ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

မဲခေါင် 4 Nov - 2026
~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး မော်စီတုန်းတပ်ကို ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဗိုလ်ချုပ် လီမီ ဦးဆောင်တဲ့ ကူမင်တန်တပ်တွေရဲ့ အမှတ်(၈) နဲ့ အမှတ်(၂၆)တပ်ရင်းတွေဟာ ယူနန်ပြည်နယ်ကတဆင့် ရှမ်းပြည်နယ် အရှေ့ပိုင်းကို ရောက်ရှိလာခဲ့ကြတယ်။ ၁၉၅၀ နှစ်ဝက်လောက်မှာ ကူမင်တန်တပ်တွေဟာ ကျိုင်းတုံနဲ့ မိုင်းဆတ် တို့မှာ စစ်ဌာနချုပ်နဲ့ လေယာဉ်ကွင်း တည်ဆောက်ပြီး ဒေသခံတွေကို စစ်သင်တန်းပေး စစ်သားစုဆောင်းခဲ့ကြတယ်။ စစ်အေးခေတ် အထွတ်အထိပ်ရောက်နေတဲ့ အဲဒီကာလမှာ အမေရိကန်အစိုးရဟာ

~ CWM ~

၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး မော်စီတုန်းတပ်ကို ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဗိုလ်ချုပ် လီမီ ဦးဆောင်တဲ့ ကူမင်တန်တပ်တွေရဲ့ အမှတ်(၈) နဲ့ အမှတ်(၂၆)တပ်ရင်းတွေဟာ ယူနန်ပြည်နယ်ကတဆင့် ရှမ်းပြည်နယ် အရှေ့ပိုင်းကို ရောက်ရှိလာခဲ့ကြတယ်။

၁၉၅၀ နှစ်ဝက်လောက်မှာ ကူမင်တန်တပ်တွေဟာ ကျိုင်းတုံနဲ့ မိုင်းဆတ် တို့မှာ စစ်ဌာနချုပ်နဲ့ လေယာဉ်ကွင်း တည်ဆောက်ပြီး ဒေသခံတွေကို စစ်သင်တန်းပေး စစ်သားစုဆောင်းခဲ့ကြတယ်။ စစ်အေးခေတ် အထွတ်အထိပ်ရောက်နေတဲ့ အဲဒီကာလမှာ အမေရိကန်အစိုးရဟာ ထိုင်ဝမ်နဲ့ပူးပေါင်းပြီး ဗိုလ်ချုပ် လီမီရဲ့ စစ်သားတွေဆီကို လက်နက်၊ ခဲယမ်းမီးကျောက် နဲ့ ရိက္ခာတွေကို ထိုင်းနိုင်ငံကတဆင့် လျှို့ဝှက်ပေးပို့ခဲ့တယ်။

ဒီဖြစ်ရပ်မှာ အဓိက ပါဝင်ဦးဆောင်သူက အမေရိကန်ထောက်လှမ်းရေးအဖွဲ့(CIA) ပဲ ဖြစ်တယ်။ အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ် နဲ့ ထိုင်ဝမ်အရေးကို လက်ရှောင်ချင်နေခဲ့တယ်။ ထိုင်ဝမ်ကို ကူညီပေးခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ ပြည်တွင်းစစ်ထဲ အမေရိကန် ဝင်မပါလိုဘူး။ ဒါပေမယ့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ စဉ်းစားပုံက ထရူးမင်းနဲ့ မတူကွဲပြားနေတယ်။ အမေရိကန်ဟာ ဒီစစ်ပွဲမှာ တဖက်ဖက်က ရပ်သင့်တယ်လို့ ခံယူပြီး ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

တရုတ်ပြည်မကြီးက လူတွေဟာ စုစည်းညီညွတ်မှုနဲ့ လေးနက်မှုရှိပြီး လျှို့ဝှက်ရမယ့်ကိစ္စတွေမှာ သာလွန်တယ်။ ဒါပေမယ့် သူတို့ဟာ ကွန်မြူနစ်တွေ ဖြစ်နေတယ်။ ထိုင်ဝမ်ကျွန်းက တရုတ်မျိုးချစ်(Nationalist)တွေကျတော့ အကွေ့အဝိုက်များပြီး ခန့်မှန်းရခက်တယ်။ ဒါပေမယ့် သူတို့ဟာ အရင်းရှင်တွေဖြစ်တယ်။ စီအိုင်အေ ခေါင်းဆောင်တွေဟာ ထိုင်ဝမ်တွေဘက်က ကူဖို့ ရွေးချယ်ခဲ့ကြတယ်။

ထိုင်ဝမ်အခြေစိုက် တရုတ်မျိုးချစ်တွေဟာ မြန်မာပြည်ထဲမှာ လျှို့ဝှက်တပ်မတော်( Secret Army)တခု ဖွဲ့စည်းပြီး ကွန်မြူနစ်တွေလက်ထဲက တရုတ်ပြည်ကို ပြန်သိမ်းဖို့ ကြိုးစားခဲ့တယ်။ ဗိုလ်ချုပ် လီမီ ဦးဆောင်တဲ့ ကူမင်တန်တိုက်ခိုက်ရေးတပ်ဟာ ဘန်ကောက်မှာရှိတဲ့ ရေဒီယိုဆက်သွယ်ရေးရုံးကတဆင့် ထိုင်ဝမ်နဲ့ ဆက်သွယ်နေခဲ့တယ်။

စီအိုင်အေဟာ အမေရိကန်လေယာဉ်တွေနဲ့ ထိုင်ဝမ်က စစ်သားတွေကို ပို့ဆောင်ပေးသလို လိုအပ်တဲ့ လက်နက်တွေကိုလည်း ဂျပန်နိုင်ငံ အိုကီနာဝါကတဆင့် တင်ပို့ပေးတယ်။ ဒီစစ်ဆင်ရေးကို နောက်ကွယ်က ဦးဆောင်နေသူတွေက ဟောင်ကောင်မှာ နေထိုင်တဲ့ စီအိုင်အေအရာရှိ အဲလ်ဖရက် ကောက်စ် နဲ့ ဘန်ကောက်မှာ နေထိုင်တဲ့ ရှားမင်း ဂျွတ်စ် တို့ပဲ ဖြစ်တယ်။

၁၉၅၁ ခုနှစ်၊ မေလမှာ ဗိုလ်ချုပ် လီမီရဲ့ လျှို့ဝှက်တပ်မတော်ဟာ စီအိုင်အေ အရာရှိတွေ ဝန်းရံပြီး တရုတ်နိုင်ငံ တောင်ပိုင်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ကြတယ်။

ဒါပေမယ့် အခြေအနေတွေဟာ ဆိုးရွားခဲ့တယ်။ တရုတ်ကွန်မြူနစ်တပ်တွေဟာ ယူနန်ပြည်နယ်ကနေ သူတို့ကို အသင့်စောင့်ကြိုနေပြီး တွေ့သမျှကို တိုက်ခိုက်နှိမ်နင်းခဲ့တဲ့အတွက် တလမကြာခင်မှာပဲ ကူမင်တန်တပ်တွေဟာ ယူနန်ပြည်နယ်ကနေ ပြန်ဆုတ်ခဲ့ရတယ်။

ဇူလိုင်လမှာ နောက်တကြိမ်ထိုးစစ်ဆင်နွှဲတော့လည်း အခြေအနေက ပိုဆိုးခဲ့ပြီး တပတ်အတွင်း ကွန်မြူနစ်တပ်တွေရဲ့ ပြန်လည်မောင်းထုတ်ခြင်းကို ခံရတယ်။

ဒီစစ်ဆင်ရေးနှစ်ခု ရှုံးနိမ့်ရခြင်းနောက်ကွယ်မှာ လျှို့ဝှက်ချက်တခု ရှိနေခဲ့တယ်။ အဲဒါကတော့ ဘန်ကောက်မှာရှိတဲ့ ရေဒီယိုအော်ပရေတာကို တရုတ်တွေက သူတို့လူနဲ့ လဲထားလိုက်တာ ဖြစ်တယ်။

၁၉၅၁ ခုနှစ်၊ ခရစ္စမတ်ကာလမှာ အမေရိကန်ဟာ ကူမင်တန် မျိုးချစ်စစ်သားတွေနဲ့ လက်နက်တွေကို မြန်မာနိုင်ငံထဲ ပို့ဆောင်ပြီး ပဋိပက္ခဖန်တီးနေတယ်လို့ ဘေဂျင်းက လူသိထင်ရှား ကန့်ကွက်ခဲ့သလို ကုလသမဂ္ဂမှာလည်း ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့် အမေရိကန်သံတမန်တွေက လိမ်ညာထွက်ဆိုပြီး အမေရိကန်က ပါဝင်ပတ်သက်မှု လုံးဝမရှိသလို အထောက်အထားလည်း မရှိဘူးလို့ ဆိုတယ်။

ဒါပေမယ့် ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်ထုတ် နယူးယောက်တိုင်းသတင်းစာက မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်လီမင်ရဲ့ စစ်သားတွေ အမေရိကန်ထုတ် လက်နက်အသစ်တွေကို ဂုဏ်ယူကိုင်တွယ်နေတဲ့အကြောင်း ဖော်ပြလိုက်တဲ့အခါမှာတော့ အမေရိကန်တွေ အရှက်ကွဲခဲ့ရတယ်။

၁၉၅၂ခုနှစ်၊ ဩဂုတ်လမှာပဲ ဗိုလ်ချုပ်လီမင်ရဲ့ ကူမင်တန်တပ်သား၂၁၀၀ဟာ တရုတ်နိုင်ငံထဲ မိုင်(၇၀)အထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်။ ဒါပေမယ့် ဒီတကြိမ်မှာလည်း တရုတ်ကွန်မြူနစ်တပ်တွေရဲ့ ပြန်မောင်းထုတ်ခြင်း ခံရပြန်တယ်။ အမေရိကန်က လက်နက်၊ ငွေ၊ စစ်သင်တန်းတွေ ပေးနေပေမယ့် လျှို့ဝှက်တပ်မတော်ရဲ့ စစ်ဆင်ရေးတွေ မအောင်မြင်ရတဲ့အကြောင်းရင်းကို စီအိုင်အေက နောက်ပိုင်းမှာ သိရှိလာခဲ့တယ်။

မြန်မာပြည်မြောက်ပိုင်းက တောင်တန်းတွေကြားမှာ ပုန်းအောင်းနေရင်း ကူမင်တန် လျှို့ဝှက်တပ်မတော်ဟာ တွေ့ရှိမှုအသစ်နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ တခုက အလွန်တန်ဖိုးကြီးမားတဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်မှုနဲ့ ဒေသခံအမျိုးသမီးတွေကို နှစ်သက် သဘောကျမှုပဲ ဖြစ်တယ်။

သူတို့ရဲ့ အရင်းရှင်ဗီဇက သူတို့ရဲ့နိုင်ငံရေးကို အောင်မြင်စေခဲ့တယ်။ သူတို့ဟာ အမျိုးသမီးတွေကို လက်ထပ်ပြီး ချမ်းသာကြွယ်ဝတဲ့ ဘိန်းစိုက်ခင်းပိုင်ရှင်နဲ့မူးယစ်ဆေး ဖြန့်ဖြူးသူတွေ ဖြစ်လာကြတယ်။

၁၉၅၃ ခုနှစ်မှာ ဝါရှင်တန်က အရာရှိတွေဟာ တိုင်ပေ မှာရှိတဲ့ ချန်ကေရှိတ်ကို မြန်မာပြည်က သူ့လူတွေကို ဖယ်ရှားပစ်ဖို့ တောင်းဆိုခဲ့ရတယ်။ အဲဒီနှစ်မှာပဲ ကူမင်တန်စစ်သား ၇၀၀၀ ကို အမေရိကန်က ထိုင်ဝမ်ကို လေယာဉ်နဲ့ ပြန်ခေါ်ပေးခဲ့တယ်။ ဒါပေမယ့် ဒီအရေအတွက်လောက် ရှိတဲ့ ကူမင်တန်စစ်သားတွေဟာ ထိုင်ဝမ်ကို မပြန်ဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ထိုင်းနယ်စပ်မှာ ဆက်ပြီးနေခဲ့ကြတယ်။

စီအိုင်အေဟာ ” ရွှေတြိဂံ” ဒေသကို မူးယစ်ဆေးဝါးထုတ်လုပ်ဖြန်ချိရေး ဗဟိုချက်အဖြစ် ကူမင်တန်တပ်တွေအတွက် ငွေကြေးထောက်ပံ့ရာနေရာတခုလို့ ရှုမြင်လာခဲ့တယ်။ ” အမေရိကန်တွေ သုံးစွဲတဲ့ မူးယစ်ဆေးတွေအားလုံး မြန်မာပြည်ထဲက ကူမင်တန်တပ်တွေဆီက ဝင်ရောက်လာတာဖြစ်ပြီး အကျိုးဆက်ကို အရှေ့တောင်အာရှတခုလုံး ရိုက်ခတ်ခဲ့တယ်” လို့ သမိုင်းပညာရှင် ဒေးလ်စကော့က အေးရှား ပစိဖိတ်ဂျာနယ်မှာ ရေးသားခဲ့တယ်။

၁၉၆၀ အစောပိုင်းကာလမှာ မြန်မာအစိုးရက ကူမင်တန်တွေကို နိုင်ငံထဲက မောင်းထုတ်ပစ်ဖို့ အသည်းအသန်ဖြစ်နေချိန်မှာ တရုတ်ကွန်မြူနစ်တပ်တွေက မြန်မာကို အကူအညီပေးဖို့ သဘောတူခဲ့တယ်။ ဒါကို စီအိုင်အေက သိရှိခဲ့တယ်။

ဒါပေမယ့် ဒီသူပုန်တွေကို အပြတ်နှိမ်နင်းဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကူမင်တန်တဖြစ်လဲ သူပုန်ခေါင်းဆောင်တွေဟာ ချမ်းသာကြွယ်ဝလာတာနဲ့အမျှ လက်နက်အင်အားတောင့်တင်းလာတယ်။ မြန်မာပြည် ဘိန်းထုတ်လုပ်မှု ၉၀% ကို သူတို့ထိန်းချုပ်ထားပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှု တတိယအများဆုံးဖြစ်တယ်လို့ စီအိုင်အေ အရှေ့ဖျားစစ်ဆင်ရေးက ရစ်ချတ် စတီးဝဲလ်က ပြောတယ်။

၁၉၆၁ ခုနှစ်မှာ တိုင်ပေက ခေါင်းဆောင်တွေဟာ မြန်မာပြည်က သူ့လူတွေကို ငွေကြေးထောက်ပံ့မှု လုံးဝ ရပ်ဆိုင်းလိုက်တယ်။ ဒါပေမယ့် ကူမင်တန် လျှို့ဝှက်တပ်မတော်ဟာ သူတို့ရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကို မူးယစ်ဆေးရောင်းဝယ်မှုနဲ့ တုံ့ပြန်ခဲ့ပြီး ပိုမိုချဲ့ထွင်ထုတ်လုပ်မှုနဲ့ စစ်သားတွေရဲ့လစာကို ဖြေရှင်းခဲ့တယ်။

တကယ်တော့ နောက်ဆုံးမှာ ကူမင်တန်လျှို့ဝှက်တပ်မတော်ဟာ တရုတ်နိုင်ငံကို ပြန်သိမ်းဖို့ လုံးဝ စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။ သူတို့ဟာ အလုပ်သစ်တခုကို တွေ့ရှိသွားကြပြီဖြစ်တယ်။ ၁၉၆၇ ခုနှစ်မှာ မူးယစ်ဆေးဝါးစစ်ဆင်ရေးဟာ လာအို နဲ့ ဗီယက်နမ်အထိ ကျယ်ပြန့်သွားပြီး ပြိုင်ဘက် စစ်ဘုရင်အချင်းချင်း တိုက်ခိုက်မှုတွေအထိ ဖြစ်လာခဲ့တယ်။ ကူမင်တန်တွေဟာ နောက်ဆုံးမှာ သူတို့ရဲ့ပြိုင်ဘက် စစ်ဘုရင်ခွန်ဆာကို အရှုံးပေးလိုက်ရတယ်။

၁၉၆၇ ခုနှစ် ဘိန်းစစ်ပွဲဟာ တရုတ်ကူမင်တန်တပ်များရဲ့ (၁၅)နှစ်ကြာ ရှမ်းပြည်အရှေ့ပိုင်း ဘိန်းထုတ်လုပ်ရာလမ်းကြောင်း ထိန်းချုပ်ထားမှုကို အဆုံးသတ်စေခဲ့တယ်။

အမေရိကန် စီအိုင်အေရဲ့ နှစ်ပေါင်းများစွာ ငွေကြေးအမြောက်အများသုံးစွဲပြီး ကွန်မြူနစ်လက်ထဲက တရုတ်ပြည် ပြန်လည်ကယ်တင်ရေးစီမံချက်ကလည်း သဲထဲရေသွန် အရာမထင် ဖြစ်ခဲ့ရတယ်။

၁၉၆၉ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျားက တရုတ်နဲ့ တရုတ်အနီးတဝိုက်က စီအိုင်အေ စစ်ဆင်ရေးအားလုံးကို ဖျက်သိမ်းပစ်လိုက်တယ်။ ၁၉၇၁ ခုနှစ်မှာတော့ သူဟာ ဘေဂျင်းကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ လျှို့ဝှက်သွားရောက်ခဲ့တယ်။

လျှို့ဝှက်တပ်မတော် ဘာဖြစ်သွားသလဲ

ထိုင်ဝမ် နဲ့ အမေရိကန်က နှစ်ပေါင်းများစွာ လျှို့ဝှက်ငွေကြေးထောက်ပံ့ခဲ့တဲ့ “လျှို့ဝှက်တပ်မတော်” ( Secret Army) ဘာဖြစ်သွားခဲ့လဲ။

“ကူမင်တန် တရုတ်မျိုးချစ်တပ်တွေဟာ စီအိုင်အေရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ မြန်မာနိုင်ငံထဲမှာ ဆက်ရှိနေခဲ့တယ်။ အင်အား ၁၂၀၀၀ လောက်အထိ ကြီးထွားခဲ့ပြီး ၁၉၈ဝပြည်လွန်နှစ်များအထိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုတွေ ပြုလုပ်နေခဲ့တယ်” လို့ သမိုင်းပညာရှင် ဂျွန်ပရာဒို့စ်က ပြောတယ်။

အမေရိကန်အတွက်ကတော့ ဒီအတွေ့အကြုံကြောင့် “အမေရိကရဲ့ ရေနံနဲ့ တခြားသဘာဝသယံဇာတ ရပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုရှိလာပြီဆိုရင် ဘယ်နေရာမှာမဆို စစ်ပွဲတွေဆင်နွှဲဖို့ ဘိန်း/မူးယစ်ဆေးပိုက်ဆံနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေကို CIA က အားကိုးသုံးစွဲလေ့ရှိတဲ့ အကျင့်ဆိုးကြီးတစ်ခု သမိုင်းတွင်သွားစေခဲ့တယ်” လို့ ပီတာ ဒေးလ် စကော့တ် (Peter Dale Scott) က ရေးသားခဲ့တယ်။

ဒါပေမဲ့ စီအိုင်အေရဲ့ ဥပဒေမဲ့ ရမ်းကားမှုတွေက အမေရိကန်အပါအဝင် အားလုံးကို ထိခိုက်နစ်နာစေခဲ့တယ်။ လာအိုဗိုလ်ချုပ် သိမ်းဆည်းခဲ့တဲ့ ဘိန်းတွေဟာ ဘိန်းဖြူ(ဟီးရိုးအင်း)အဖြစ် ပြောင်းလဲသွားခဲ့ပြီး ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ဗီယက်နမ်မှာ လျှို့ဝှက်ပြီး ရောင်းချခဲ့ကြတယ်။

အဲဒီ ဘိန်းဖြူတွေကို ဝယ်ယူသုံးစွဲသူ အများစုဟာ ဗီယက်နမ်တောင်ပိုင်း တောကြိုအုံကြားတွေထဲမှာ တိုက်ပွဲဝင်နေကြတဲ့ အမေရိကန်စစ်သားတွေဖြစ်ပြီး သူတို့ဟာ အနိုင်မရနိုင်တဲ့ စစ်ပွဲတခုကို အနိုင်ရဖို့ ကာလကြာရှည်တာဝန်ပေးခံရပြီး အကြီးအကျယ် စိတ်ဓါတ်ကျနေတဲ့ လူငယ်လေးတွေလည်း ဖြစ်တယ်။

လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော်က တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ဂယက်ဟာ ယူနန်ပြည်နယ်နဲ့ ကပ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းထိ ရိုက်ခတ်ခဲ့တယ်။ တရုတ်မျိုးချစ်တပ်မတော်(ကူမင်တန်)ရဲ့ မအောင်မြင်တဲ့ တရုတ်ပြည် ပြန်လည်သိမ်းပိုက်ရေး စီမံကိန်းနောက်ကွယ်မှာ ကမ္ဘာကျော် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရာ “ရွှေတြိဂံ”ဒေသ ပေါ်ထွန်းလာခဲ့တယ်။ ဒီနေ့အထိလည်း ဒီဒေသဟာ မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် စီးပွားရေးနဲ့ ရာဇဝတ်မှုမျိုးစုံ ဖြစ်ထွန်းရာအရပ်အဖြစ် ထင်ရှားနေတုန်းပါ။

Sources: American War Machine by Peter Dale Scott; The Search for Modern China by Jonathan D. Spence; Legacy of Ashes by Tim Weiner; Safe for Democracy: The Secret Wars of the CIA by John Prados.

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည်
ဆောင်းပါး

China’s cash-strapped local governments turn to fines as surveillance, social controls tighten

~ Linn Maung ~ Behind China’s imposing government buildings and ambitious economic

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

သတို့သမီးဝယ်လိုအားနှင့် လူကုန်ကူးမှု အန္တရာယ်တွင်းထဲက တရုတ်၏ အိမ်ထောင်ရေး အကျပ်အတည်း

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ကျဉ်းမြောင်းလာနေသော အိမ်ထောင်ပြုမှု ဈေးကွက်၊ အမြစ်တွယ်နေသော ကျား/မ မညီမျှမှုနှင့် စီးပွားရေးဆိုင်ရာ ဖိအားများသည် နယ်စပ်ဖြတ်ကျော် အောင်သွယ်တော် လိမ်လည်မှုများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးနေပြီး၊ ထိခိုက်လွယ်သော အမျိုးသမီးများနှင့် မျှော်လင့်ချက်မဲ့နေသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Marriage Crisis Fuels Demand for Brides, Trafficking Risks

~ Linn Maung ~ China’s shrinking marriage market, deep-rooted gender imbalance and economic pressures are creating opportunities for cross-border matchmaking

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။ ဒေသတစ်ခုလုံးတွင် ပေကျင်းသည် စစ်ရေးအရ အရေးပါမှု တိုးပွားလာနေသည့် အခြေခံအဆောက်အအုံများ၊ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်များနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer limited to trade agreements, railway projects and investment

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now