မဲခေါင်၊ မတ် ၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လာရှိုးမြို့၊ (၁၀) ရပ်ကွက်၊ ဂေါက်ကွင်းလမ်းရှိ ရွှေတောင်တန်း သောက်ရေသန့် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ မတ်လ ၄ ရက်၊ မနက် ၂ နာရီ ဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး လျှပ်စစ်ဝါယာကြိုးများကြောင့် လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ လားရှိုး မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့ ရေသန့်စက်ရုံကို မီးသတ်ယာဉ် ၁၃ စီးနဲ့ သွားရောက် ငြိမ်းသတ်ခဲ့ရပြီး မနက် ၃ နာရီ ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အတွက် ဆုံးရှုံးမှု တန်ဖိုး ၈၂ သိန်းကျော်ရှိပြီး စက်ရုံ မန်နေဂျာနဲ့ ညစောင့် အမျိုးသား ၂ ဦးကို လားရှိုး အမှတ် (၂) နယ်မြေ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိပါတယ်။
MK-005