နေ့စဥ်သတင်း

လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၅၀၀ ကျော်အထိ ပိတ်မိနေ

မဲခေါင် 25 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၅၀၀ ကျော်ထိ ပိတ်မိနေပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။ လွိုင်လင်-တောင်ကြီး ကားလမ်း လွိုင်လင်မြို့အထွက် တံတားဖြူအနီး၊ လွိုင်လင်မြို့အဝင်အထွက်၊ ပင်လုံမြို့အဝင်အထွက် ၊ လွိုင်လင်-နမ့်စန်လမ်းဘက်တွင် သံတိုသံစသယ်သည့်ကားများကို စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသေးပဲ ပိတ်ပင်ထားခြင်းဖြစ်သည်။ ရေကြီးရေလျှံမှုကျသွားပြီးနောက် အခြားကုန်တင်ကားများကို စစ်ကောင်စီက သွားခွင့်ပြုခဲ့သော်လည်း သံတိုသံစသယ်သည့် ကားများကို စစ်ကောင်စီက ဆက်လက်ပိတ်ထားနေခြင်းဖြစ်သည်။ “ပိတ်မိနေတဲ့ ကားတွေက ၂၀၀ ကျော်မကတော့ဘူးဗျ။ ၅၀၀ ကျော်နေပြီ။ လွိုင်လင်မှာရော၊ ပင်လုံမှာရော နမ့်စန်ဘက်ရောအကုန်ပိတ်မိနေတယ်။ တနေရာကို ၂၀၀ စီးလောက်အနည်းဆုံးပိတ်မိနေတယ်။ မပေးသွားလို့ ပိတ်မိတော

မဲခေါင်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၅၀၀ ကျော်ထိ ပိတ်မိနေပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။

လွိုင်လင်-တောင်ကြီး ကားလမ်း လွိုင်လင်မြို့အထွက် တံတားဖြူအနီး၊ လွိုင်လင်မြို့အဝင်အထွက်၊ ပင်လုံမြို့အဝင်အထွက် ၊ လွိုင်လင်-နမ့်စန်လမ်းဘက်တွင် သံတိုသံစသယ်သည့်ကားများကို စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသေးပဲ ပိတ်ပင်ထားခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုကျသွားပြီးနောက် အခြားကုန်တင်ကားများကို စစ်ကောင်စီက သွားခွင့်ပြုခဲ့သော်လည်း သံတိုသံစသယ်သည့် ကားများကို စစ်ကောင်စီက ဆက်လက်ပိတ်ထားနေခြင်းဖြစ်သည်။

“ပိတ်မိနေတဲ့ ကားတွေက ၂၀၀ ကျော်မကတော့ဘူးဗျ။ ၅၀၀ ကျော်နေပြီ။ လွိုင်လင်မှာရော၊ ပင်လုံမှာရော နမ့်စန်ဘက်ရောအကုန်ပိတ်မိနေတယ်။ တနေရာကို ၂၀၀ စီးလောက်အနည်းဆုံးပိတ်မိနေတယ်။ မပေးသွားလို့ ပိတ်မိတော လဝက် ၁၅ ရက်ရှိပြီ”ဟု ကားသမားတစ်ဦးကပြောသည်။

ယခင်တွင် သံတို သံစသယ်သည့် ကားများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထောက်ခံစာ၊ စည်ပင်ထောက်ခံစာ၊ အောက်ပြည် မန္တလေးဘက်မှ ကုန်လက်ခံမည့်လုပ်ငန်းရှင်၏ ထောက်ခံစာများ ပြည့်စုံပါက စစ်ကောင်စီဂိတ်မှ ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း လက်ရှိတွင် ဖြတ်သန်းခွင့်မပြုတော့ပဲ ပိတ်ထားနေခြင်းဖြစ်သည်။

“အခုက ပိုင်ရှင်ကိုယ်တိုင် ရှမ်းပြည်နယ်အစိုးရထောက်ခံစာ၊ ပြည်နယ် လုံနယ်ဝန်ကြီး လက်ထိုးထားတဲ့ သွားလာခွင့်လက်မှတ်ပါမှ ပေးသွားမယ်လို့ ပြောတယ်ဗျ။ လွိုင်လင်ရောက်မှ လုံနယ်ဝန်ကြီးထောက်ခံစာကို ထပ်ယူခိုင်းတယ်လေ”ဟု ကားသမာတစ်ဦးကပြောသည်။

ထို့ကြောင့် လက်ရှိပိတ်မိနေသည့် ကားများမှာ စစ်ကောင်စီ၏ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးပေးသည့် ထောက်ခံစာကို ရရှိရန် လုပ်ငန်းပိုင်ရှင်ကိုယ်တိုင် တောင်ကြီးတွင် သွားရောက်ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟု ကားသမားများကပြောသည်။

“လွိုင်လင်ရဲတွေ ကိုယ်တိုင်က လုံနယ်ဝန်ကြီး ထောက်ခံစာ သွားယူခိုင်းတယ်။ သူတို့လည်း ဘာမှ လုပ်ပေးလို့မရဘူးတဲ့”ဟု နောက်ထပ်ကားသမားတစ်ဦးကပြောသည်။

ထိုသို့ လမ်းခရီးကို မပေးသွားပဲ ကြာရှည်စွာ ပိတ်ပင်ထားခြင်းကြောင့် ကားသမားများမှာ လမ်းဘေးတွင် တဲထိုးကာ ဖြစ်သလို နေနေရပြီး ရေရှည်တွင် စားဝတ်နေရေး ကျန်းမာရေးအတွက်ပါ အခက်အခဲဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယင်းကဲ့သို့ ကြိုတင်အကြောင်းမကြားပဲ ထပ်မံ တင်းကျပ်ခြင်းကြောင့် သံတိသံစ သယ်ယူသည့် ကားများအနေဖြင့် နယ်လုံ ဝန်ကြီးထောက်ခံစာရရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။

#MeKongNews
#လွိုင်လင်
#သံတိုသံစ
#စစ်ကောင်စီ
#စစ်ဆေးရေး
#ပိတ်မိနေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်တရားခံပြေး ၂ ဦးနှင့် ကယ်တင်ထားသူ ၁ ဦးကို တရုတ်ဘက်သို့ UWSA လွှဲပြောင်းပေး

မဲခေါင်၊ နိုဝင်ဘာ ၂၅ “ဝ”တပ်ဖွဲ့ (UWSA) ၏ တရားရေးကော်မတီက တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂
နေ့စဥ်သတင်း မြန်မာ့နွေဦး

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နမ်းနိန်းရွာတွင် ပထမဆုံးအကြိမ် ကထိန်ပွဲပြန်လည်ကျင်းပ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ကထိန်ပွဲကို ပြန်လည်ကျင်းပခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

UWSA အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမဆုံး ပြည်သူ့စစ်ဆောင်းရာသီသင်တန်း ဖွင့်လှစ်

မဲခေါင်၊ နိုဝင်ဘာ ၂၄ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် သင်တန်းသား ၇၀၀ ပါဝင်သည့် အမှတ် (၉၁၈) တပ်ဖွဲ့၏ ပထမအကြိမ် ပြည်သူ့စစ်ဆောင်းရာသီ စစ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်နေသည့်အပြင် ဒေသခံပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၇၈၀၀ ကျပ်အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now