မဲခေါင်၊ ဧပြီ ၃
ဧပြီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်မှာ ပြင်းအား ၇ . ၄ ရှိတဲ့ အင်အားပြင်းငလျင်တစ်ခု ထိုင်ဝမ် ကျွန်းအရှေ့ဘက်ခြမ်းမှာ လှုပ်ခတ်သွားလို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရကြောင်း သိရှိရပါတယ်။
ငလျင်ဟာ ဟွာလီယန်မြို့တောင်ဘက် ၁၈ ကီလိုမီတာ (၁၁ မိုင်) အကွာ အနက် ၃၄ . ၈ ကီလိုမီတာ (၂၁ မိုင်) ကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပြီး တိုက်တာအဆောက်အအုံတွေ ပြိုလဲကုန်လို့ သမ္မတ ဆိုင်အင်းဝမ်ကိုယ်တိုင် စစ်တပ်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အားချင်းလုပ်ဆောင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ကျွန်းမြောက် ဘက်ပိုင်းဒေသတွေမှာ မြေပြိုမှုတွေရှိသလို ဆူနာမီလှိုင်းအသေးတွေလည်း ရိုက်ခတ်လာခဲ့လို့ ဆူနာမီ သတိပေး ချက်ထုတ်ပြန်ပြီး ကမ်းခြေဒေသက ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းခိုင်းထားရပါတယ်။
ဆူနာမီငလျင်လှိုင်းငယ်တွေဟာ ဂျပန်အနောက်တောင်ပိုင်း ကမ်းခြေဒေသတွေကိုလည်း ရိုက်ခတ်လာပြီး ဖိလစ်ပိုင် ကျွန်းစုတွေမှာလည်း ဆူနာမီဖြစ်လာနိုင်လို့ သတိပေးချက်တွေထုတ်ပြန်ပြီး ပိုမြင့်တဲ့ နေရာတွေဆီ ရွှေ့ ပြောင်းနေကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
အခုလှုပ်ခတ်သွားတဲ့ ငလျင်ဟာ ၁၉၉၉ နောက်ပိုင်း ထိုင်ဝမ်မှာ အကြီးမားဆုံး လှုပ်ခတ်တဲ့ ငလျင်ဖြစ်ပြီး သေဆုံး ပျက်ဆီးမှုအနေအထားကိုတော့ မထုတ်ပြန်နိုင်သေးဘဲ အဆောက်အအုံပျက်တွေထဲ ပိတ်မိနေသူတွေကို ဦးစွာ လိုက်လံ ကယ်ဆယ်မှုတွေသာ အရင် လုပ်ဆောင်နေရပါတယ်။
Ref: upi
MKF-001