မဲခေါင်၊ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကျောင်းတက်နေတဲ့ ပထမတန်း ကျောင်းသူ ညီအစ်မ ၂ ဦးကို ကျောင်းပို့ ကျောင်းကြို လုပ်ပေးနေတဲ့ ဆိုင်ကယ် ကယ်ရီသမားက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ် ကယ်ရီမောင်းသူနဲ့ ၈ နှစ်အရွယ် ပထမတန်း ကျောင်းသူကို ရပ်ကွက်တစ်ခုအတွင်းက လူမနေတဲ့ အိမ်မှာ ဆရာမ ဖြစ်သူက တွေ့ရှိခဲ့တဲ့ အတွက် ကျောင်းသို့ ခေါ်ဆောင်ကာ မိခင်ဖြစ်သူကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
“ ဒီကောင်က ကလေးတွေကို လူမနေတဲ့ အိမ်ကိုခေါ်ပြီး ပြုကျင့်နေတာ။ ဆရာမက မသင်္ကာလို့ ကျောင်းမှာ ကလေးတွေကိုပါ ခေါ်ပြီး စစ်တော့မှ ကလေးတွေက ဖြေတာ။ အဲ့နေ့က အကြီးမလေးကို တစ်နေရာထားပြီး အငယ်မလေးကို ခေါ်လာပြီး လုပ်တာ။ အကြီးမလေး ကလည်း ၁၀ နှစ်၊ ပထမတန်း တက်နေတာ” လို့ သူကပြောပါတယ်။
အစ်မဖြစ်သူကိုလည်း ရာအိမ်မှူးက ခေါ်ဆောင်လာပြီး စစ်ဆေး မေးမြန်းရာမှာ အမှတ် (၃) ရပ်ကွက်မှာ နေတဲ့ ဆိုင်ကယ်မောင်းသူ အောင်ဝင်းနိုင်က ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လူမနေတဲ့ အိမ်အတွင်း ညီအစ်မ ၂ ဦးကို ခေါ်ဆောင်သွားပြီး တစ်ဦးချင်းစီကို အဓ္ဓမ ပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ကလေးငယ်တွေက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
မူလတန်း အရွယ် ကလေးငယ် ၂ ဦးကို အဓ္ဓမပြုကျင့်ခဲ့သူ ဆိုင်ကယ် ကယ်ရီသမား အောင်ဝင်းနိုင် ကို မြဝတီမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ အမှုဖွင့် အရေးယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။
MK-005
#MeKongNews