မှုခင်းသတင်း

၅ ရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ခေါ်ယူထားတဲ့ ဘေးတိုက်ခန်းက အမျိုးသမီး ရဲစခန်းမှာ စစ်ဆေးခံနေရ

မဲခေါင် 16 Dec - 2022
မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က ပျောက်ဆုံးသွားတဲ့ အသက် ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်တိုက်ခန်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီလို ပြန်တွေ့တာကြောင့် ကလေးငယ်ကို နေအိမ်မှာ ၅ ရက်ကြာ ခေါ်ယူထားတဲ့ အမျိုးသမီးကို မန္တလေးမြို့ အမှတ် (၃) နယ်မြေ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အမှုစစ်ဆေးနေဆဲဖြစ်လို့ ဖြစ်စဉ်အသေးစိတ် မသိရှိရသေးဘူးလို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ “သိရသလောက်တော့ ဘေးခန်းက မအိ ဆိုတဲ့ အမျိုးသမီးက ခေါ်ထားတာ။ ကလေးပျောက်တဲ့ အိမ်ကို

မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က ပျောက်ဆုံးသွားတဲ့ အသက် ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်တိုက်ခန်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီလို ပြန်တွေ့တာကြောင့် ကလေးငယ်ကို နေအိမ်မှာ ၅ ရက်ကြာ ခေါ်ယူထားတဲ့ အမျိုးသမီးကို မန္တလေးမြို့ အမှတ် (၃) နယ်မြေ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အမှုစစ်ဆေးနေဆဲဖြစ်လို့ ဖြစ်စဉ်အသေးစိတ် မသိရှိရသေးဘူးလို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“သိရသလောက်တော့ ဘေးခန်းက မအိ ဆိုတဲ့ အမျိုးသမီးက ခေါ်ထားတာ။ ကလေးပျောက်တဲ့ အိမ်ကို အဲ့မိန်းမ ဒီရက်ပိုင်း ဂဏာမငြိမ်ဖြစ်နေလို့ ဝင်စစ်ကြည့်ပါလားဆိုပြီး ဖုန်းဆက်တာတွေ ရှိတယ်။ ကလေးမိဘတွေ တိုက်ခန်းထဲဝင်ရှာတော့ အပေါ်ထပ်မှာ ကလေးကို စောင်နဲ့ပတ်ပြီး ထားတာတွေ့လို့ ပြန်ခေါ်လာတယ်။ ရဲစခန်းမှာ လူပျောက်မှု ဖွင့်ထားတော့ ရဲကို အကြောင်းကြားတာပေါ့။ ခုတော့ ကလေးခေါ်ထားတဲ့ အမျိုးသမီးကို စခန်းက ခေါပြီး စစ်နေတယ်” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ကလေးငယ်ကို ပြန်တွေ့ပြီလို့ ဖခင်ဖြစ်သူ ဦးဟန်မျိုးဝင်းက သူရဲ့ လူမှုကွန်ရက်မှာ တင်ထားပြီး နိုင်ငံတဝှမ်းက ကလေးကို စေတနာမေတ္တာထားပြီး ပြန်တွေ့ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ ကျေးဇူးရှင် မိဘပြည်သူ အားလုံးကို ကျွန်တော် ကျွန်မတို့နဲ့ သားသားလေးတို့က ကျေးဇူးတင် ကန်တော့ပါတယ်။ သားသားလည်း စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာ ရှိပါတယ်လို့ ရေးသားထားပါတယ်။

“ခုလူတွေက ဘေးခန်းကနေ ပြန်တွေ့တော့ ဘယ်လိုဖြစ်တာလဲ သိချင်တာ။ ကာယကံရှင်တွေက ဘာမှမပြောတော့ ဘာလဲပေါ့ ဆိုပြီး ဖြစ်နေကြတာ” လို့ အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာ ၁၃ နှစ်အရွယ် မိန်းခလေးတစ်ဦးလည်း ပျောက်ဆုံးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို
နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

လွိုင်လင်နှင့် နမ့်စန်ကြား ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် နမ့်စန်မြို့ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး ယာဥ်ပေါ်ပါ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ဟိုပုံးဈေးတွင် ဖုန်းလုသည့် အမျိုးသမီးတစ်ဦးအား ဈေးသည်များ ဝိုင်းဖမ်းသော်လည်း စည်ပင် ပြန်လွှတ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်မှု ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

သိန္နီမြို့ စိန်နဂါး စက်သုံးဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဖွင့်လှစ်ထားသော စိန်နဂါး စက်သုံးဆီဆိုင် ယနေ့ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီလောင်မှု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

အေးသာယာမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၆ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင် ဆီဂို ထောင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ မီးလောင်မှုမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွားများ ဝင်တိုက်မှု ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွား လမ်းလာများအား ဝင်တိုက်မိရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒေသခံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now