တမ်းလူနေအိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်လို့ ၅၂ နှစ်နဲ့ ၆၁ နှစ်အရွယ် စက်ရုံလုပ်သားအမျိုးသား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း Zmiiv မြို့တော်ဝန်က ထုတ်ပြန်သွားပါတယ်။
Ref:Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ပစ်ချ